backup og meta

ဆီးချို အကြိုလက္ခဏာ ရှိသူတွေ ဘယ်လိုစားသောက်နေထိုင်ကြမလဲ……

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချို အကြိုလက္ခဏာ ရှိသူတွေ ဘယ်လိုစားသောက်နေထိုင်ကြမလဲ……

    ဆီးချို ဆိုတာက ကမ္ဘာပေါ်က လူဦးရေတော်တော်များများကို ဒုက္ခပေးနေတဲ့ရောဂါတစ်ခုပါ။ ဆီးချိုက ဖြစ်ပြီးသွားရင် ပြန်ပျောက်သွားရိုးထုံးစံမရှိပါဘူး။ အမြဲဆေးသောက်နေရမှာဖြစ်သလို အစားအသောက်အနေအထိုင်ကိုလည်း ဆင်ခြင်နိုင်မှ တော်ကာကျတာပါ။ အကောင်းဆုံးကတော့ ဆီးချိုကို မဖြစ်အောင်ကာကွယ်တာပါ။ ဒီတစ်ခေါက်တော့ ဆီးချို မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ ဆီးချို အကြိုလက္ခဏာတွေက ဘာတွေလဲ ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။

    ဆီးချိုအမျိုးအစား ဘယ်နှမျိုးရှိလဲ………

    ဆီးချိုရောဂါက

    ဆီးချိုရောဂါအကြိုလက္ခဏာ (prediabetes)

    • အမျိုးအစား -၁ ဆီးချိုရောဂါ (Type 1 diabetes)

    အမျိုးအစား -၂ ဆီးချိုရောဂါ (Type 2 diabetes) ဆိုပြီးရှိပါတယ်။

    ဆီးချိုရောဂါ အကြိုလက္ခဏာ ဆိုတာ

    ဆီးချိုရောဂါအကြိုလက္ခဏာဆိုတာက သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်မြင့်နေတတ်ပေမယ့် အရမ်းမြင့်နေတာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးအစား (၂) ဆီးချိုခံစားရသူတွေက ဆီးချိုရောဂါအကြိုလက္ခဏာကို ခံစားကြရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာအနေနဲ့ ကသိသာထင်ရှားတာမျိုးမရှိပါဘူး။

    ကြိုတင်ကာကွယ်ပါ ဆီးချိုရောဂါ အကြိုလက္ခဏာ

    ဆီးချိုရောဂါ အကြိုလက္ခဏာကို သေချာကာကွယ်ကုသမှုက အမျိုးအစား (၂) ဆီးချိုရောဂါ အပါအဝင် ပြင်းထန်တဲ့ နာတာရှည် လက္ခဏာတွေကို ကာကွယ်ရာရောက်သလို ကျောက်ကပ်၊ နှလုံး၊ သွေးကြောလေးတွေ နဲ့ မျက်လုံး တို့ကိုပါ ထိခိုက်မှုမဖြစ်အောင်ကာကွယ်ရာရောက်ပါတယ်။

    ဘယ်လိုလက္ခဏာတွေရှိလဲ…….

    ဆီးချိုရောဂါအကြိုလက္ခဏာကို ခံစားရပြီဆိုရင်

    • ရေခဏခဏဆာမယ်

    • ဆီးခဏခဏသွားမယ်

    အမြင်အာရုံတွေ ဝေဝါးမယ်

    • ပုံမှန်ထက်ပိုပင်ပန်းနေမယ် စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

    ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ…….

    ဆီးချို အကြိုလက္ခဏာ က ဒီလိုလူတွေမှာပိုဖြစ်နိုင်ပါတယ်။

    • အသက် ၄၅ နှစ်အထက်သူတွေ

    • အမျိုးသားတွေဆိုရင် ခါးဆိုဒ် လက်မ ၄၀ ထက်ကျော်နေသူတွေ၊ အမျိုးသမီးတွေဆိုရင် ခါးဆိုဒ် ၃၅ လက်မထက်ပိုများ နေသူတွေ

    • အနီရောင်အသား၊ ပြုပြင်ထားတဲ့ အသား နဲ့ အချိုရည်တွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်ပြီး အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက် နဲ့ အခွံမာသီးတွေကို မစားတဲ့သူတွေ

    အဝလွန်နေသူတွေ (အထူးသဖြင့် ဗိုက် အဆီကပ်နေသူတွေ)

    • သွေးတွင်း ကိုလက်စထရောများသူတွေ

    ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေ

    • မွေးစဉ်က ၉ ပေါင်ကျော်သူတွေ

    ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မိခင်က မွေးဖွားသူတွေ

    • မှန်ကန်တဲ့ အိပ်စက်မှုအလေ့အကျင့်မရှိသူတွေ

    • စိတ်ဖိစီးမှုများတဲ့သူတွေမှာ ပုံမှန်ထက်ဆီးချိုရောဂါအကြိုလက္ခဏာဖြစ်နိုင်ခြေပိုများပါတယ်။

    ဘယ်လိုစားသောက်နေထိုင်ကြမလဲ………..

    ဆီးချို အကြိုလက္ခဏာ ခံစားလာရတဲ့အခါ ဆီးချိုဖြစ်တဲ့အဆင့်ကို မရောက်စေဘဲ ကျန်းမာစေဖို့အတွက်

    အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကိုစားပေးပါ

    • အစားကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ

    • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

    ရေများများသောက်ပါ

    • နေရောင်ခြည်ခံပါ

    • အိပ်ရေးဝဝအိပ်ပါ

    • စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါ

    • ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရယူပါ

    • ပုံမှန်သွေးချိုစစ်ပါ။

    ဆီးချို ရောဂါ မဖြစ်စေဖို့အတွက် ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားရချိန်ကစပြီး သေချာကာကွယ်လို့ ကျန်းမာတဲ့ လူနေမှုပုံစံပိုင်ဆိုင်အောင်လုပ်ဆောင်ကြစို့လား……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement