ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
Share now

ကျောက်ကပ် ဆိုတာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါရပ်ပါ။ လူအများသိထားကြတဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာအပြင်  သွေးနီဥထုတ်လုပ်တာ၊ ဗီတာမင်ဒီထုတ်လုပ်တာ၊ သွေးဖိအားကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေ ထုတ်တာကိုလည်း လုပ်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်လေး ရောဂါကင်းပြီး ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ကျောက်ကပ်ပျက်စီးသွားရင် အညစ်အကြေးတွေ မစွန့်နိုင်ရုံသာမကဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်လို့ပါ။

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

နာတာရှည်ကျောက်ကပ်ရောဂါက ကျောက်ကပ်ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ သွေးတိုးတာကြောင့် ဖြစ်တာ များပါတယ်။ သွေးတိုးတဲ့အခါ ကျောက်ကပ်ထဲက သွေးကြောလေးတွေပါ ဖိအားများပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ကျောက်ကပ်က ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး။

ဒီလိုမျိုး ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးသွားပြီဆိုရင် ကျောက်ကပ်ဆေးရပါတယ်။ ဒါပေမယ့် ကျောက်ကပ်ဆေးတာက ကျောက်ကပ်ရဲ့ အလုပ်ကို ကူလုပ်ပေးနေတာပဲဖြစ်ပြီး ပျက်စီးနေတဲ့ ကျောက်ကပ်ကို ပြုပြင်ပေးနေတာ မဟုတ်ပါဘူး။ လိုအပ်လာမယ်ဆိုရင်တော့ ကျောက်ကပ်အစားထိုးတဲ့ အဆင့်အထိ  သွားရနိုင်ပါတယ်။

နောက်ထပ် နာတာရှည်ကျောက်ကပ်ရောဂါကို ဖြစ်စေတဲ့ အချက်တစ်ချက်ကတော့ ဆီးချိုပဲ ဖြစ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်တွေ များလာတာနဲ့အမျှ ဆီးထဲမှာပါ လိုက်များလာပြီး ကျောက်ကပ်သွေးကြောတွေပါ ပျက်စီးလာပါတယ်။ ဒီလိုနဲ့ ကျောက်ကပ်က သူ့အလုပ်ဖြစ်တဲ့ အညစ်အကြေးတွေ သန့်စင်တာကို သေချာမလုပ်နိုင်ဘဲ ကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုစည်းလာပါတယ်။

ကျောက်တည်ရတဲ့ အကြောင်းအရင်းကတော့ သွေးထဲမှာရှိတဲ့ သတ္တုဓာတ်တွေ ဆီးထဲမှာ အနည်အနှစ်ကျပြီး ကျောက်ဖြစ်လာလို့ပါ။ ဒီလို ကျောက်တည်လာရာကနေ ကျောက်စလေးတွေ ဆီးပို့ပြွန်တစ်လျှောက် ဆင်းလာတဲ့အခါ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါတယ်။

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

အတိအကျပြောရရင် ကျောက်ကပ်ထဲက အညစ်အကြေးတွေကို စစ်ပေးတဲ့ နေရာလေးတွေ ရောင်တာပါ။ ရောဂါပိုးတွေ၊ ဆေးဝါးတွေ၊ မွေးရာပါရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် သူ့အလိုလို ကောင်းသွားပေမယ့် ခဏခဏ ဖြစ်နေမယ်ဆိုရင် ကုသမှု ခံယူရမှာပါ။

Pokycystic kidney disease လို့ ခေါ်ပြီး ကျောက်ကပ်ထဲမှာ အရည်အိတ်တွေ တည်နေတာမျိုးပါ။ မျိုးဗီဇရောဂါပါ။ သာမန်အရည်အိတ်လေး တစ်လုံး၊ နှစ်လုံးတည်တာတဲ့ မတူပါဘူး။ ဒီအရည်အိတ်တွေကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ကျောက်ကပ်ပြည်တည်တာက ဆီးပိုးဝင်ရာကနေ အဖြစ်များပါတယ်။ အထူးသဖြင့် ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ပါ။ များသောအားဖြင့်တော့ အလွယ်တကူကုသလို့ရပါတယ်။ ခဏခဏ ဖြစ်မယ်။ သေချာမကုသဘူးဆိုရင်တော့ ကျောက်ကပ်အထိ ပိုးတွေ ပြန့်ပြီး ကျောက်ကပ်ပြည်တည်တတ်ပါတယ်။

ကျောက်ကပ် ရောဂါခံစားရတဲ့အခါ ဘာလက္ခဏာတွေ ပြမှာလဲ။

ကျောက်ကပ်ရောဂါတွေက အများအားဖြင့် လက္ခဏာမပြတာ များပါတယ်။ လက္ခဏာပြတဲ့အခါမှာလည်း ရောဂါက ရင့်နေပါပြီ။ အောက်ကလက္ခဏာတွေ မကြာမကြာ ခံစားနေရရင်တော့ သတိထားသင့်ပါတယ်။

  • နုံးတာ
  • အာရုံစူးစိုက်လို့ မရတာ
  • အိပ်မပျော်တာ
  • အစားအသောက်ပျက်တာ
  • ကြွက်တက်တာ
  • ခြေကျင်းဝတ်တွေ ဖောတာ
  • မနက်အိပ်ရာနိုးနိုးချင်းမှာ မျက်နှာတွေ ဖောအစ်နေတာ
  • အသားအရေတွေ ခြောက်ပြီး မည်းလာတာ
  • ဆီးခဏခဏ သွားရတာ (အထူးသဖြင့် ညဘက်တွေမှာ)

ဒီထက်ပိုဆိုးလာလို့ ကျောက်ကပ်ပျက်တဲ့ အဆင့်ထိရောက်လာပြီဆိုရင်တော့

  • ဆီးသွားတာ ပုံမှန်မဟုတ်တာ (ပုံမှန်ထက်များတာ၊ နည်းတာ)
  • သွေးအားနည်းတာ
  • သွေးတိုးထိန်းရခက်လာတာ
  • ပိုဖောလာတာ
  • သွေးတွင်းပိုတက်ဆီယမ် တက်လာတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်သူတွေမှာ ကျောက်ကပ်ရောဂါပိုဖြစ်နိုင်လဲ။

အဖြစ်အများဆုံးကတော့ ဆီးချိုရောဂါရှိတဲ့သူတွေပါ။ ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်လေလေ ကျောက်ကပ်ထိဖို့ အခွင့်အရေးများလေလေပါပဲ။ ဒါ့ပြင်

  • သွေးတိုးရောဂါ
  • အသက်အရွယ်ကြီးတာ
  • မိသားစုထဲမှာ နာတာရှည် ဆီးချိုရောဂါရှိရင်လည်း ကိုယ့်မှာ ဖြစ်နိုင်ခြေများပါတယ်။

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ကျောက်ကပ်ရောဂါကို ဘယ်လိုစစ်ဆေးနိုင်သလဲ။

ကျောက်ကပ် ရောဂါကို စစ်ဆေးတဲ့အခါ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ်မူတည်ပြီး စစ်ဆေးရတာလေးတွေ ရှိပါတယ်။ အသုံးများတာတွေကတော့

  • GFR လို့ခေါ်တဲ့ ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်းကို စစ်ဆေးတာ
  • အယ်ထွာဆောင်းတွေ၊ ကွန်ပျုတာဓာတ်မှန်တွေ ရိုက်တာ
  • ကျောက်ကပ်အသားစ စစ်ဆေးတာ
  • ဆီးစစ်တာ
  • ကျောက်ကပ်ဓာတ်လို့ လူသိများတဲ့ Creatinine စစ်တာတွေပဲ ဖြစ်ပါတယ်။

ကျောက်ကပ် ရောဂါကို ဘယ်လိုကုသနိုင်သလဲ။

ကျောက်ကပ်ရောဂါကို ကုသတဲ့ နည်းကလည်း ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ် မူတည်ပါတယ်။ ဆေးဝါးတွေ၊ ခွဲစိတ်နည်းတွေနဲ့ အများဆုံး ကုသပါတယ်။ ကျောက်ကပ်က ကုလို့မရအောင် ပျက်စီးနေပြီဆိုရင်တော့ ကျောက်ကပ်ဆေးတာ၊ ကျောက်ကပ်အစားထိုးတာတွေ လုပ်ရနိုင်ပါတယ်။

ကျောက်ကပ် ရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ကြမလဲ။

အသက်ကြီးတာကြောင့်၊ မျိုးရိုးလိုက်တာကြောင့် ဖြစ်တဲ့ ကျောက်ကပ်ရောဂါတွေကို ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ခြေနည်းသွားအောင်၊ တခြားအကြောင်းရင်းကြောင့် ကျောက်ကပ်မထိအောင် ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့

  • ရေများများသောက်ပါ။
  • ဆီးချို၊ သွေးတိုး စတဲ့ ရောဂါအခံတွေရှိရင် သေချာထိန်းထားပါ။
  • ဆားလျှော့စားပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။

Takeaways

ကျောက်ကပ် က နှစ်လုံးရှိတယ်၊ ပျက်စီးသွားရင်တောင် အစားထိုးလို့ရတယ်၊ ကျောက်ကပ်တစ်လုံးတည်းနဲ့လည်း အသက်ရှင်နိုင်တယ်လို့ ပြောကြပေမယ့် တကယ့် လက်တွေ့မှာ ဝေဒနာတွေ အများကြီး ခံစားရပါတယ်။ ငွေကုန်ကြေးကျလည်း များပါတယ်။ ကျောက်ကပ်မကောင်းရင် နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်နိုင်တာကြောင့် ကိုယ့်ရဲ့ ကျောက်ကပ်လေးကို ကောင်းကောင်းလေး စောင့်ရှောက်ဖို့ အကြံပြုချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်တည်တာက ဆီးလမ်းကျောက်တည်တယ်လို့ ပြောကြပေမယ့် များသောအားဖြင့်ကတော့ ကျောက်ကပ်မှာ ကျောက်တည်တာပါ။ ဆီးလမ်းကြောင်း တလျှောက်မှာလည်း ဖြစ်နိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သုက်မထွက်အောင်ထိန်းတာ အန္တရာယ်ရှိသလား

ဆန္ဒမပြီးမြောက်ချင်သေးလို့ သုက်မထွက်အောင်ထိန်းချုပ်တာက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှု ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား

ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်းက အရည် ၂၀၀ လီတာလောက်မှာ ပါဝင်တဲ့ အညစ်အကြေးတွေကို နေ့စဉ်စစ်ထုတ်ပေးနေတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
သွေးတိုးရောဂါ (Hypertension)

သွေးတိုးရောဂါ (Hypertension)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 2 mins read