backup og meta

9

မျှဝေပါ။

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။

ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။

ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို ဘယ်လို သိနိုင်မလဲ ……

ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို သိနိုင်မယ့် နည်းလမ်းတစ်ခုကတော့ ကျောက်ကပ် စစ်ဆေးတာပါ။ သွေးဖောက်ပြီး သွေးစစ်တာပါ။ ဥပမာ သွေးထဲက Creatinine level တို့၊ ureaတို့ စစ်ဆေးတာပါ။

ဘာတွေက ကျောက်ကပ် ထိခိုက်စေနိုင်သလဲ …………

ကျောက်ကပ် ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနေနိုင်ပါတယ်။

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ် မကျန်းမာတော့ဘူးဆိုရင် အခြား အစိတ်အပိုင်းတွေ မကျန်းမာတဲ့အခါ လက္ခဏာတွေ ပြသလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီတော့ ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများက ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား …….

ပုံမှန်ထက် ပိုပင်ပန်းနေမယ်။ အားအင်ကုန်ခမ်းနေမယ် ဒါမှမဟုတ် အာရုံစိုက်ဖို့ ခက်နေမယ်

ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုစွမ်းရည် ကျဆင်းလာတဲ့အခါ သွေးထဲမှာ အဆိပ်အတောက်တွေ များလာသလို သွေးတွေက မသန့်စင်တော့ပါဘူး။ ဒီလို ဖြစ်တဲ့အခါ ပင်ပန်းလွယ်တာ၊ အားနည်းတာ၊ အာရုံစူးစိုက်ဖို့ ခက်တာတွေကို ခံစားလာရနိုင်ပါတယ်။ နောက်ထပ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေနဲ့ ကျောက်ကပ် ထိခိုက်တဲ့အခါ သွေးအားနည်းလာတာကလည်း အားနည်းပြီး ခြေကုန်လက်ပမ်းကျစေတဲ့ အချက်ပါပဲ။

အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်မယ်

ကျောက်ကပ်တွေက အဆိပ်တွေကို ကောင်းကောင်း မစစ်ထုတ်နိုင်တော့တဲ့အခါ ဆီးကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို မစွန့်ထုတ်နိုင်တော့တာကြောင့်သွေးထဲမှာ အဆိပ်တွေ များလာပါမယ်။ ဒီလို ဖြစ်လာတဲ့အခါ အိပ်ပျော်ဖို့ ခက်လာပါမယ်။ အဝလွန်တာ၊ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ အိပ်မပျော်တဲ့ ကျန်းမာရေးပြဿနာတွေကြားမှာ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

အရေပြားတွေ ခြောက်သွေ့ယားယံမယ်

ကျန်းမာတဲ့ ကျောက်ကပ်တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေ နဲ့ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ထုတ်ပေးသလို သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ အရိုးတွေကို သန်မာပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖိုအတွက် သွေးထဲမှာ ညီညွတ်မျှတတဲ့ သတ္တုဓာတ် ပမာဏကို ထိန်းညှိပေးပါတယ်။

ကျောက်ကပ်တွေက သွေးထဲမှာ ညီညွတ်မျှတတဲ့ သတ္တုဓာတ် ပမာဏကို မထိန်းညှိပေးနိုင်တဲ့အခါ အရေပြားယားယံတာ၊ ခြောက်သွေ့တာနဲ့ အရိုးရောဂါတွေကို ခံစားရနိုင်ပါတယ်။

ဆီးခဏခဏ သွားချင်နေမယ်

ဆီးခဏခဏ သွားချင်နေမယ်။ အထူးသဖြင့် ညဘက်တွေမှာ ဆီးခဏခဏ ထသွားနေရတာက ကျောက်ကပ် ထိခိုက်နေတာ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်က စစ်ထုတ်ပေးတဲ့အရာလေးတွေ ထိခိုက်ပျက်စီးသွားတဲ့အခါ ဆီးခဏခဏ သွားချင်တာကို ခံစားရနိုင်ပါတယ်။ ဆီးကျိတ်ကြီးနေတာ၊ ဆီးပိုးဝင်တာတွေကြောင့်လည်း ဆီးခဏခဏ သွားချင်တာမျိုး ဖြစ်နိုင်ပါတယ်။

ဆီးထဲသွေးပါမယ်

ကျန်းမာတဲ့ ကျောက်ကပ်တွေက သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ် စွန့်ထုတ်ပေးပြီး ခန္ဓာကိုယ်အတွက် သွေးဆဲလ်တွေကို ထိန်းသိမ်းပေးပါတယ်။ ကျောက်ကပ်က စစ်ထုတ်တဲ့အရာလေးတွေ ပျက်စီးသွားတဲ့အခါ ဆီးထဲမှာ သွေးတွေ ပါလာပါတယ်။ ဒါက ကျောက်ကပ် ပျက်စီးနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာပါ။ အကျိတ်ဖြစ်နေတာ၊ ကျောက်ကပ် ကျောက်တည်နေတာ၊ ကျောက်ကပ် ပိုးဝင်တာတွေကြောင့်လည်း ဆီးထဲ သွေးပါနေတာ ဖြစ်နိုင်ပါတယ်။

ဆီးတွေက အရောင်နောက်နေမယ်

ဆီးထဲမှာ အမြှုပ်တွေ အရမ်းထနေတာ၊ ဆီးက ကြက်ဥပုပ်နံ့လို အနံ့ထွက်နေတာ၊ ဆီးအရောင် နောက်နေတာတွေက ဆီးထဲမှာ albumin လို့ခေါ်တဲ့ ပရိုတင်း များနေတာကြောင့်ပါ။

မျက်လုံးတဝိုက် မို့အစ်နေမယ်

ကျောက်ကပ် ထိခိုက်မှုကြောင့် ဆီးထဲမှာ ပရိုတင်း ပါဝင်မှု အရမ်းများတဲ့အခါ လက္ခဏာအနေနဲ့ မျက်လုံးတဝိုက်မှာ မို့အစ်နေတာမျိုး ခံစားရနိုင်ပါတယ်။

ခြေဆစ်လက်ဆစ်တွေ ရောင်နေမယ်

ကျောက်ကပ်က လုပ်ဆောင်နိုင်စွမ်း ကျလာတဲ့အခါ ကိုယ်တွင်းမှာ ဆိုဒီယမ် စုပုံလာပါတယ်။ ဒီအခြေအနေက ခြေထောက်တွေ၊ ခြေချင်းဝတ်နဲ့ ခြေဆစ်လက်ဆစ်တွေမှာ ရောင်ရမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

နှလုံးရောဂါ၊ အသည်းရောဂါ၊ နာတာရှည်ခြေထောက် သွေးပြန်ကြောရောဂါတွေ ခံစားရတာကြောင့်လည်း ခြေဆစ်လက်ဆစ်တွေ ရောင်နေနိုင်ပါတယ်။

အစာ စားချင်စိတ် မရှိဖြစ်မယ်

ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တာကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များလာတဲ့အခါ အစာ စားချင်စိတ် မရှိတာကို ခံစားရနိုင်ပါတယ်။

ကြွက်တက်မယ်

ကျောက်ကပ်က လုပ်ဆောင်မှုတွေ ကောင်းကောင်း မလုပ်နိုင်တော့တဲ့အခါ ကိုယ်တွင်းမှာ ဆားဓာတ် မမျှတမှုတွေ ဖြစ်လာပါတယ်။ ဥပမာ ကယ်လ်ဆီယမ် နည်းတာ၊ ဖော့စဖရိတ် လုံလောက်တဲ့ ပမာဏ မရှိတာတွေကြောင့် ကြွက်တက်တာမျိုး ခံစားရနိုင်ပါတယ်။

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ ကို လျစ်လျူမရှုဘဲ သတိထားစေချင်ပါတယ်။

ကျောက်ကပ် ထိခိုက်နေပြီလား

ကျောက်ကပ် ထိခိုက်နေပြီဆိုရင် အခုလိုတွေ ခံစားရနိုင်ပါတယ်။
  • ပုံမှန်ထက် ပိုပင်ပန်းနေမယ်
  • အားအင်ကုန်ခမ်းနေမယ်
  • အာရုံစိုက်ဖို့ ခက်နေမယ်
  • အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်မယ်
  • အရေပြားတွေ ခြောက်သွေ့ယားယံမယ်
  • ဆီးခဏခဏ သွားချင်နေမယ်
  • ဆီးထဲသွေးပါမယ်
  • ဆီးတွေက အရောင်နောက်နေမယ်
  • မျက်လုံးတဝိုက် မို့အစ်နေမယ်
  • ခြေဆစ်လက်ဆစ်တွေ ရောင်နေမယ်
  • အစာ စားချင်စိတ် မရှိဖြစ်မယ်
  • ကြွက်တက်မယ်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Signs You May Have Kidney Disease https://www.kidney.org/news/ekidney/august14/10_Signs_You_May_Have_Kidney_Disease Accessed Date 26 May 2022

SymptomsChronic kidney disease https://www.nhs.uk/conditions/kidney-disease/symptoms/ Accessed Date 26 May 2022

Chronic kidney disease https://www.nhs.uk/conditions/kidney-disease/ Accessed Date 26 May 2022

What are the Symptoms of Kidney Disease? https://www.freseniuskidneycare.com/kidney-disease/ckd/symptoms Accessed Date 26 May 2022

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement