အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့
အစာခြေစနစ် ပြဿနာတွေကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ အစာခြေစနစ် ပြဿနာတွေထဲက အစာအိမ်အနာ ဖြစ်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ရမလဲဆိုတဲ့ အိမ်တွင်းကုထုံးလေးအကြောင်း ပြောပြပေးချင်ပါတယ်။ အစာအိမ် အနာဆိုတာ ဘာလဲ ....... အနာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။ အစာအိမ်နံရံ အပါအဝင်ပေါ့။ အစာအိမ်အနာက ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲလွှာကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာက အစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ ဒါမှမဟုတ် အက်စစ်ထွက်တာများလာတဲ့အခါ အနာစဖြစ်လာပါတယ်။ အချွဲတွေနည်းသွားပြီး အနာဖြစ်လာတဲ့အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။ ဘာတွေကြောင့် အစာအိမ်အနာ ဖြစ်ရတာလဲ ....... အစာအိမ်အနာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ […]