မျက်နှာသစ်တာက မနက်ခင်း လုပ်နေကျ တစ်ကိုယ်ရေ သန့်ရှင်းမှုရဲ့ အရေးအပါဆုံး တာဝန်တစ်ရပ်ပါ။ မျက်နှာသစ်တဲ့အခါ ချွေးပေါက်တွေထဲမှာ ပိတ်ဆို့နေတာကို ဖယ်ရှားဖို့ လိုသလို အရေပြားပေါ်မှာရှိတဲ့ အညစ်အကြေးတွေ၊ အဆီတွေ နဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။
ဒီလို သန့်စင်နိုင်ဖို့ပဲ မျက်နှာသစ်ဆေးတွေကို အသုံးပြုနေကြတာပါ။ ဒါပေမယ့် အရေပြားက ထိခိုက်လွယ်မယ်၊ ခြောက်သွေ့မယ်ဆိုရင်တော့ ဆပ်ပြာပါတာတွေကို သုံးတာက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေ ကို အသုံးပြုပေးတာက ကောင်းမွန်တဲ့ နည်းလမ်း တစ်ရပ်ပါ။
ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေက
ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေက မျက်နှာပေါ်မှာ အသာအယာလေး ပွတ်ပြီး နှိပ်နယ်ပေးရုံနဲ့ အသားအရေကို အနားရစေနိုင်သလို ချွေးပေါက်လေးတွေထဲက အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
အသားအရေကို ထိခိုက်မှု မရှိစေဘဲ ချွေးပေါက် အတွင်းပိုင်းအထိ သန့်စင်ပေးတာက အသားအရေ ကျန်းမာစေဖို့ အားဖြည့်ပေးရာ ရောက်ပါတယ်။
အရေပြားကို ကျန်းမာအောင် ထိန်းသိမ်းတဲ့နေရာမှာ ဆဲလ်သေတွေကို ဖယ်ရှားတဲ့ အဆင့်ကလည်း မေ့ထားလို့ မရပါဘူး။ ဆဲလ်သေတွေကို ဖယ်ရှားမှ ချွေးပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံဖြစ်တာ၊ အရေပြား ယားယံတာတွေကို သက်သာစေနိုင်မှာပါ။ ဒီတော့ ဆဲလ်သေတွေကို ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ ဆဲလ်သေဖယ်ရှားတဲ့ ခရင်မ်တွေကို သုံးပြီး မဖယ်ရှားချင်ဘူးဆိုရင် ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေ ကို အသုံးပြုပေးလို့ရပါတယ်။
ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတချို့ဆိုရင်က ဆဲလ်သေတွေကို ဖယ်ရှားနိုင်ဖို့ပါ လုပ်ဆောင်ထားတာပါ။
အရေပြားက ထိခိုက်လွယ်တဲ့ အသားအရေ အမျိုးအစား ဖြစ်မယ်ဆိုရင် ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေက အကောင်းဆုံးပါ။ အယ်လ်ကိုဟောနဲ့ အခြားသော ဓာတုပစ္စည်းတွေ ပါဝင်မှု မရှိတာကြောင့် ထိခိုက်လွယ်တဲ့ အရေပြားကို နူးနူးညံ့ညံ့နဲ့ အထိရောက်ဆုံး သန့်စင်ပေးနိုင်မှာပါ။
သဘာဝ ပစ္စည်းတွေကို အခြေခံပြီး ထုတ်ထားတဲ့ ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေက အသင့်တော်ဆုံးပါ။
ဓာတုပစ္စည်းတွေ ဆပ်ပြာတွေ ပါဝင်နေတဲ့ မျက်နှာသစ်ဆေးအချို့က မျက်နှာပေါ်က အသားအရေ ကျန်းမာစေဖို့ လိုအပ်တဲ့ အဆီတွေကိုပါ ဖယ်ရှားလိုက်တာကြောင့် အရေပြားက တင်းတာ ခြောက်တာတွေကို ခံစားရနိုင်ပါတယ်။
ဒါပေမယ့် ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေကတော့ သဘာဝဆန်ပြီး ဆပ်ပြာတွေနဲ့ ဓာတုပစ္စည်းတွေ မပါတာကြောင့် အရေပြားကို နူးနူးညံ့ညံ့ သန့်စင်ပေးပြီး မျက်နှာသစ်ပြီးလို့ moisturizer မလိမ်းရသေးရင်တောင် မျက်နှာကို အစိုဓာတ် ထိန်းပေးနိုင်မှာပါ။
ကဲ ……. ဒီအချက်လေးတွေက ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေ ရဲ့ အားသာချက်တွေပါပဲ။