backup og meta

မိုးရာသီ နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီလိုကာကွယ်ကြမယ်

မိုးရာသီ နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီလိုကာကွယ်ကြမယ်

လူတစ်ယောက်ကို အရင်ဆုံးကြည့်ရင် မျက်နှာကနေပဲ စကြည့်တတ်ကြတာနော်။ ဒီတော့ နှုတ်ခမ်းသားက ခြောက်ပြီး အက်ကွဲနေမယ်၊ မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင်တော့ အလှပျက်ရပြီပေါ့။ နှုတ်ခမ်းခြောက်တယ်ဆိုတာ ဆောင်းရာသီမှာမှ ဖြစ်နိုင်တာမဟုတ်ဘူးနော်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရော၊ ခုလို အေးမြပြီး မိုးတဖွဲဖွဲဖြစ်နေတဲ့ မုတ်သုံရာသီမှာပါ နှုတ်ခမ်းခြောက်ပြီး ကြမ်းသွားနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ မုတ်သုံရာသီအတွက် နှုတ်ခမ်းသားမပျက်စီးစေဖို့ ကာကွယ်ပုံနည်းလမ်းတွေကို အဓိက ပြောပြပေးချင်ပါတယ်။

နှုတ်ခမ်းသားမပျက်စီးစေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

၁။ နှုတ်ခမ်းခြောက်နေတယ်ဆိုပြီး လျှာနဲ့ လျက်တဲ့ အကျင့်ကိုဖျောက်ပါ။ တံတွေးနဲ့ စိုသွားတော့ နှုတ်ခမ်းလေး ပြောင်လက်သွားမှာပဲလို့ ထင်တတ်ကြပေမယ့် ဒီအကျင့်က ကိုယ့်ရဲ့ နှုတ်ခမ်းကို ပိုခြောက်အောင် နှိုးဆွပေးလိုက်သလို ဖြစ်စေပါတယ်။ ဒါ့အပြင် ပါးစပ်ထဲမှာရှိနေတဲ့ အင်ဇိုင်းတွေက အစာခြေဖို့အတွက် ကူညီပေးတာဖြစ်လို့ နှုတ်ခမ်းပေါ် ရောက်သွားတဲ့အခါ အရေပြားကို ယားယံစေနိုင်လို့ပါ။

၂။ ကိုယ်ခန္ဓာအရေပြားအတွက် Scrub တိုက်ပြီး ကြေးချွတ်ပေးဖို့လိုသလို နှုတ်ခမ်းကိုလည်း Scrub တိုက်သင့်ပါတယ်။ မကြာခဏဆိုသလို အပြင်က ဖုန်မှုန့်တွေကပ်နေတာ၊ နေရောင်ခြည်ဒဏ်ေကြာင့် နှုတ်ခမ်းအပေါ်ယံ အရေပြားမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးသွားတဲ့အခါ ဒီဆဲလ်တွေကို ချွတ်ချဖို့အတွက် Scrub တိုက်ပေးရပါမယ်။

၃။ မျက်နှာသစ်ပြီးတဲ့အခါ နှုတ်ခမ်းကို အပြောင်အတိုင်း မထားပါနဲ့။ နှုတ်ခမ်းလှအဆီ (Lip Balm) ကို ပါးပါးလေး လိမ်းပေးပါ။ သူက အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပြီး နှုတ်ခမ်းသားအက်ကွဲတာကို ကုသပေးနိုင်တယ်။ အဆီဓာတ်ပါဝင်မှုကြောင့် နှုတ်ခမ်းသားကို ခြောက်မသွားစေဘဲ စိုလက်လက်လေး ဖြစ်နေစေပါတယ်။ ပြင်ပနေရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်တယ်နော်။

၄။ နှုတ်ခမ်းကို သွားတိုက်တံနဲ့ ခြစ်ချတာ၊ လက်နဲ့ ပွတ်သပ်ကိုင်တွယ်တာ၊ နှုတ်ခမ်းအရေပြားကို လက်နဲ့ခွာတာမျိုးတွေ မလုပ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်ပြီး အသားပပ်နေတဲ့အချိန်ဆိုရင် ပိုပြီးတောင် မလုပ်သင့်ပါဘူး။ အဆီနည်းနေတဲ့အချိန် နှုတ်ခမ်းသားကို ပိုခြောက်ပြီး အက်ကွဲနိုင်လို့ပါ။

၅။ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေက ဘယ်အချိန်ပဲဖြစ်ဖြစ် စိုလက်ပြီး ကြည်လင်ဝင်းပနေမှာအသေအချာပါပဲ။

၆။ ဗီတာမင် စီ ပါဝင်တဲ့ အစားအစာတွေ၊ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေကိုလည်း စားပေးပါ။ အစားအစာကနေ လုံလောက်မှုမရှိဘူးလို့ ထင်ရင် ဗီတာမင် စီ အားဆေးတွေကို သောက်ပေးလို့ရပါတယ်။

ရာသီဥတုအေးတဲ့ ခုလိုအချိန်ကာလဆိုရင် နှုတ်ခမ်းခြောက်ပြီး အသားပပ်တာတွေ အဖြစ်များတာကြောင့်  နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီနည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်နော်။ အရေပြားဆိုတာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://health.clevelandclinic.org/6-tips-to-protect-your-lips-from-the-cold/ (July 4, 2019)

 

ယခုပုံစံ

17/06/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့

မိုးရာသီမှာ ကိုယ်ချစ်တဲ့မိသားစုဝင်တွေ ကျန်းမာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement