backup og meta

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

    အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး တွက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

    အာလူးဆိုတာ အလွယ်တကူဝယ်ယူလို့ရသလို လူကြိုက်လည်းများတဲ့ အစားအစာတစ်ခုပါ။ ပေါပေါလောလော လွယ်လွယ်ကူကူရနိုင်တော့ တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။

    တကယ်တော့ အာလူးဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အာလူးက ဆိုလာနေစီအီးမျိုးရင်းဝင်ဖြစ်ပြီးတော့ ရုက္ခဗေဒအလိုအားဖြင့် အာလူးပင်ကို ဆိုလေနမ် တျူဗာရိုဆမ် (Solanum Tuberosum) လို့ ခေါ်ပါတယ်။

    အကြမ်းဖျဉ်းအားဖြင့် အာလူးတစ်လုံးရဲ့ ၄ ပုံ ၃ ပုံလောက်က ရေဓာတ်ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေက ကစီဓာတ်တွေပါ။ ဒါကြောင့်လည်း အာလူးက ကျန်းမာရေးကို ကောင်းကောင်းအထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ အာလူးမှာ အသားဓာတ်နည်းနည်းနဲ့ အဆီဓာတ်နည်းနည်းလည်းပါရှိပါတယ်။

    သတိထားရမယ့်အချက်တစ်ချက်ကတော့ အာလူးတစ်လုံးရဲ့ အာဟာရအဖြစ်ထွန်းဆုံးအစိတ်အပိုင်းတွေက အခွံရဲ့ အောက်ခြေကပ်လျက်နေရာမှာရှိနေတာမို့ အာလူးခွံသင်ရင် ခပ်ပါးပါးလှီးသင်ပေးဖို့ လိုအပ်တာပါပဲ။

    တကယ်တော့ အာလူးဟာ စွယ်စုံရတဲ့ ဘက်စုံသုံး အစားအစာတစ်မျိုးပါ။ အာဟာရပြည့်အောင် စီမံစားသောက်လို့ရသလို သမိုင်းအဆက်ဆက်မှာလည်း အသက်ရှင်ရပ်တည်ရေးအတွက် အရေးပေါ်အစားအစာအနေနဲ့လည်း အသုံးပြုခဲ့ကြဖူးပါတယ်။ အာလူးရဲ့ အာဟာရဓာတ်ပါဝင်မှုနဲ့ ကျန်းမာရေးအထောက်အကူပြုမှုက ကမ္ဘာ့စစ်မက်ကပ်ဘေးကာလတွေတိုင်းမှာ လူပေါင်းမြောက်များစွာရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတာပါ။

    ဒီလိုဂုဏ်ပုဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ အာလူးမှာ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ပိုင်ဆိုင်နေလဲဆိုတာကို သိချင်ကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် အာလူးရဲ့ အကောင်းဆုံး အကျိုးကျေးဇူး ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။

    အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

    အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး တွေကတော့ –

    ၁။ အာဟာရဓာတ်ကြွယ်ဝစွာ မှီတင်းနေတာ

    အာလူးမှာ ရေဓာတ်နဲ့ ကစီဓာတ်အပြင် ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေလည်း ပါဝင်နေပါတယ်။ အလယ်အလတ်အရွယ်အစား အာလူးတစ်လုံးမှာ ကယ်လိုရီ၊ ပရိုတိန်း၊ အဆီဓာတ်၊ ကာဘိုဟိုက်ဒြိတ်၊ ဖိုက်ဘာ၊ ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဖော့စ်ဖောရပ်စ်၊ နီယာဆင်နဲ့ ဖောလိတ်တွေလည်းပါဝင်နေပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက အာလူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် နည်းမှန်လမ်းမှန်နဲ့ ပြင်ဆင်ချက်ပြုတ်ဖို့ လိုအပ်မယ်ဆိုတာပါပဲ။

    ၂။ Antioxidants တွေလည်း ပါဝင်နေတယ်

    အာလူးမှာ Flavonoids ၊ Carotenoids နဲ့ Phenolic acids ဆိုတဲ့ Antioxidants တွေပါဝင်နေပါတယ်။ ဒီကွန်ပေါင်းဓာတ်လေးတွေက ခန္ဓာကိုယ်ထဲက Free Radicals လို့ခေါ်တဲ့ မကောင်းတဲ့ မော်လီကျူးလေးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံး၊ ဆီးချိုနဲ့ ကင်ဆာဝေဒနာတွေ မဖြစ်အောင်ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။

    ၃။ သွေးတွင်းသကြားဓာတ်ကို ထိမ်းချုပ်ပေးနိုင်တယ်

    အာလူးမှာ ပင်ကိုယ်အားဖြင့် Resistant Starch လို့ခေါ်တဲ့ အထူးကစီဓာတ်တစ်မျိုး ပါဝင်နေတာမို့ သွေးတွင်းသကြားဓာတ်ကို ထိမ်းချုပ်ရာမှာ အထူးအထောက်အကူဖြစ်စေပါတယ်။ ဒီဓာတ်ဟာ အစာအိမ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကိုလည်း အထောက်အကူပြုပေးပါတယ်။

    ၄။ အစာခြေစနစ်ကို အကျိုးပြုတယ်

    အထက်မှာပြောခဲ့သလိုပဲ Resistant Starch က အစာအိမ်ကိုလည်း အထောက်အကူပြုပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းအတွင်းက ဘက်တီးရီးယားလေးတွေဟာ အစာအိမ်ကျန်းမာစေဖို့ အထောက်အကူဖြစ်စေတဲ့ short-chain fatty acids butyrate တွေကို ဖန်တီးပေးပါတယ်။ အဆိုပါ butyrate တွေက အူမကြီးကို ကျန်းမာစေသလို အူမကြီးကင်ဆာနဲ့ ဗိုက်အောင့် ဗိုက်နာတာတွေမဖြစ်အောင်လည်း ကူညီပေးပါတယ်။

    ၅။ သဘာဝ Gluten-Free diet

    Gluten-free diet ဆိုတာ ဝိတ်ချနေသူတွေနဲ့ ကျန်းမာစွာမှီဝဲစားသောက်သူတွေအကြားမှာ အလွန်ရေပန်းစားတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ပရိုတိန်းနွယ်ဝင် ဂလူတန်မှီဝဲမှုကို လျှော့ချခြင်းအားဖြင့် ကိုယ်အလေးချိန်မြင့်တက်မှုကို လျော့ကျစေတဲ့နည်းပါ။ တကယ်လို့ Gluten-free diet နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတယ်ဆိုရင် ဒါမှမဟုတ် Gluten Sensitivity ဝေဒနာမျိုးရှိနေတယ်ဆိုရင် အာလူးစားဖို့ကိုသာ အရင်ဆုံးစဉ်းစားဖို့ တိုက်တွန်းပါရစေ။

    ၆။ ဗိုက်ပြည့်စေတယ်

    အာလူးဟာ ကမ္ဘာ့သမိုင်း အထူးသဖြင့် ဥရောတိုက်ရဲ့သမိုင်းမှာ အရေးအပါဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် နှစ် ၃၀ စစ်ပွဲကာလ စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုဒါဏ်ခံခဲ့ရတဲ့ ဂျာမနီမှာ အာလူးဟာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ အစားအစာဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးက စစ်မက်ကပ်ဘေးတွေတိုင်းမှာ အာလူးဟာ လူသန်းပေါင်းများစွာကို အသက်ဆက်စေတဲ့ နတ်သုဒ္ဓါဖြစ်ခဲ့တာပါ။ အာလူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဗိုက်ပြည့်စေတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာကြောင့် အဆာခံစေတဲ့ သဘောသဘာဝရှိပါတယ်။ တစ်ချို့လေ့လာချက်တွေမှာတော့ အာလူးဟာ ဗိုက်ပြည့်တယ်လို့ ခံစားမိစေဆုံး အစားအစာလို့တောင်ဆိုကြပါတယ်။

    ၇။ ဘက်စုံသုံး အစားအစာ

    အာလူးကို Extremely Versatile (အဆုံးအစွန် ဘက်စုံသုံး) အစားအစာလို့ တင်စားကြပါတယ်။ အရသာနဲ့ အာဟာရဓာတ်ပြည့်ဝရုံတင်မကပါဘူး။ အာလူးကို နည်းလမ်းအမျိုးမျိုးနဲ့ ချက်ပြုတ်ကြော်လှော်မှီဝဲလို့ရနိုင်တာကြောင့်ပါ။ ဒါ့အပြင် အာလူးဟာ အစားအစာအမျိုးမျိုးနဲ့လည်း ပေါင်းစပ်လို့ရနိုင်တဲ့အပြင် တွဲဖက်စားသုံးမှုအမျိုးမျိုးကိုလည်း စီမံနိုင်ပါတယ်။ အနောက်တိုင်းမှာဆိုရင် အာလူးနဲ့တွဲဖက်စားလို့မရတဲ့အရာ မရှိဘူးလို့တောင် ဆိုကြတာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement