home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ...

ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ...

ဖနောင့်ကွဲတာကပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် လူတိုင်းနီးပါးခံစားနေရတဲ့ခြေထောက်အရေပြားပြဿနာတစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ခံစားနေရတဲ့ပြဿနာတစ်ခုဆိုလည်းမမှားပါဘူး။ ဖနောင့်ကွဲတာက သိပ်မပြင်းထန်ရင် နာကျင်တာမျိုးတောင်မရှိစေဘူးဆိုပေမယ့် အလှပျက်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဘာကြောင့် ဖနောင့်ကွဲရတာလဲဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။

ဖနောင့်ကွဲတာနဲ့ပတ်သက်လို့

ဖနောင့်ကွဲတာက အပေါ်ယံလောက်ပဲဆိုရင်ပြဿနာမရှိပေမယ့် အတွင်းထိအရမ်းနက်မယ်ဆိုရင်တော့ နာကျင်မှုကလည်း ပိုဆိုးနိုင်ပါတယ်။

ဖနောင့်ကွဲတာက ကလေးတွေမှာရောဖြစ်နိုင်လား……..

ဖနောင့်ကွဲတက လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဖနောင့်ကွဲတာက အရမ်းမပြင်းထန်ဘူးဆိုပေမယ့် စိတ်အနှောင့်အယှက်ြဖစ်စေတဲ့ အရေပြားပြဿနာတစ်ခုပါ။

ဘယ်သူတွေမှာ အဖြစ်များလဲ……..

ဖနောင့်ကွဲတာက အမျိုးသားရော အမျိုးသမီးမှာပါဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များကြပါတယ်။

ဘာကြောင့်ဖနောင့်ကွဲရတာလဲ…….

ဖနောင့်ကွဲရတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။

အစိုဓါတ်နည်းတာ – ဒီအချက်ကတော့ ဖနောင့်ကွဲခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ များသောအားဖြင့်ခြေထောက်အောက်ဘက်ကအသားတွေက အစိုဓါတ်နည်းကြပြီးခြောက်သွေ့ကွဲအက်လွယ်ကြပါတယ်။ အကြောင်းကတော့ ဖနောင့်တဝိုက်ကအသားအရေမှာချွေးဂလင်းလေးတွေသိပ်မရှိလို့ပါပဲ။

အာဟာရချို့တဲ့မှုကြောင့် -နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ဇင့်ဓါတ်တွေ ပြည့်စုံလုံလောက်အောင် မပါဝင်တာကြောင့်လည်း ဖနောင့်ကွဲနိုင်ပါတယ်။

ဖိအားများတာကြောင့် – အချိန်ကြာမြင့်စွာမတ်တတ်ရပ်နေရမှုကခြေဖနောင့်အသားတွေပေါ်မှာ ဖိအားသက်ရောက်မှုများတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

အသက်အရွယ်ကြီးရင့်လာတာကြောင့်အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသားအရေက ထူထဲ၊ခြောက်သွေ့ပြီး ဆွဲဆန့်နိုင်အားနည်းလာတာကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။

ကျန်းမာရေးပြဿနာရှိနေတာ -ခြေထောက်မှာ မှိုပိုးဝင်တာ၊ သဲဝဲစားတာ၊ နှင်းခူဖြစ်တာ၊ သိုင်းရွိုက်ပြဿနာရှိတာလိုမျိုး၊ ဆီးချိုရှိတာ၊ အရေပြားပြဿနာတစ်ခုခုရှိနေတာတွေကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

အဝလွန်တာ – ခန္ဓါကိုယ်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေတာကြောင့်လည်း ဖနောင့်မှာ ဝန်ပိပြီး ဖနောင့်တွေကွဲအက်နိုင်ပါတယ်။

ဖိနပ်က အဆင်မပြေတာ -နေ့စဉ်စီးနေတဲ့ ဖိနပ်ကအဆင်မပြေတာကြောင့်လည်း ထိခိုက်မှုတစ်ရပ်အနေနဲ့ ဖနောင့်ကွဲတာကို ခံစားရနိုင်ပါတယ်။

သန့်ရှင်းရေးအားနည်းတာ -ခြေထောက်ကိုသန့်ရှင်းရေးလုပ်ဆောင်ပေးမှုအားနည်းတာ၊ ပုံမှန်ကြေးချွတ်ဆေးကြောသန့်စင်တာမျိုး မလုပ်တာကြောင့်လည်း ခြေဖနောင့်တွေ ကွဲအက်နိုင်ပါတယ်။

ရေစိုများတာ – ခြေထောက်ကို တစ်ချိန်လုံးလိုလို ရေစိုနေစေမယ်၊ ခြေထောက်ဆေးပြီးတိုင်း ခြေထောက်မသုတ်ဘဲထားမယ် ဆိုရင်လည်း ဖနောင့်တွေကွဲအက်နိုင်ပါတယ်။

ဆိုဒ်သေးတဲ့ဖိနပ်ကို စီးတာ –ဖိနပ်ကို လှချင်ဇောနဲ့ ကိုယ့်ထက်ဆိုဒ်သေးတဲ့ဖိနပ်ကျပ်ကျပ်တွေကို စီးတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

မျိုးရိုးလိုက်တာ – မျိုးရိုးရှိနေတာကြောင့်လည်းခြေဖနောင့်တဝိုက်မှာ အသားအရေခြောက်သွေ့တာ၊ အရေပြားထူတာတွေကြောင့်လည်း ဖနောင့်တွေကွဲအက်နိုင်ပါတယ်။

ဖနောင့်ကွဲတာကို ဘယ်လိုကာကွယ်မလဲ……….

ဖနောင့်ကွဲတာကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

How to Fix Cracked Heels at Homehttps://www.healthline.com/health/cracked-heel-heal Accessed Date 20 August 2019

What Causes Cracked Heels?https://www.everydayhealth.com/foot-health/cracked-heels.aspxAccessed Date 20 August 2019

WHAT CAUSES CRACKED HEELS & HOW CAN I PREVENT THEM?https://www.scholl.co.uk/blogs/all-about-feet/how-to-avoid-the-most-common-causes-of-cracked-heelsAccessed Date 20 August 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 12 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။