backup og meta

မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့

    မိုးလေးအေးလို့ နွေပူပူမှာလို အသားမမည်းတော့ဘူး၊ အဆီမပြန်တော့ဘူး။ ဝက်ခြံတွေတော့ သက်သာသွားတော့မှာပဲလို့ တွေးပျော်နေသူလေးတွေရှိနေလား။ အပျော်ကြီးမပျော်လိုက်ပါနဲ့ဦးနော်။ မုတ်သုံက နွေလောက်မပူတာမှန်ပေမယ့် အရေပြားပြဿနာတွေ ကင်းသွားဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့ ဒီလိုလေးနေထိုင်ကြရအောင်လား…..

    မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့

    မုတ်သုံမှာ ဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာနိုင်ပါတယ်။ ပတ်ဝန်းကျင်က အေးနေတာ၊ စိုထိုင်းဆတွေ များနေတာကြောင့် ဝက်ခြံအပါအဝင် အခြားအရေပြားပြဿနာတွေပါ ခံစားရနိုင်ပါသေးတယ်နော်။ မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့ ရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးဖို့လိုပါမယ်နော်။

    • သန့်စင်ပါ

    ဒါက ရာသီတိုင်းအတွက် အရေးပါပါတယ်။ မုတ်သုံဆိုပေမယ့်လည်း အရေပြားမှာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကပ်ညှိနေနိုင်သလို ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ၊ အဆီတွေလည်းရှိနေနိုင်ပါတယ်။ ဒါတွေက ချွေးပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံ တွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို double cleansing လုပ်ပြီး သေချာသန့်စင်ပေးပါ။ မျက်နှာသစ်တဲ့အခါ ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပါ၊၊ မျက်နှာသစ်တိုင်း သွေးလည်ပတ်မှုကောင်းအောင် မျက်နှာကို နှိပ်နယ်ပေးဖို့လည်း မမေ့သင့်ပါဘူး။

    • Toner သုံးပါ

    ကျော်သွားလို့မဖြစ်တဲ့ အရေပြားထိန်းသိမ်းမှု အဆင့်တစ်ခုပါ။ မိုးရာသီမှာ လေထဲကနေတဆင့် အရေပြားကို ထိခိုက်စေနိုင်တဲ့ အရာတွေများပါတယ်။ ဒီအရာတွေက မျက်နှာသစ်လိုက်ပေမယ့် မပြောင်ဘဲ အသားမှာ ကပ်ကျန်နေတာကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာက Toner ပါ။ ဒါကြောင့် ပုံမှန် Toner သုံးပေးပါ။ အဆီပြန်တတ်တဲ့သူတွေ ဝက်ခြံထွက်တတ်သူတွေအတွက် toner ကမိတ်ဖက်ပါနော်။

    မိုးအေးပေမယ့်လည်း အစိုဓာတ်ထိန်းပေးဖို့က လိုအပ်ပါတယ်။ ဒါကြောင့် အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်စေဖို့ Moisturizer လိမ်းပေးပါ။ အဲယားကွန်းခန်းထဲမှာ နေရသူတွေကMoisturizer ကို ပိုလိုအပ်မှာပါ။

    မိုးရွာနေတာပဲ နေမထွက်ဘူးဆိုပြီး နေလောင်ကာခရင်မ်မလူးဘဲ အပြင်ထွက်ဖို့ မစဉ်းစားလိုက်ပါနဲ့။ UVA နဲ့ UVB တို့က ဝိုင်းဆော်တာခံလိုက်ရပါမယ်။ ဒါကြောင့်မိုးရွာနေလည်း အပြင်မထွက်ခင် နာရီဝက်အလိုမှာ နေလောင်ကာခရင်မ်လူးပေးပါ။

  • ခြောက်သွေ့အောင်နေပါ
  • မိုးရေစိုသွားခဲ့ရင် ခြောက်သွားမှာပဲဆိုပြီး မထားလိုက်ပါနဲ့။ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တာကြောင့်ပါ။ ဒါကြောင့် မိုးရေတွေကို တစ်ရှူးသုံးပြီး ချက်ချင်းသုတ်ပေးပါ။

    ဝက်ခြံ ကို သက်သာစေနိုင်တဲ့ ရှားစောင်းလက်ပပ်၊ ငှက်ပျောသီး၊ သခွားသီး၊ ပျားရည် စတဲ့ ဝက်ခြံထွက်တဲ့ အသားအရေအတွက် အကျိုးကျေးဇူးတွေပေးတဲ့ သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်တစ်ခါပေါင်းတင်ပေးပါ။ ဒါမှမဟုတ် Sheet maskကပ်ပါ။

    တစ်ပတ်တစ်ကြိမ်တော့ မဖြစ်မနေဆဲလ်သေတွေဖယ်ရှားပေးပါ။ ဒါမှ ချွေးပေါက်တွေ သန့်စင်ပြီး မလိုလားအပ်ဘဲ ဝက်ခြံတွေမထွက်မှာပါ။

    • ရေပုံမှန်သောက်ပါ

    ရာသီဥတုအေးလို့ဆိုပြီး ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိလေးထားပြီး တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်လောက်ပုံမှန်သောက်ပေးပါ။

    • အချိုများများတဲ့ အစားအစာတွေရှောင်ပါ

    ချိုလွန်းတဲ့ အစားအစာတွေ၊ အသင့်စား၊ အမြန်စား အစားအစာတွေလိုမျိုး အဆီ ပါဝင်မှု များပြီး အငန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။ ဒါမှ ဝက်ခြံ ကင်းပြီး စိတ်ကူးယဉ်ဆန်တဲ့ မုတ်သုံကို ကြည်လင်တဲ့ အသားအရေလေးနဲ့ ဖြတ်သန်းနိုင်မှာပါ…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement