brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ...

ဖနောင့်ကွဲတာက ပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် လူတိုင်းနီးပါးခံစားနေရတဲ့ ခြေထောက်အရေပြား ပြဿနာတစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ခံစားနေရတဲ့ ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ ဖနောင့်ကွဲတာက သိပ်မပြင်းထန်ရင် နာကျင်တာမျိုး မရှိဘူးဆိုရင်တောင် အလှပျက်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ… ဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။

ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ...

ဖနောင့်တွေ ကွဲတာနဲ့ ပတ်သက်လို့

ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ… ဖနောင့်ကွဲတာက အပေါ်ယံလောက်ပဲဆိုရင် ပြဿနာမရှိပေမယ့် အတွင်းထိအရမ်းနက်မယ်ဆိုရင်တော့ နာကျင်မှုကလည်း ပိုဆိုးနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေလည်း ခံစားရနိုင်ပါတယ်။

ဖနောင့်ကွဲတာက ကလေးတွေမှာရောဖြစ်နိုင်လား……..

ဖနောင့်ကွဲတာက လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လူကြီးတွေလိုမျိုးပဲ နာကျင်တာ၊ အခန့်မသင့်ရင် ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များလဲ……..

ဖနောင့်ကွဲတာက အမျိုးသားရော အမျိုးသမီးမှာပါဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များကြပါတယ်။

ဘာကြောင့် ဖနောင့်ကွဲရတာလဲ…….

ဖနောင့်ကွဲရတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။

ဒီအချက်ကတော့ ဖနောင့်ကွဲခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ များသောအားဖြင့် ခြေထောက်အောက်ဘက်က အသားတွေက အစိုဓာတ်နည်းကြပြီး ခြောက်သွေ့ကွဲအက်လွယ်ကြပါတယ်။ အကြောင်းကတော့ ဖနောင့်တဝိုက်က အသားအရေမှာ ချွေးဂလင်းလေးတွေသိပ်မရှိလို့ပါပဲ။

နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဇင့်ဓာတ်တွေ ပြည့်စုံလုံလောက်အောင် မပါဝင်တာကြောင့်လည်း ဖနောင့်ကွဲနိုင်ပါတယ်။

အချိန်ကြာမြင့်စွာ မတ်တတ်ရပ်နေရမှုက ခြေဖနောင့်အသားတွေပေါ်မှာ ဖိအားသက်ရောက်မှုများတာကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။

  • အသက်အရွယ်ကြီးရင့်လာတာကြောင့်

အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသားအရေက ထူထဲ၊ ခြောက်သွေ့ပြီး ဆွဲဆန့်နိုင်အားနည်းလာတာကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။

ခြေထောက်မှာ မှိုပိုးဝင်တာ၊ သဲဝဲစားတာ၊ နှင်းခူဖြစ်တာ၊ သိုင်းရွိုက်ပြဿနာရှိတာလိုမျိုး၊ ဆီးချိုရှိတာ၊ အရေပြားပြဿနာတစ်ခုခုရှိနေတာတွေကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။

ခန္ဓာကိုယ်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာကြောင့်လည်း ဖနောင့်မှာ ဝန်ပိပြီး ဖနောင့်တွေကွဲအက်နိုင်ပါတယ်။

နေ့စဉ်စီးနေတဲ့ ဖိနပ်က အဆင်မပြေတာကြောင့်လည်း ထိခိုက်မှုတစ်ရပ်အနေနဲ့ ဖနောင့်ကွဲတာကို ခံစားရနိုင်ပါတယ်။

  • သန့်ရှင်းရေးအားနည်းတာ

ခြေထောက်ကို သန့်ရှင်းရေး လုပ်ဆောင်ပေးမှု အားနည်းတာ၊ ပုံမှန် ကြေးချွတ်ဆေးကြောသန့်စင်တာမျိုး မလုပ်တာကြောင့်လည်း ခြေဖနောင့်တွေ ကွဲအက်နိုင်ပါတယ်။

  • ကြာကြာမတ်တပ်ရပ်တာ

မတ်တတ် ကြာကြာရပ်တာကြောင့်လည်း ခန္ဓာကိုယ် ဖိအားတွေက ခြေဖနောင့်ပေါ်မှာ သက်ရောက်နေတာကြောင့် ခြေဖနောင့်ကွဲ တတ်ပါတယ်။ အသားခြောက်တဲ့သူဆို ပိုဖြစ်နိုင်ခြေ များပါတယ်။

  • ဆိုဒ်သေးတဲ့ဖိနပ်ကို စီးတာ

ဖိနပ်ကို လှချင်ဇောနဲ့ ကိုယ့်ထက်ဆိုဒ်သေးတဲ့ ဖိနပ်ကျပ်ကျပ်တွေကို စီးတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

မျိုးရိုး ရှိနေတာကြောင့်လည်း ခြေဖနောင့် တဝိုက်မှာ အသားအရေ ခြောက်သွေ့တာ၊ အရေပြား ထူတာတွေကြောင့်လည်း ဖနောင့်တွေ ကွဲအက်နိုင်ပါတယ်။

ဖနောင့်ကွဲတာကို ဘယ်လိုကာကွယ်မလဲ……….

ဖနောင့်ကွဲတာကို မဖြစ်ခင်က ကြိုတင် ကာကွယ်လို့ ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/11/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။