ခြေသည်းလက်သည်းလေးတွေက ခန္ဓါကိုယ်ရဲ့ ကျန်းမာရေးအခြေအနေတွေကို တစ်စေ့တစောင်းဖော်ပြပေးနေတဲ့အရာလေးတွေပါ။ခြေသည်းလက်သည်းလေးတွေ ကျန်းမာလှပတာကလည်း အလှတိုးစေတဲ့အချက်တစ်ခုပါပဲ။ မျက်နှာေလးလှဖို့ လိုသလိုခြေသည်းလက်သည်းလေးတွေ သန့်ရှင်းကျန်းမာနေဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့ အရာတစ်ခုပေါ့။ တစ်နေ့တာလုပ်ဆောင်မှုတွေမှာ မဖြစ်မနေပါဝင်လုပ်ဆောင်နေရတဲ့ လက်လေးတွေမှာနေရာယူထားတဲ့ လက်သည်းလေးတွေလှပနေတာကလည်း ဆွဲဆောင်မှုတိုးစေနိုင်မယ့်အချက်ပါ။ ဒီတစ်ခေါက်တော့ ကျန်းမာလှပတဲ့ခြေသည်းလက်သည်းလေးတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက် ဘာတွေစားသုံးပေးသင့်လဲဆိုတာကိုပြောပြပေးပါရစေ။