backup og meta

အပြာကား အကြည့်များရင် အမျိုးသမီးတွေ ကွာရှင်းနိုင်ခြေပိုများတယ်ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြာကား အကြည့်များရင် အမျိုးသမီးတွေ ကွာရှင်းနိုင်ခြေပိုများတယ်ဆိုတာ

    အပြာကား တွေ သို့မဟုတ် ညစ်ညမ်းရုပ်ရှင်တွေဟာ ယနေ့လို အင်တာနက်ကို လူတိုင်းလက်လှမ်းမီတဲ့ အချိန်အခါမှာတော့ ကျား/မ မရွေး ကြည့်ရှုဖို့ ခက်ခဲတဲ့ အရာတစ်ခုမဟုတ်တော့ပါဘူး။

    လေ့လာချက်တစ်ခုက ညစ်ညမ်းခွေ အပြာကား ကြည့်ခြင်းဟာအိမ်ထောင်ကွာရှင်းလိုသူအရေအတွက်ကို နှစ်ဆတိုးစေတယ်လို့ ဖေါ်ပြထားပါတယ်။

    ညစ်ညမ်းရုပ်ရှင်ဟာ ရုပ်ရှင်လောကမှာ အငြင်းပွားအလွယ်ဆုံးကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို ထောက်ခံတဲ့သူတွေ၊ ဝေဖန်တဲ့သူတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုလေ့လာမှုအသစ်တစ်ခုက အပြာကားတွေဟာ လူတွေကို အထူးသဖြင့် အိမ်ထောင်ရှင်တွေကို ဝေးကွာစေပါတယ်လို့ ဖော်ပြထားပါတယ်။

    ဒီနှစ်ပိုင်းတွေမှာ အိမ်ထောင်ရှင်တွေအနက် အပြာကားကြည့်သူတွေဟာ မကြည့်သူတွေထက် အိမ်ထောင်ကွာရှင်းမှု နှစ်ဆပိုမို ဖြစ်ပေါ်နိုင်ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့မှာ American Sociological Association မှာ ပြသခဲ့တဲ့ လေ့လာချက်တစ်ခုအရ ဒီလိုပဲအပြာကားကြည့်တဲ့ အမျိုးသမီးတွေဟာ ကွာရှင်းဖို့ သုံးဆပိုမိုဖြစ်နိုင်ပါတယ်။ သို့သော်လည်း အမျိုးသားရောအမျိုးသမီးပါ အတူကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးအပေါ် မကောင်းတဲ့ ရိုက်ခတ်မှု ရှိခဲပါတယ်။

    အိမ်ထောင်ရေးသာယာမှု၊ ညစ်ညမ်းခွေ ကြည့်ရှုမှုနဲ့ အိမ်ထောင်ရေးအခြေအနေတွေကို ဆန်းစစ်တဲ့ General Social Surveyက ရတဲ့ စစ်တမ်းတွေကို ဆန်းစစ်ကြည့်ပါတယ်။ ဒီစစ်တမ်းဟာ အချိန်ပိုင်းသုံးခု (၂၀၀၆-၂၀၁၀၊ ၂၀၀၈-၂၀၁၂ နဲ့ ၂၀၁၀-၂၀၁၄) မှာ လူပေါင်း နှစ်ထောင်ကျော်ကိုမေးမြန်းပြီးတဲ့ အချက်အလက်တွေကိုဆန်းစစ်တာဖြစ်ပါတယ်။

    အဓိကကတော့ မေးမြန်နေတဲ့အချိန်အတွင်းမှာ အပြာကား ကြည့်တဲ့ အမူအကျင့် ပြောင်းလဲသွားတဲ့ လူတွေဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် ပထမစစ်မေးတုန်းက အပြာကားမကြည့်ဘဲ နောက်တစ်ခေါက်မေးတဲ့ အချိန်မှာမှ အပြာကားကြည့်သူ (သို့) ပထမစမေးစဉ်က ကြည့်ပြီး နောက်ပိုင်းမှ မကြည့်တော့သူတွေ ဖြစ်ပါတယ်။

    ၄၄% သော ဖြေကြားသူတွေဟာ အမျိုးသမီးတွေ ဖြစ်ပြီးတော့ ၅၆% ကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။ ပထမနှစ်အပိုင်းအခြားမှာ လူပေါင်း ၆၀၆၇၊ ဒုတိယအကြိမ်မှာ ၄၆၆၈ နဲ့ တတိယနှစ် အပိုင်းအခြားမှာတော့ ၃၈၇၅ ယောက် ပါဝင်ပါတယ်။

    စစချင်းမေးစဉ်က အပြာကားမကြည့်ဘဲ ဒုတိယတစ်ခေါက်မှ ကြည့်သူတွေကို “အပြာကားစတင်ကြည့်ရှုသူ”လို့ သတ်မှတ်ပါတယ်။

    ဒီအဖြေတွေက ဘာကိုပြသလဲဆိုတော့ ထိုအပြာကား စတင်ကြည့်ရှုသူတွေမှာ နောက်တစ်ကြိမ်မေးမြန်းစဉ် အိမ်ထောင်ကွဲနိုင်ချေမှာ ၆% ကနေ ၁၁% ရှိပါတယ်။ အမျိုးသမီးတွေမှာတော့ သုံးဆပိုမိုများပြားပါတယ် (၆% ကနေ ၁၆% အထိရှိပါတယ်)။

    အိမ်ထောင်ကွဲနိုင်ခြေဟာ အသက်ငယ်ရွယ်တဲ့ စုံတွဲများကြားမှာ ပိုမိုများပြားတာကိုတွေ့ရပါတယ်။ ပထမစတင်မေးမြန်းစဉ်က ဖြေကြားသူရဲ့ အသက်ငယ်လေလေ နောက်တစ်ခါ အင်တာဗျူးချိန်မှာအိမ်ထောင်ကွဲဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ ဘာသာရေးယုံကြည်သက်ဝင်မှု မရှိတဲ့လူတွေမှာလည်းအိမ်ထောင်ကွဲနိုင်ခြေ များတာတွေ့ရပါတယ်။

    ဒီတွေ့ရှိမှုတွေအရ အပြာကားရဲ့ ရိုက်ခတ်မှုဟာ အရင်အင်တာဗျူးစဉ်က အိမ်ထောင်ရေးသုခအပြည့်အဝရရှိပါတယ်ဆိုတဲ့ အသက်ငယ်ရွယ်ပြီး ဘာသာရေးသက်ဝင်မှုမရှိတဲ့ စုံတွဲများအကြားမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။

    သို့သော်လည်း အပြာကားတွေဟာ အရင်က အိမ်ထောင်ရေးသုခမပြည့်ဝပါဘူးလို့ ဖြေကြားတဲ့လူတွေတော့ ရိုက်ခတ်မှု မတူညီပါဘူး။ ဒီလေ့လာမှုရဲ့ ပင်တိုင် စာရေးဆရာဖြစ်တဲ့ Samuel Perry က “ အပြာကားတွေဟာ ဟိုအရင်တည်းက မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတွေကိုတော့ ပိုဆိုးစေဟန် မတူပါဘူး” လို့ ကောက်ချက်ချခဲ့ပါတယ်။

    လေ့လာမှုအရ အပြာကား ကြည့်ခြင်းကို ရပ်တန့်လိုက်မယ်ဆိုရင် အိမ်ထောင်ကွဲခြင်းကို အမျိုးသမီးတွေအတွက်တော့ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ အလားတူပုံစံကို အမျိုးသားတွေမှာတော့ မတွေ့ရှိပါဘူး။ သုတေသီတွေကတော့ အမျိုးသားတွေဟာ အပြာကား ကြည့်ရာမှာတော့ တစ်သမတ်တည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် အပြာကားစတင်ကြည့်ရှုတယ်ဆိုတဲ့ လူနည်းစုဟာ ဒီအပြာကားနဲ့ အိမ်ထောင်ကွဲခြင်းဆက်စပ်မှုကို ထုတ်ဖော်ဖို့ လူနည်းလွန်းတာ ဖြစ်နိုင်ပါတယ်။

    နိဂုံးချုပ်ရမယ်ဆိုရင် လေ့လာသူများအဖွဲ့က သူတို့ရဲ့တွေ့ရှိချက်တွေဟာ အိမ်ထောင်ရေးကို ထိခိုက်နိုင်တဲ့ အချက်အလက်တွေကိုအိမ်ထောင်ရှင်တွေအတွက် ဖော်ပြထားတာဖြစ်ပြီး အပြာကား ကြည့်ခြင်းကြောင့် ရရှိလာမယ့် နောက်ဆက်တွဲပြဿနာတွေကို ထည့်သွင်းစဉ်းစားထားသင့်တယ်လို့ အကြံပေးထားပါတယ်။

    ဒီလေ့လာချက်နဲ့ ပတ်သက်ပြီး ဆက်လက်အတည်ပြုမှုတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။

    ဘာပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခု ထာဝရ တည်တံ့ခိုင်မြဲပြီး ပျော်ရွှင်သာယာစေဖို့ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် နားလည်မှု၊ ဖေးမ စာနာမှု၊ ကြင်နာ ယုယမှု၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနဲ့ သစ္စာတရားတွေက အရေးကြီးတာမို့ ဒီအချက်လေးတွေကို သတိထားကြဖို့လိုပါမယ်။

    အရေးမပါလှတဲ့ အကြောင်းအရာတစ်ခုကြောင့် တန်ဖိုးကြီးမားတဲ့ အိမ်ထောင်ရေးတစ်ခု၊ မိသားစု အသိုက်အမြုံတစ်ခု ပြိုကွဲပျက်စီးသွားရရင် ရင်သွေးတွေအတွက်ပါ အနာဂတ်မလှမပ ဖြစ်နိုင်တာမို့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သတိထားကြဖို့ လိုအပ်ပါတယ် လို့ အကြံပေးလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement