backup og meta

အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

    အမျိုးသမီးများမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် လိင်စိတ်ဆန္ဒဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာတတ်ပါတယ်။ တကယ်လို့ သင်က လိင်စိတ်ဆန္ဒ လျော့နည်းလာတာကို သတိထားမိရင် အဲဒီ အခြေအနေကို ပြောင်းလဲဖို့ လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ သင့်မှာ သာယာကျေနပ်ဖွယ် လိင်မှုကိစ္စ ရှိရင် ပိုပြီး နေပျော်လာနိုင်တာကြောင့် လိင်စိတ်ဆန္ဒ ပျောက်ဆုံးနေတဲ့ အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

    အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒအပေါ်  သက်ရောက်မှုရှိတဲ့အရာတွေက ဘာလဲ။

    လိင်ဆက်ဆံလိုစိတ်ရှိခြင်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာခြင်း မကျန်းမာခြင်းကို ထင်ဟပ်နေပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး လိင်နဲ့ဆိုင်တဲ့ပြဿနာကတော့ လိင်စိတ်ကျဆင်းခြင်း (သို့) လိင်ဆက်ဆံလိုစိတ် မရှိခြင်းဖြစ်ပါတယ်။

    ဥပမာ သွေးဆုံးကိုင်တဲ့အခါ သင့်ကိုယ်ထဲက အီစထရိုဂျင် (Estrogen)နဲ့ ပရိုဂျက်စတိုဂျင် (Progesterone) ဟော်မုန်းတွေကို ကျစေတဲ့အတွက် သင့်လိင်စိတ်ကို ကျဆင်းစေနိုင်တယ်။ သင့်ကိုယ်ထဲရှိ ဟော်မုန်းတွေ လျော့နည်းသွားသောအခါ သင့်မိန်းမကိုယ် ခြောက်သွေ့ပြီး လိင်ဆက်ဆံလိုစိတ်မရှိ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် တချို့သော ရိုးရာယုံကြည်မှုတွေအရ သွေးဆုံးတာဟာ လိင်ကိစ္စရဲ့ နောက်ဆုံး အခြေအနေလို့ ယူဆကြတယ်။

    သင့်ကျန်းမာရေး၊ သွေးဆုံးကိုင်ခြင်း၊ အသက်အရွယ်၊ ခန္ဓာကိုယ်ပြောင်းလဲခြင်းတို့က လိင်စိတ်ကို ကျဆင်းစေတယ်ဆိုပေမယ့် လုံးဝရပ်တန့်စေမှာတော့ မဟုတ်ပါဘူး။ သင့်ရဲ့ လိင်စိတ်ဆန္ဒကိုပြန်လည် ရရှိအောင် လွယ်ကူရိုးရှင်းတဲ့နည်းတွေသုံးနိုင်ပါတယ်။

    အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

    အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒပြန်ရအောင် လုပ်ပေးနိုင်တဲ့ အချက်တွေများစွာ ရှိပါတယ်။ အရင်ဆုံးတော့ ကိုယ်လိင်စိတ်နည်းနေရတာက တကယ်ကို စိတ်မပါတာလား ဒါမှမဟုတ် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်က တားဆီးနေတာလားဆိုတာကို သိဖို့ လိုပါတယ်။

    ဥပမာ ကိုယ်က စိတ်ရှိပေမယ့် ခါးနာနေလို့ ဒါမှမဟုတ် အတူနေတိုင်းမှာ မိန်းမကိုယ်က နာနေလို့ လိင်ဆက်ဆံဖို့ စိတ်မပါတော့တာဆိုရင် ဒီကျန်းမာရေးပြဿနာကို ဖြေရှင်းလိုက်တာနဲ့ ပြေလည်သွားမှာပါ။ ဒီလိုမဟုတ်ဘဲ စိတ်ကို မရှိတာဆိုရင်တော့ အောက်က နည်းလမ်းတွေကို အသုံးပြုကြည့်ပါ။

    • ချောဆီသုံးပါ။ 

    သင့်မိန်းမကိုယ် ခြောက်သွေ့တာအတွက် ချောဆီအသုံးပြု ပြီး လိင်ဆက်ဆံလို့ ရပါတယ်။ ဒါ့ပြင် ချောဆီအသုံးပြုခြင်းက သင်လိင်ဆက်ဆံရာမှာ ပိုပြီး သက်သောင့်သက်သာ ဖြစ်စေဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

    • နူးနပ်ဖို့ အချိန်ယူပါ။

    လိင်စိတ်နည်းနေတဲ့ အမျိုးသမီးတွေအတွက် တန်းပြီး လိင်ဆက်ဆံလိုက်တာထက် နူးနပ်ဖို့က အခရာပါ။ Foreplayအတွက် အချိန်ပိုယူတာ၊ သူနှစ်သက်တဲ့ အနေအထားနဲ့ လှုံ့ဆော်ပေးတာက လိင်စိတ်ကို ပြန်လည်တက်ကြွစေမှာပါ။

    • လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းမျှခြေကို ထိန်းပေးလို့ လိင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းတွေ ပြန်ငြိမ်လာပါလိမ့်မယ်။ ဘောနပ်စ်အနေနဲ့ လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို လှပစေလို့ ကိုယ့်ကိုယ်ကို အတူနေဖို့ ယုံကြည်ချက် ရှိလာပါလိမ့်မယ်။

    • စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အနေအထားနဲ့ ဆက်ဆံကြည့်ပါ။

    ပုံမှန်အတူနေနေကျ ပုံစံမျိုးထက် တစ်ခါမှ မနေဖူးတဲ့ပုံစံကို စမ်းကြည့်ပါ။ တစ်ခါ‌တလေ ကိုယ်မနေဖူးတဲ့ ပုံစံက ကိုယ့်ကို ပိုကောင်းတဲ့ ခံစားချက်မျိုး၊ အသစ်အသစ်သော ခံစားချက်မျိုးတွေ ပေးနိုင်ပါတယ်။

  • ဖွင့်ပြောဖို့ မရှက်ပါနဲ့။
  • ကိုယ်က ဘယ်လိုအနေအထားကို ကြိုက်တယ်၊ ဘယ်လိုဆိုရင်တော့ လိင်စိတ်ခံစားမှု ပိုကောင်းတယ်ဆိုတာ ကိုယ့်အဖော်ကို ပြောဖို့ မရှက်ပါနဲ့။ ကိုယ်ဖြစ်သလို မနေရတဲ့အခါ၊ လိင်စိတ်ဆန္ဒ မပြည့်ဝတဲ့အခါမျိုးဆို ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒက တဖြည်းဖြည်းနဲ့ ပျောက်သွားနိုင်ပါတယ်။

    • ပြင်ပြင်ဆင်ဆင် နေပါ။

    လှရမယ်၊ ချောရမယ်၊ အပြစ်အနာအဆာ ကင်းရမယ် မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင် နေပါ။ ဒီခေတ်မှာ ကိုယ့်ကိုယ်ကို လှအောင် လုပ်နိုင်တဲ့ နည်းတွေ အများကြီး ရှိနေပြီမလား။ အသက်ဘယ်လောက်ပဲ ဖြစ်နေပါစေ။ ကိုယ့်ကိုယ်ကို နုပျိုအောင် လုပ်လို့ ရနေပြီလေ။

    အမျိုးသမီးတွေ လိင်စိတ်ဆန္ဒ နည်းလာရတဲ့ အကြောင်းရင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့တာကြောင့်လည်း ပါပါတယ်။ ဝနေလို့၊ မတင်းရင်းတော့လို့၊ မည်းနေလို့ စသဖြင့် တွေးမနေဘဲ ကိုယ့်ကိုယ်ကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ပြင်ဆင်ဆင်နေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် နေပါ။

  • ကိုယ့်ကိုယ်ကို အနားပေးပါ။
  • နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုများတာ၊ အလုပ်ရှုပ်တာ၊ အိပ်ရေးပျက်တာ၊ အစားအသောက်ပျက်တာတွေက လိင်စိတ်ဆန္ဒတွေကို သတ်ပစ်လိုက်သလိုပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးဖို့၊ အနားယူဖို့ မမေ့ပါနဲ့။

    • ကိုယ့်အဖော်နဲ့ အနေမဝေးပါစေနဲ့။

    ကိုယ်စီ အလုပ်တွေများတဲ့အခါ၊ သားရေးသမီးရေးတွေနဲ့ အချင်းချင်း အချိန်ပေးဖို့ မေ့တဲ့အခါ အချင်းချင်း မသိလိုက်ဘဲ အနေဝေးသွားတတ်ပါတယ်။ ဒီတော့ စိတ်ဆန္ဒတွေလည်း အေးသွားနိုင်တာပေါ့။ ဒီတော့ စိတ်လွတ်ကိုယ်လွတ် ခရီးထွက်ပါ။ နှစ်ယောက်တည်း ညစာစားတာ၊ အချိန်ဖြုန်းတာတွေ လုပ်ကြည့်ပါ။ Honey moon ပြန်ထွက်တာ၊ လက်မထပ်ခင်အချိန်တွေကို ပြန်သွားကြည့်ပါ။

    အမျိုးသမီးတွေမှာ လိင်စိတ်ဆန္ဒနည်းတာက ဖြစ်တတ်တဲ့ ကိစ္စဆိုပေမယ့် ရှင်းလို့ မရတာတော့ မဟုတ်ပါဘူး။ ကိုယ့်အဖော်နဲ့အတူ ကြိုးစားကြည့်ရင် မကြာခင်မှာ ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝကို ပြန်ရနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement