တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 13, 2020 . 2 mins read
Share now

သန္ဓေတားတဲ့ နည်းတွေ အများကြီးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ သောက်ဆေး၊ ၃ လခံထိုးဆေးလက်မောင်းတွင်းထည့် ပစ္စည်း နဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းဆိုပြီး အမျိုးမျိုးရှိတဲ့အနက် ကိုယ်နဲ့သင့်တော်တဲ့ သန္ဓေတားနည်းကို ရွေးပြီး အသုံးပြုနေကြတဲ့သူချည်းပါ။ သန္ဓေတားနည်းတိုင်းမှာ သူ့ ဆိုးကျိုးနဲ့သူရှိတာကြောင့် သူတို့နဲ့မတည့်တဲ့သူတွေရှိတာကြောင့် တစ်ခုသုံးရတာ အဆင်မပြေလို့ နောက်တစ်ခု ပြောင်းလိုက်တာမျိုးတွေရှိတတ်ပါတယ်။ အဲဒီ အထဲမှာ အများဆုံးကတော့ တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းတာပါပဲ။ ပြောင်းလို့ရတယ်ဆိုပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာ ကြည့်ရအောင် ။ ။

တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းရင် ဘယ်လို အချက်တွေ လိုက်နာရမလဲ ။ 

အဆင့် ၁ – ကိုယ်က ဘယ်လိုတားဆေးမျိုး သောက်မလဲဆိုတာ အရင်ရွေးပါ။ ဟော်မုန်း နှစ်မျိုးပါတာလား၊ တစ်မျိုးတည်းပါတဲ့ဟာလား၊ ဟော်မုန်း ပမာဏ နည်းတဲ့တားဆေးသောက်ဆေးကို ရွေးဝယ်မလားဆိုတာ အရင်ဆုံးရွေးပါ။ အမျိုးအစားတစ်ခုချင်းဆီတိုင်းမှာ အာနိသင်နဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိကြတဲ့အတွက် ကိုယ်နဲ့ အသင့်တော်ဆုံးတစ်ခုကို ဆရာဝန်နဲ့တိုင်ပင်ပြီး သုံးတာသာ အကောင်းဆုံးပါ။

အဆင့် ၂ – သောက်ရမယ့် တားဆေး အမျိုးအစားကို ရွေးချယ်ပြီးပြီဆိုရင် တားဆေးထိုးဆေးထိုးထားရာကနေ သောက်ဆေးကို ဘယ်အချိန်မှာ စပြောင်းသောက်ရမလဲဆိုတာ ဆရာဝန်ကို မေးကြည့်ဖို့ပါ။ အများအားဖြင့်တော့ ၃ လခံထိုးဆေးနောက်တစ်ကြိမ်ထပ်ထိုးရမယ့်ရက်မှာ တားဆေးပြောင်းသောက်လို့ရပါတယ်။ အလွန်ဆုံး ထိုးရမယ့် အချိန်ထက် နှစ်ပတ်ပဲ နောက်ကျလို့ရပါတယ်။ နှစ်ပတ်အတွင်းမှာ ၃လခံထိုးဆေးဆက်ထိုးတာ ဒါမှမဟုတ် သောက်ဆေး ပြောင်းသောက်တာ လုပ်လို့ရပါတယ်။ နှစ်ပတ်ကျော်သွားရင်တော့ ကိုယ်ဝန်ရှိမရှိ စစ်ပြီးမှ တားဆေးပြန်သုံးသင့်ပါတယ်။

အဆင့် ၃ – သောက်ဆေးသောက်မယ်ဆိုရင်လည်း လုံးဝကို မမေ့ဘဲ သောက်ဖို့အတွက် အိတ်ထဲမှာ သောက်ဆေးကဒ်ကို အမြဲဆောင်ထားဖို့လိုပါတယ်။ ဒါမှ လိုတဲ့အချိန်သောက်လို့ရအောင်ပါ။

အဆင့် ၄ – အရေးကြီးဆုံး အချက်ကတော့ နေ့တိုင်း မပျက်မကွက်သောက်ဖို့ပါပဲ။ ထိုးဆေးတုန်းကတော့ ၃ လမှတစ်ခါထိုးရတယ်ဆိုတော့ မေ့မေ့လျော့လျော့ နေလို့ရပေမယ့် သောက်ဆေးကျတော့ နေ့တိုင်း မပျက်မကွက်သောက်မှ သူ့အာနိသင်ထိရောက်မှာပါ။ ဒါ့ကြောင့် ဖုန်းထဲမှာ alarm လုပ်ထားပြီး နေ့တိုင်းဆေးသောက်ဖို့ ကိုယ့်ကိုကိုယ် သတိပေးပါ။

အဆင့် ၅ – တားဆေးသောက်ဆေးမှာ သူ့ဆိုးကျိုးလည်းရှိတဲ့အတွက် သောက်ဆေးပြောင်းလိုက်လို့ ခံစားရတဲ့ ဝေဒနာကို ဆရာဝန်ဆီ သေချာပြောပြဖို့လိုပါတယ်။ ဒါမှ သောက်ဆေးနဲ့တည့်မတည့် ဆရာဝန်က သေချာသိပြီး ဆေးပြောင်းသင့်ရင်လည်း ပြောင်းမှာဖြစ်ပါတယ်။

နောက်ထပ်သိထားသင့်တဲ့အချက်တွေကတော့

  • တားဆေးသောက်ဆေးရော ၃ လခံထိုးဆေးရော နှစ်ခုလုံးက ကိုယ်ဝန်မရအောင်သာ တားဆီးပေးပြီး လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုတော ကာကွယ်မပေးပါဘူး။
  • သောက်ဆေးရဲ့ ဆိုးကျိုးနောက်တစ်ခုက တချို့တွေမှာ  ရာသီလာရင် သွေးခဲတွေ အများကြီးဆင်းစေတာပဲဖြစ်ပါတယ်။
  • အသက် ၃၅ နှစ်နောက်ပိုင်း အမျိုးသမီးတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ အသည်းရောဂါ၊ နှလုံးရောဂါ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေ တားဆေးသောက်ဆေး သောက်ဖို့ မသင့်တော်ပါဘူး။
  • ဆီးချိုတို့ နှလုံးရောဂါတို့ သွေးတွင်းအဆီများတာမျိုးတွေ ရှိနေတဲ့ အမျိုးသမီးတွေကတော့ တားဆေးသောက်ဆေး သောက်ဖို့သင့်တော်မတော်ဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ် ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကိုဗစ်ကာလ မှာ သားဆက်ခြားကျန်းမာရေးကလည်း ကြုံတွေ့ရမယ့် ပြဿနာ တစ်ခုပါပဲ။ အမျိုးသမီးများအနေနဲ့ သားဆက်ခြားနည်းလမ်းတွေကို စနစ်တကျ သုံးတတ်ဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကင်ဆာရောဂါများ, ရင်သားကင်ဆာ အောက်တိုဘာ 15, 2020 . 2 mins read

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

ရင်သားကင်ဆာကို ကာကွယ်ဖို့ နည်းလမ်း တိတိကျကျ မရှိသေးပေမယ့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် လိုက်နာနေနိုင်ရမယ့် နေထိုင်မှု ပုံစံတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကင်ဆာရောဂါများ, ရင်သားကင်ဆာ အောက်တိုဘာ 15, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 22, 2020 . 2 mins read
အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 1 min read