- ကွန်ဒုံးသုံးပါ။ လတ်တလောမှာ ဆေးသွားမထိုးနိုင်ဘူးဆိုရင် အလွယ်ဆုံးနည်းလမ်းက ကွန်ဒုံးသုံးတာပါပဲ။
- အရေးပေါ်တားဆေးကိုတော့ သိပ်အားမပေးပါဘူး။ ခဏခဏဖြစ်လာရင် တားဆေးအာနိသင်ကျလာပါတယ်။ မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။
- အပြင်မှာ ပြီးတာကလည်း ဒီတိုင်းပါပဲ။ သိပ်စိတ်မချရပါဘူး။
- နောက်တစ်ခုကတော့ သောက်ဆေးကို ခဏပြောင်းထားနိုင်ပါတယ်။
သောက်ဆေးပြောင်းမယ်ဆိုရင်
သောက်ဆေးပြောင်းမယ်ဆိုရင် ကောင်းတာက ဆရာဝန်နဲ့ တိုင်ပင်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ တားဆေးတိုင်းက လူတိုင်းနဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် ပြောင်းတာထက်စာရင် ဆရာဝန်နဲ့ အရင်တိုင်ပင်တာက ပိုကောင်းပါတယ်။
ဒီလိုလူတွေကတော့ ဆရာဝန်နဲ့ တိုင်ကို တိုင်ပင်သင့်ပါတယ်။
- ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ
- သွေးခဲရောဂါရှိတဲ့ သူတွေ
- အရင်က နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ ဖြစ်ဖူးတဲ့သူတွေ
- အသက်၃၅နှစ်အထက်တွေ
- ဆီးချို၊ သွေးတိုးရှိတဲ့သူတွေ
- သွေးတွင်းအဆီဓာတ်များတဲ့သူတွေ
- ခေါင်းတစ်ခြမ်းကိုက်တဲ့သူတွေ
- အဝလွန်တဲ့သူတွေ
- ရင်သားကင်ဆာရှိတဲ့ သူတွေ
- အိပ်ရာထဲမှာ အကြာကြီး လဲနေတဲ့သူတွေ
ဒီလူတွေကတော့ တားဆေးမသောက်တာ ပိုကောင်းပါတယ်။
ဆရာဝန်ကို မေးတာက ဒီခေတ်မှာ မဖြစ်မနေဆေးခန်းသွားဖို့ မလိုပါဘူး။ Telemedicineတွေ ပေါ်နေပြီဖြစ်တာကြောင့် အွန်လိုင်းကနေပဲ တိုင်ပင်လို့ ရနေပါပြီ။
ပြောင်းနည်းကို အောက်မှာ အကြမ်းရှင်းပြပေးပါ့မယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
- ပြောင်းသောက်မယ်ဆိုရင် အရင်ဆုံး ဆေးပြန်ထိုးရမယ့်ရက်က ဘယ်ရက်လဲဆိုတာကို အရင်သတ်မှတ်ပါ။
- ၃လခံဆေးဆို ၁၂ပတ်ခြား တစ်ခါ ထိုးရပါတယ်။
- ထိုးရမယ့်ရက်မှာ သောက်လို့ရပါတယ်။
- ၁၂ပတ်ကျော်သွားလည်း ၁၅ပတ်အတွင်းဆို သောက်လို့ရပါတယ်။
- ၁၅ပတ်ကျော်သွားရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။
- ဆေးသောက်တဲ့နေရာမှာ ရာသီလာတာကို စောင့်စရာမလိုပါဘူး။
- ထိုးဆေးတွေက အများအားဖြင့် ရာသီမမှန်တတ်ပါဘူး။
- ဒါကြောင့် ဆေးပြောင်းသောက်မယ်ဆိုရင် ၁၂ပတ်ပြည့်တဲ့နေ့မှာ ရာသီလာလာ မလာလာ ပြောင်းသောက်နိုင်ပါတယ်။
- တားဆေးသောက်မယ်ဆိုရင် နေ့တိုင်း အချိန်မှန်မှန်သောက်ဖို့လိုပါတယ်။
ထိုးဆေးကနေ တားဆေးပြောင်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လတ်တလောမှာ ဆေးခန်းသွားဖို့ မလွယ်တဲ့သူတွေအတွက် မလိုချင်တဲ့ ကိုယ်ဝန်ကို လတ်တလောမှာ အလွယ်တားထားစေချင်တာပါ။ တားဆေးသောက်ရင် အဆင်ပြေရင် ဆက်သောက်ပါ။ အဆင်မပြေရင်လည်း ဆရာဝန်ကို ပြန်ပြောပြီး ပြန်ထိုးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။