အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။
Hoarseness ဆိုတာက အသံပြာသွားတာ၊ အသံဝင် သွားတာပါ။ အော်ရင်းဟစ်ရင်း အလွန်အကျွံဖြစ်သွားရင် ဒါမှမဟုတ် အားကုန်သွားတာမျိုးဖြစ်ခဲ့ရင် ဒီပြဿနာကြုံရနိုင်ပါတယ်။ လည်ချောင်းနာရင်လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လည်း အဖျားရောဂါပိုး ကူးစက်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အသံဝင် တာကို အဖြစ်စေနိုင်ဆုံးကိစ္စကတော့ အော်ဟစ်ပြောဆိုတာ၊ အော်ဟစ်ကြွေးကြော်တာမျိုးတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါက ယာယီကိစ္စဖြစ်ပေမယ့် အင်တိုက်အားတိုက် ကြွေးကြော်ပြောဆိုမှုတွေလုပ်မိရင် အသံဝင်သွားတတ်တာက သဘာဝကိစ္စဖြစ်ပါတယ်။
အသံဝင်ရာမှာ အော်ဟစ်ကြွေးကြော်မှုတွေကြောင့် သာမန် အသံဝင်တာနဲ့ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာကြောင့် အသံဝင်တာဆိုပြီး အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။
အသံဝင်ခြင်းကို အများဆုံးဖြစ်စေတဲ့ ကိစ္စက အထက်မှာပြောခဲ့သလို အော်ဟစ်ခြင်းနဲ့ အာပေါင်အာရင်းသံသံနဲ့ ပြောဆိုခြင်းတွေကြောင့်ပါပဲ။ အားကစာပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ လူစုလူဝေးအခမ်းအနားတွေမှာ အချိန်ကြာမြင့်စွာ အော်ဟစ်အားပေးရင်းနဲ့ အသံဝင်တာမျိုး မကြာခနကြုံရတတ်ပါတယ်။
ကျန်းမာရေးပြဿနာကြောင့်မဟုတ်ပဲ ဒီလို အခြေအနေမျိုးတွေကြောင့် အသံဝင်ခြင်းနဲ့ ကြုံလာရမယ်ဆိုရင် အလွယ်တကူဖြေရှင်းလို့ရမယ့် နည်းလမ်းတွေရှိပါတယ်။
အောက်ပါနည်းလမ်းလေးတွေဟာ အော်ဟစ်ကြွေးကြော်လို့ဖြစ်လာတဲ့ အသံဝင်ခြင်းကို တားဆီးဖို့နဲ့ ဖြစ်လာခဲ့ရင် ပြန်လည်သက်သာစေပြီး အသံထွက်လာစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။
များသောအားဖြင့်တော့ အသံဝင်သွားတာမျိုးက အချိန်တစ်ခုယူပြီးရင် ပြန်သက်သာလာတတ်ပါတယ်။ သိပ်ပြီးပြင်းထန်တဲ့ ကျန်းမာရေးပြဿနာမျိုးမဟုတ်ပါဘူး။ အရည်များများသောက်တာ၊ အသံသိပ်မထွက်တော့အောင် နားလိုက်တ၊ စိုထိုင်းစများတဲ့လေထုကို ရှုရှိုက်တာမျိုးတွေက သက်သာစေတဲ့ နည်းလမ်းတွေပါ။
ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အသံဝင် တာဟာ ကျန်းမာရေး ပြဿနာဖြစ်နေတတ်ပါတယ်။ ပေါ့လျော့လို့မရတာမျိုးဖြစ်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ နာတာရှည် လည်ချောင်းနာဝေဒနာရှိနေတာမျိုး၊ အရက်အလွန်အကျွံသောက်သုံးတာမျိုးနဲ့ ရင်ပူတာတာမျိုးတွေကြောင့် အသံဝင်သွားခဲ့ရင်တော့ ဆေးဝါးကုသမှု ခံယူတာက ပိုသင့်လျော်တဲ့ နည်းလမ်းပါ။
အစာခြေရည်ပြန်ဆန်တက်တာ (acid reflux) ၊ oral thrush နဲ့ yeast infection တို့လို ကျန်းမာရေးပြဿနာတွေကလည်း အသံဝင်စေတယ်လို့ လေ့လာချက်တွေကဆိုထားတာရှိပါသေးတယ်။
ဒီလိုအခြေအနေမျိုးတွေမှာဆိုရင်တော့ Antibiotics ဆေးဝါးတွေ၊ Corticosteroids ဆေးဝါးတွေကို တိုက်ကျွေးပြီး ကုသနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း voice therapy လိုနည်းလမ်းတွေနဲ့လည်း သက်သာအောင် ကုစားနိုင်ပါသေးတယ်။ တချို့သော ပြင်းထန်အခြေအနေမျိုးတွေမှာဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့အထိ ဖြစ်နိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။