backup og meta

နေ့စဉ်နဲ့အမျှ အရေးကြီးလာတဲ့ လေထုသန့်စင်မှု

နေ့စဉ်နဲ့အမျှ အရေးကြီးလာတဲ့ လေထုသန့်စင်မှု

အသက်ရှင်နေသမျှကာလပတ်လုံးနေ့စဉ်နဲ့အမျှလေကိုရှုသွင်းနေရတယ်နော်။ ဒါဆို နေ့စဉ်ရှုသွင်းနေတဲ့ လေထုက သန့်စင်ဖို့ အရေးမကြီးဘူးလား။လေထုအရည်အသွေးကျဆင်းလာနေတယ်ဆိုတာကလည်းနေ့စဉ်လိုလိုကြားနေရတဲ့သတင်းတွေထဲကတစ်ခုပါနော်။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကိုလေထုညစ်ညမ်းလာတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာလေထုညစ်ညမ်းတာကိုဖြေရှင်းဖို့ မတတ်နိုင်ပေမယ့် ကိုယ်တိုင်နဲ့ မိသားစုကျန်းမာရေးအတွက်တော့ အိမ်တွင်းေလထုသန့်စင်အောင်လုပ်ဖို့တော့ တတ်နိုင်ပါသေးတယ်နော်။ ဒီတစ်ခေါက်တော့ ချစ်ရတဲ့ Helloဆရာဝန်ပရိသတ်ကြီးအတွက် အိမ်တွင်းလေထုသန့်စင်နည်းလေးတွေပြောပြပေးမယ်နော်။

ဒီအချက်တွေကြောင့် အခန်းတွင်းလေထုကိုညစ်ညမ်းစေနိုင်ပါတယ်

အိမ်တွင်းကလေထုသန့်စင်ဖို့အတွက် မဖြစ်မနေလုပ်ရမယ့်အချက်လေးတွေရှိပါတယ်။ ဒါကတော့ အိမ်သန့်ရှင်းရေးဂရုစိုက်တာပါ။ အခန်းတွင်းကဖုန်မှုန့်တွေ၊ ကြပ်ခိုးတွေကိုသေချာသန့်စင်မယ်။ ကြမ်းပြင်ကိုလည်းသေချာလေးသုတ်သင်မယ်။ အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တွေကိုလည်းခြောက်သွေ့သန့်ရှင်းအောင်ထားမယ်ဆိုရင် မှိုနဲ့ဘက်တီးရီးယားတွေတော်တော်လေးကင်းသွားမှာပါ။ ဒီနေရာမှာသိထားဖို့လိုမှာက အပြင်းစား ဓါတုပစ္စည်းတွေကို မသုံးမိဖို့ပါ။ အပြင်းစားဓါတုပစ္စည်းတွေကလည်း အခန်းတွင်းလေထုသန့်စင်မှုကို ထိခိုက်စေနိုင်ပါတယ်နော်။

လေထုမသန့်စင်ရင် ဘာဖြစ်လာမလဲ

လေထုညစ်ညမ်းမှုကြောင့် အခုလိုမျိုးကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့

လေထုညစ်ညမ်းတဲ့အခါလေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်းစနစ်၊သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီးအဆုတ်၊နှလုံး နဲ့ဦးနှောက်တို့ထိခိုက်ပျက်စီးနိုင်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

လေထုညစ်ညမ်းမှုကြောင့် –

  • နှလုံးသွေးကြောဆိုင်ရာရောဂါ
  • အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ
  • ခေါင်းကိုက်မယ်
  • စိတ်ဖိစီးမယ်
  • လည်ချောင်းတွေစပ်မယ်
  • အဆုတ်ထိခိုက်တာ
  • မောပန်းလွယ်တာ
  • မအီမသာဖြစ်တာ
  • အသက်ရှုလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေပျက်စီးတာဖြစ်နိုင်ပါတယ်။

လေထုညစ်ညမ်းမှုကို ကလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –

  • အဆုတ်တွေကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်တယ်
  • အဆုတ်ရောင်ရောဂါခံစားရနိုင်တယ်
  • ပန်းနာရင်ကြပ်ရောဂါခံစားရနိုင်တယ်
  • လေပြွန်ရောင်ခြင်းဝေဒနာခံစားရနိုင်တယ်
  • အဆုတ်ကင်ဆာခံစားရနိုင်တယ်
  • အရွယ်မတိုင်ခင်သေဆုံးတာမျိုးဖြစ်နိုင်တယ်
  • နှလုံးထိခိုက်နိုင်တယ်
  • နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်တယ်
  • အသည်းထိခိုက်တာခံစားရနိုင်တယ်
  • ပန်ကရိယထိခိုက်နိုင်တယ်
  • သွေးတွင်းမှာ ညစ်ညမ်းတဲ့အရာတွေဝင်ရောက်နိုင်တယ်
  • အာရုံကြောစနစ်ထိခိုက်နိုင်တယ်
  • ကိုယ်ခံအားနည်းတာကြောင့်ရောဂါဝင်လွယ်လာမယ်။

အိမ်တွင်းလေထုသန့်စင်စေဖို့

အိမ်တွင်းသန့်ရှင်းရေး ဦးစားပေး

အိမ်တွင်းလေထုသန့်စင်ဖို့ဆိုရင် အရင်ဆုံးအပေါ်မှာပြောခဲ့သလိုပဲ အိမ်ကိုအရင်ရှင်းရပါမယ်။ အသုံးမလိုတာတွေကို ဝဲပစ်လိုက်ပါ။ပြီးရင် ပုံမှန် ဖုန်စုပ်ပေးပါ။ စိုထိုင်းထိုင်းဖြစ်မနေဖို့လည်း သတိထားရပါမယ်။ အခန်းတွင်းမှာ ဆေးလိပ်သောက်တာမျိုးလည်း မလုပ်မိဖို့လိုပါမယ်နော်။

လေသန့်စက်တပ်ဆင်ပါ

အိမ်တွင်းလေသန့်စက်လေးတွေတပ်ဆင်တာကလည်း ကိုယ်တိုင်ကိုရော မိသားစုကိုပါ သန့်စင်တဲ့လေထု ရှုရှိုက်မိစေမှာပါ။ အိမ်ခန်းတိုင်းမှာ မတပ်ဖြစ်ရင်တောင် တစ်အိမ်လုံးမှာ ၂ ခုလောက်တော့ တပ်ထားပေးပါ။

ခြံထဲမှာ သစ်ပင်တွေစိုက်ထားပါ

ကိုယ်ပိုင်ခြံနဲ့နေတာဆိုရင်တော့ခြံထဲမှာ အရိပ်ရတဲ့ အပင်လေးတွေစိုက်ထားပေးပါ။လေထုကိုသန့်စင်စေရုံတင်မကပါဘူး။နွေရာသီမှာအေးမြမှုကိုပါပေးစွမ်းနိုင်ပါသေးတယ်နော်။

ဗီနီကာသုံးပေးပါ

ဇလုံသေးသေးလေးတစ်လုံးယူပြီး ဗီနီကာကို ပန်းကန်တစ်ဝက်စာထည့်လိုက်ပါ။ပြီးရင် တစ်သျှူးစလေးတွေထည့်စိမ်ပေးပြီး အခန်းထောင့်လေးတွေမှာ ထားပေးပါ။ အနံ့ပြင်းနိုင်ပေမယ့် အခန်းတွင်းလေထုကိုတော့ သိသိသာသာသန့်စင်သွားစေမှာပါ။ရေမြှုပ်လေးတွေကို စိမ်ပေးလို့လည်းရပါတယ်။

ပျားဖယောင်းတိုင် သုံးမယ်

ဓါတုပစ္စည်းတွေမပါဘဲ ပျားဖယောင်းစစ်စစ်ကို သုံးပြီး လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်ပေးတာကလည်း အခန်းတွင်း ကအဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အခန်းတွင်းလေထုသန့်စင်ချင်တယ်ဆိုရ်ငတော့ ပျားဖယောင်းစစ်စစ် ဖယောင်းတိုင်လေးကို သုံးပေးလို့ရပါတယ်။

ဆားမီးခွက်ထွန်းမယ်

ပန်းရောင်ရှိတဲ့ ဟိမဝန္တာဆားက သဘာဝအဆိပ်အတောက်ဖြေဆေးတစ်ခုပါ။ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်နော်။ အိမ်ခန်းတွင်းမှာ ဟိမဝန္တာဆားမီးခွက်လေးထွန်းပေးတာကလည်း အခန်းတွင်းလေထုကို သန့်စင်ဖို့ အထိရောက်ဆုံးအားပေးနိုင်ပါတယ်။

မီးသွေးသုံးမယ်

မီးသွေးကရေထုကို သန့်စင်ပေးနိုင်သလိုလေထုကိုလည်း သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ စုပ်ယူမငအားကောင်းတဲ့ မီးသွေးခဲလေးတွေကို ခွက်လေးတစ်ခုနဲ့ထည့်လို့ အခန်းထဲမှာ ထားလိုက်ပါ။

အခန်းတွင်းစိုက်လို့ရတဲ့ အပင်လေးတွေစိုက်ပေးပါ

အခန်းတွင်းမျာစိုက်လို့ရတဲ့ အပင်သေးသေးလေးတွေကို စိုက်ပေးပါ။ ဒါကမျက်စိအမြင်ကိုတင်အေးစေရုံမကဘဲလေထုကိုပါသန့်စင်စေလို့တော်တော်လေးအဆင်ပြေစေမှာပါနော်။

အခန်းတွင်းလေထု သန့်သန့်လေးကိုရှုရှိုက်လို့ပျော်ရွှင်ကျန်းမာတဲ့ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ Helloဆရာဝန်ပရိသတ်ကြီးရေ……….

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Ways To Purify Home Air Naturallyhttps://www.naturallivingideas.com/8-ways-to-purify-home-air-naturally/ Accessed Date 21 March 2019

5 Natural Ways to Fight Indoor Air Pollutionhttps://biofriendlyplanet.com/eco-awareness/air-quality/air-pollution/5-natural-ways-to-fight-indoor-air-pollution/ Accessed Date 21 March 2019

3 Natural Ways to Clean Indoor Airhttps://wellnessmama.com/4629/clean-indoor-air/ Accessed Date 21 March 2019

38 Ways To Clean Your Home’s Air Naturallyhttps://www.criticalcactus.com/how-to-clean-home-air-naturally/ Accessed Date 21 March 2019

ယခုပုံစံ

07/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျွန်ုပ်တို့အားလုံးအတွက်စိုးရိမ်ဖွယ် ဆိုးရွားလာသောလေထုအရည်အသွေး

လေထုညစ်ညမ်းခြင်းနှင့် ကလေးစိတ်ဝေဒနာ ဆက်နွယ်မှု



Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement