backup og meta

တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

    မိုးလေးအေးပြီး တုပ်ကွေးဖြစ်လွယ် ဖျားနာလွယ်တဲ့ မုတ်သုံကာလကို ရောက်လာပြီနော်။ မုတ်သုံရောက်ပြီဆိုရင် အအေးမိ တုပ်ကွေး ဖြစ်နိုင်ခြေက အခြား ရာသီတွေထက် ပိုများနေပါတယ်။ ဒီကာလမှာ မဖြစ်မနေ တုပ်ကွေးဖြစ်မှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဂရုစိုက် စောင့်ရှောက်နိုင်လဲ ဆိုတာကလည်း လိုပါသေးတယ်။ ဒီတော့ တုပ်ကွေး အဖြစ်များတဲ့ မုတ်သုံမှာ တုပ်ကွေးကာကွယ်ဖို့ လိုက်နာသင့်တဲ့ အရာတစ်ခုအကြောင်း ပြောပြပေးပါရစေ။

    တုပ်ကွေး မဖြစ်စေဖို့ လိုက်နာသင့်တဲ့ အရာတစ်ခု

    တုပ်ကွေးကလည်း အခြားရောဂါတွေလိုပါပဲ။ မဖြစ်ခင်က ကြိုတင် ကာကွယ်တာ အကောင်းဆုံးပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် တုပ်ကွေးရောဂါကနေ ကာကွယ်ဖို့ဆိုရင် မဖြစ်မနေ လိုက်နာဖို့ လိုမှာက တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ဖို့ပါ။

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာက တုပ်ကွေးကိုတင် မဟုတ်ဘဲ တခြားအသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ရာ​ရောက်ပါတယ်။ ဒီတော့ နေ့စဉ် ဘဝမှာ ရောဂါပိုး ကူးစက်ခံရမှု ကင်းစေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို လိုက်နာကြဖို့ ပြောပါရစေ။

    တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါလို့ ပြောရတဲ့ အကြောင်းအရင်း

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ရာလည်း ရောက်ပါတယ်။ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်သေးတာကလည်း တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်မှုရဲ့ အားသာချက်ပါ။

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပေးတဲ့အထဲကမှ အလွယ်ဆုံး နည်းလမ်းဖြစ်တဲ့ လက်ဆေးတာက ရောဂါ တော်တော်များများ ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုပြောရတာက လက်ဆေးလိုက်တဲ့အခါ လက်ချောင်းမှာ  ကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို အထိရောက်ဆုံး ဖယ်ရှား လိုက်နိုင်တာ​ကြောင့် လက်ချောင်းတွေ ကနေတဆင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေဆီ ပိုးဝင်ရောက် ကူးစက်တာကနေ ကာကွယ်လိုက်နိုင်လို့ပါ။

    ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ ပိုးမွှားအများဆုံး ရှိနေနိုင်တာက အရာရာကို ကိုယ်တွယ် ထိတွေ့နေရတဲ့ လက်ချောင်းတွေ ပါ။ ဒါကြောင့် အပြင်က ပြန်လာတိုင်း၊ အစားမစားခင်၊ ညစ်ပေတဲ့ အရာတွေကို ကိုယ်တွယ်ပြီးတိုင်း လက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုလို့ စက္ကန့် ၂၀ ကြာ ဆေးကြောပေးပါ။ ဒါမှ တုပ်ကွေးကာကွယ်ဖို့ ရောဂါပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပါ။

    ရေချိုးတာက ခန္ဓာကိုယ် အရေပြားပေါ်မှာ ကပ်တွယ်နေတဲ့ ပိုးမွှားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းပါ။ မိုးရေတွေစိုလာတဲ့အခါ မိုးရေနဲ့အတူ မမြင်ရတဲ့ အရေပြားကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။ ဒီအခြေအနေမှာ  ဆပ်ပြာတိုက်ပြီး ရေသေချာ ချိုးလိုက်တာက မမြင်ရတဲ့ ဘက်တီးရီးယားတွေကြောင့် အသားအရေ ထိခိုက်တာ၊ အရေပြား ပြဿနာနဲ့ ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ ပိုးမွှားတွေကို ကာကွယ်ရာ ရောက်ပါတယ်။

    • သွားတိုက်ပါ

    သွားတိုက်တာက ခံတွင်းနံ့ကိုတင် ကောင်းမွန်စေတာ မဟုတ်ဘဲ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး အသက်ရှူလမ်းကြောင်း ကနေတဆင့် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေကို လျှော့ချပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    ခံတွင်းသန့်ရှင်း ကျန်းမာမှုက နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ခန္ဓာကိုယ်ကို အာဟာရပြည့်ဝအောင် ဖြည့်တင်းရာမှာရော ကိုယ်ခံအား ကောင်းစေဖို့ပါ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းမှတော့ တုပ်ကွေး ကာကွယ်ဖို့ အများကြီး စစ်ကူရတာပေါ့။

    လက်သည်းတွေရှည်နေတဲ့အခါ လက်သည်းတွေအောက်မှာ ဘက်တီးရီးယားတွေ အလွယ်တကူ ပုန်းအောင်းနေနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေက လက်ကနေတဆင့် ကိုယ်ခန္ဓာထဲ ရောက်ရှိမယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောတာအပြင် ကိုယ်ခံအားကို ထိခိုက်စေတာကြောင့် အအေးမိ၊ တုပ်ကွေး အလွယ်တကူ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မုတ်သုံကာလမှာ တုပ်ကွေးကာကွယ်ဖို့ ဆိုရင် လက်သည်းခြေသည်းတွေကို ပုံမှန်ညှပ်ပေးပါ။

    ဒါတွေအပြင် အာဟာရပြည့်ဝအောင်စားမယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်။ အိပ်ရေးဝအောင် အိပ်မယ်ဆိုရင် မုတ်သုံကာလမှာ တုပ်ကွေးကင်းစင်ပြီး ပျော်ရွှင်နေနိုင်မှာ အသေအချာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement