brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics မှီဝဲခြင်း အကျိုးကျေးဇူး

Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားနဲ့ prebiotics လို့ ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရတွေအကြောင်းကို အခုနောက်ပိုင်းမှာ ပိုပြီး တွင်တွင်ကျယ်ကျယ် သိလာကြပြီပဲ ဖြစ်ပါတယ်။ ဒီ Probiotics နဲ့ prebiotics တွေက အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် ခန္ဓာကိုယ်ကို အာဟာရပြည့်ဝစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics မှီဝဲခြင်း အကျိုးကျေးဇူး

ဒီလိုမျိုး ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့ Probiotics နဲ့ prebiotics တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မှီဝဲပေးမယ်ဆိုရင် အဆင်ပြေမလား။ မေမေနဲ့ဘေဘီလေးကို ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

 Probiotics [အကျိုးပြုဘက်တီးရီးယား]ဆိုတာ ဘာလဲ

Probiotics ဆိုတာက သက်ရှိဘက်တီးရီးယားလေးတွေပါ။ အစာခြေစနစ်ထဲမှာ ရှိပါတယ်။ အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်း နေထိုင်နေတဲ့ ကျန်းမာရေးအကျိုးပြု သက်ရှိ ဘက်တီးရီးယားတွေပေါ့။

အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပြီး လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိစေနိုင်တာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးပြီး ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။

Probiotics ပါဝင်နေတဲ့ အစားအစာတွေ ရှိပါတယ်။ ဒါတွေက

  • ဒိန်ချဉ်
  • မီဆို
  • ကင်မ်ချီလိုမျိုး အချဉ်စိမ်ထားတဲ့ အစားအစာတွေ
  • အချို့သော သစ်သီးဖျော်ရည်တွေပါ။

Prebiotics [အကျိုးပြုဘက်တီးရီးယား အာဟာရ] ဆိုတာ

Prebiotics ဆိုတာက အူလမ်းကြောင်းထဲမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို အာဟာရဖြည့်ပေးတဲ့ ကာဗိုဟိုက်ဒရိတ် တစ်မျိုးပါ။ အစာခြေစနစ်က မချေဖျက်နိုင်တဲ့ အမျှင်ဓာတ် တစ်မျိုးပေါ့။ Prebioticsက အကျိုးပြု ဘက်တီးရီးယားတွေ ရှင်သန်ဖို့နဲ့ ကျန်းမာနေစေဖို့ ထောက်ကူပေးပါတယ်။

Prebiotics ကို သဘာဝအတိုင်း တွေ့ရနိုင်တဲ့ အစားအစာတွေက

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics ပါတဲ့ အစားအစာတွေ စားလို့ရရဲ့လား ……..

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics ပါတဲ့ အစားအစာတွေ စားလို့ရရဲ့လား ........

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ Prebioticsပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ ရသလို ဖြည့်စွက်အာဟာရတွေကို မှီဝဲပေးလို့လည်း ရပါတယ်။ ဒါပေမယ့် supplementတွေ မသောက်ခင်မှာတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။ သဘာဝကရတဲ့ အစားအစာတွေကိုတော့ စားပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ အစာအာဟာရတွေနဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရ ပါဝင်နေတဲ့ အစာအာဟာရတွေကို မှီဝဲပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို မီးဖွားပြီးချိန်မှာ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး အစာခြေစနစ် ကျန်းမာစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး မိခင်ရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics မှီဝဲခြင်း အကျိုးကျေးဇူး

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebiotics မှီဝဲခြင်း က ကိုယ်ဝန်ကြောင့် ကိုယ်ခံအားနည်းနေတဲ့ မေမေတွေကို ကျန်းမာရေးပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာတာကြောင့် ကိုယ်ဝန်ဆောင်မေမေကို စိတ်ခံစားမှု ကောင်းစေသလို ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို ဟော်မုန်းပမာဏကို ညီမျှစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

အကျိုးပြု ဘက်တီးရီးယားတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ရှိတဲ့ မိန်းမကိုယ် မှိုပိုး ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရကတော့ အကျိုးပြုဘက်တီးရီးယားတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ ထောက်ကူပေးပြီး ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

ကိုယ်ဝန်ဆောင်မေမေကို ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီး မွေးလာမယ့် ဘေဘီလေးမှာ အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက Probiotics နဲ့ prebioticsမှီဝဲပေးမယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကိုယ်ခံအား ကောင်းစေမှာ ဖြစ်ပါတယ်။

Probiotics နဲ့ prebioticsတွေက ကိုယ်ဝန်ဆောင်မေမေရဲ့ သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးသလို ကိုယ်ဝန်ဆောင်မေမေကိုရော ဘေဘီလေးကိုပါ လုံလောက်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေနိုင်ဖို့ ထောက်ကူပေးမှာပါ။ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ မဖြစ်စေဖို့ ကာကွယ်ပေးသလို ဆီးလမ်းကြောင်း ပိုးဝင်တာ မဖြစ်စေဖို့လည်း ထောက်ကူပေးမှာပါ။

ကိုယ်ဝန်ဆောင်မေမေ Probiotics နဲ့ prebioticsစားသုံးပေးမယ်ဆိုရင်

ကိုယ်ဝန်ဆောင်ချိန်မှာ Probiotics နဲ့ prebioticsစားသုံးပေးတာက
  • မေမေရော ဘေဘီလေးပါ ကိုယ်ခံအားကောင်းစေတယ်
  • ကိုယ်ဝန်ဆောင် မေမေကို ကျန်းမာစေတယ်
  • ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ မဖြစ်စေဖို့ ကာကွယ်ပေးတယ်
  • ဘေဘီလေးကို အရေပြား ပြဿနာ ကင်းစေတယ်
  • ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးတယ်
  • ကိုယ်ဝန်ဆောင်မေမေ မိန်းမကိုယ် မှိုပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်
  • ကိုယ်ဝန်ဆောင်မေမေရဲ့ သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။