backup og meta

သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

    သူများကလေးတွေက ပျော်ရွှင်နေတာပဲ။ ထွားလည်း ထွားတယ်။ သွက်လည်းသွက်တယ် ဆိုတတွေ မြင်တိုင်း ကြားတိုင်း ကိုယ့်ကလေးကိုလည်း အဲ့လိုပဲ ထွားလည်းထွား သွက်လည်း သွက်တော်လည်း တော်စေတယ်ဆိုတဲ့ ဆန္ဒ မိခင်တိုင်း ဖြစ်မိမှာပါ။

    မိခင်မဟုတ်တဲ့ တီတီတွေ။ ဘွားဘွားတွေမှာတောင် ဒီဆန္ဒက ရှိနေနိုင်တာပါ။ ချစ်ရတဲ့ သားသားမီးမီးတွေကို အကောင်းဆုံးပဲ ဖြစ်စေချင်တာက မိဘတွေရဲ့ သဘာဝပဲလေ။ ဒီတော့ ဆန္ဒအတိုင်း သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။

    သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လိုအပ်မလဲ……………..

    အသက်ထက်တောင် တန်ဖိုးထားရတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလို ပြည့်ဝဖို့လိုမယ့် အာဟာရတွေကတော့

    • ပရိုတင်း
    • ကယ်လ်ဆီယမ်
    •  အကျိုးပြုဘက်တီးရီးယား အာဟာရ
    • ဗီတာမင် A
    • ဗီတာမင် C
    • ဗီတာမင် E
    • အမျှင်ဓာတ် စတာတွေပါ။ ဒါတွေက သားသားမီးမီးတို့ရဲ့ စားသုံးမှုမှာ မဖြစ်မနေ ပါဝင်ဖို့ လိုပါမယ်။ ဒီအာဟာရတွေကို အစားအစာတွေကနေတဆင့် ရယူနိုင်တာကြောင့် သားသားမီးမီးတို့ကို အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးနိုင်ရင်ကို အတော်လုံလောက်ပါပြီ။

    ဒီအာဟာရတွေထဲမှာမှ စားလိုက်သမျှကို အူနံရံက စုပ်ယူပြီး လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝလို့ အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် မဖြစ်မနေပါဝင်အောင် ပြင်ဆင်ပေးရမှာက အကျိုးပြုဘက်တီးရီးယား အာဟာရပါ။ ဒီအာဟာရပါမှ ကျန်တဲ့ အာဟာရတွေကို ပြည့်ဝစွာ ရရှိနိုင်မှာပါ။

    ဒီတော့ အကျိုးပြုဘက်တီးရီးယား အာဟာရပါအောင် ဘယ်လို ပြင်ဆင်ပေးရမလဲ၊ လို့ တွေးမိနေပြီလား။ အတူတူ ပြင်ဆင်ပေးရအောင်လေ။

     အကျိုးပြုဘက်တီးရီးယား အာဟာရပါအောင် ဘယ်လို ပြင်ဆင်ပေးရမလဲ……………….

    သားသားမီးမီးရဲ့ နေ့စဉ် စားသုံးမှုမှာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ အားဖြည့်ပေးတဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပါစေဖို့ဆိုရင် အခုလိုလေးတွေ ပြင်ဆင်ပေးလို့ ရပါတယ်။

    အကျိုးပြုဘက်တီးရီးယား အာဟာရလည်းပါ သားသားမီးမီးတို့လည်း ခံတွင်းတွေ့စေဖို့ဆိုရင်

    • prebiotics ကြွယ်ဝတဲ့ ဒိန်ချဉ်ထဲကို ဗီတာမင် C ပါဝင်တဲ့ ပန်းသီး၊ စတော်ဘယ်ရီစတဲ့ အသီးလေးတွေကို  ထည့်ပြီး ပြင်ဆင်ပေးတာ။
    •  ကြက်ဥ ပေါင်မုန့်ကြော်ကို prebiotics ကြွယ်ဝတဲ့ အာဟာရဖြည့်နို့နဲ့ ပြင်ဆင်ပေးတာ။
    • prebiotics ကြွယ်ဝတဲ့ ငှက်ပျောသီး ပရိုတင်းကြွယ်ဝတဲ့ ကြက်ဥနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်နေတဲ့ ဂျုံမှုန့်တို့နဲ့ သမအောင် ခေါက်ပြီး ပန်ကိတ်လေး လုပ်ကျွေးတာ။
    • သားသားမီးမီး အများစု ကြိုက်တဲ့ ဆန်ပြုတ်ထဲကို prebiotics ကြွယ်ဝတဲ့  အာဟာဖြည့်နို့မှုန့်လေး ထည့်ခေါက်ပြီး ကျွေးပေးတာ။
    •  prebiotics ကြွယ်ဝတဲ့  ဘယ်ရီသီးလေးတွေကို အာဟာရဖြည့်နို့လေးနဲ့ smoothies လုပ်ပေးတာ။
    • ပရိုတင်း ကြွယ်ဝပြီး အဆီကင်းတဲ့ ကြက်ရင်အုံသားကို prebiotics ကြွယ်ဝတဲ့ ကညွတ်လေးနဲ့ ကြော်ကျွေးတာမျိုး ပြင်ဆင်ပေးလို့ ရပါတယ်။

    အချိုပွဲကနေစလို့ နေ့စဉ် စားသုံးမှုတွေမှာ အခုလိုမျိုးလေးတွေ prebiotics (အကျိုးပြုဘက်တီးရီးယား အာဟာရ) ပါဝင်အောင် ပြင်ဆင်ပေးလို့ရပါတယ်။

    သားသားမီးမီးတို့ရဲ့ နေ့စဉ် စားသုံးမှုမှာ အခုလို အကျိုးပြုဘက်တီးရီးယား အာဟာရ ပါဝင်အောင် ပြင်ဆင်ပြီး ကျန်းမာတဲ့အစာခြေစနစ် ပြည့်ဝတဲ့ ကိုယ်ခံအားနဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတို့ ရရှိအောင် ပျိုးထောင်ပေးလိုက်ပါ မေမေ…………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement