backup og meta

ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား......

ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား......

အမျိုးသမီးတစ်ယောက် အတွက် စိတ်အလှုပ်အရှားရဆုံးအချိန်က မေမေဖြစ်မယ့် အခွင့်အရေးရဲ့ အစပျိုးချိန် ကိုယ်ဝန်ဆောင်ချိန်မှာ ပါ။ မွေးဖွားလာမယ့် ရင်သွေးလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ မွေးဖွားချင်တဲ့ဆန္ဒ မိခင်တိုင်းမှာ ရှိပါတယ်။ ဒီဆန္ဒလေးကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဆင်ခြင်ရတာတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ မေမေတို့ရဲ့ ပူပန်မှုကို မတိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေ တိုင်း သိထားသင့်တဲ့ အကြောင်းလေးကို ပြောပြပေးပါရစေ။

ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား……

ကိုယ်ဝန်ဆောင်ချိန်က အတိမ်းအစောင်းမခံတဲ့ ကာလပါ။ ဒီကာလမှာ ဒီစကားတွေကြောင့် မေမေရော ဘေ​ဘီလေးပါမထိခိုက်စေဖို့ သတိပြုစေချင်ပါတယ်။ ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား…… အမှန်က ဘာတွေဖြစ်မလဲ။ ဘာတွေက လွဲမှားစွာ သိထားမိတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်နော်။

ပထမတစ်ကြိမ် ကိုယ်ဝန်ပျက်ကျဖူးရုံနဲ့တော့ နောက်တစ်ကြိမ်မှာ ကိုယ်ဝန်ထပ်မပျက်ကျနိုင်ပါဘူး။ ခဏခဏ ကိုယ်ဝန်ပျက်ကျတတ်သူတွေတော့ ရှိပေမယ့် တစ်ခေါက်ပျက်ကျတိုင်း နောက်အခေါက်တွေပါ ပျက်ကျနိုင်တယ်လို့ မှတ်ယူထားလို့ မရပါဘူး။

လေ့လာမှုစစ်တမ်းတွေအရ ၂ ကြိမ်ဆက်တိုက် ကိုယ်ဝန် ပျက်ကျဖူးသူတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းပိုများနေပါတယ်။ ၃ ကြိမ်ကိုယ်ဝန်ပျက်ကျဖူးသူတွေမှာတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ၃၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ၄ ကြိမ်ဆိုရင်တော့ ၄၀ ရာခိုင်နှုန်းအထိရှိနိုင်တယ်လို့ သိရပါတယ်။

တကယ်တော့ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကိုယ်ဝန်ပျက်ကျဖူးတာကြောင့် မဟုတ်ပါဘူး။ မျိုးဗီဇပြဿနာ၊ ဟော်မုန်းမမျှတာ၊ မေမေ့မှာ ရောဂါအခံတစ်ခုခုရှိနေတာတွေကြောင့် ကိုယ်ဝန်ပျက်ကျတာပါ။ ဒါကြောင့် ပထမကိုယ်ဝန်ပျက်ကျဖူးတိုင်း နောက်ကိုယ်ဝန်လည်းပျက်ကျနိုင်ခြေများတယ်လို့ မယူဆစေချင်ပါဘူး။

ဒီလက္ခဏာတွေကို ကိုယ်ဝန်ဆောင် မေမေတိုင်း စိုးရိမ်မယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ ဒါပေမယ့် ဒီလက္ခဏာတွေက ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာဖြစ်တတ်ပါတယ်။ အရမ်းစိုးရိမ်ဖို့ မလိုတဲ့ အနေအထားပါ။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာက ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ခံစားရလေ့ရှိတဲ့ လက္ခဏာတစ်ရပ်ပါ။

သန္ဓေသားက သားအိမ်နံရံမှာတွယ်ကပ်တဲ့အချိန်မှာ သွေးအနည်းငယ်ဆင်းတတ်ပါတယ်။ ဒါ​ကြောင့် ဗိုက်ထဲကအောင့်တယ်၊ သွေးနည်းနည်းဆင်းတယ်ဆိုတိုင်း ကိုယ်ဝန်ပျက်ကျနိုင်တယ်လို့ မဆိုသာပါဘူး။ ပမာဏများတယ်၊ ဆီးစပ်ကိုက်တယ်ဆိုရင်တော့ သတိထားပါ။

  • ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ဖျားနာရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များတယ်

ဒီအချက်က မမှန်ဘူးလို့ပဲ ပြောပါရစေ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ရဲ့ ကိုယ်ခံအားက သာမန်အချိန်ထက် နည်းနေတတ်ပါတယ်။ ဒါ​ကြောင့် ဖျားနာလွယ်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အဖျားမကြီးဘူး။ သာမန်အဖျားလောက်ပဲဆိုရင်တော့ ဘေဘီလေးကို မထိခိုက်စေနိုင်ပါဘူး။ တကယ်လို့ အဖျားကြီးမယ်ဆိုရင်တော့ ဆရာဝန်ကို အမြန်ဆုံးသွားပြစေချင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ကိုယ်ဝန်ပျက်ကျစေနိုင်တယ်

ဒါက လေ့လာမှု အထောက်အထားတွေမရှိသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်သင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ လမ်းလျှောက်တာ၊ ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့်တာလိုမျိုး ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ အရမ်းပင်ပန်းတာမျိုးကို မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း ရေကို လုံလောက်အောင်သောက်ပေးပါ။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက မွေးဖွားရလွယ်ကူစေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

  • ကိုယ်ဝန်ပျက်ကျတာကို ကာကွယ်လို့မရဘူး

မျိုးဗီဇကြောင့်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ခက်ခဲတယ်ဆိုပေမယ့် တခြားအကြောင်းရင်းတွေကိုတော့ ကာကွယ်လို့ရပါတယ်။ ကိုယ်ဝန် မပျက်ကျစေချင်ဘူးဆိုရင်

ဒီအချက်တွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးကိုပါ မထိခိုက်စေနိုင်တာကြောင့် ဒီအချက်တွေကောင့် စိတ်ဖိစီးမှုဖြစ်မနေဖို့ မေမေတို့ကို ပြောပါရစေ။ ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား…… ဆိုတဲ့ အဖြေ ထွက်လောက်ပြီ ထင်ပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Miscarriage Myths https://www.parents.com/pregnancy/complications/miscarriage-myths/ Accessed Date 5 February 2020

6 Myths About Miscarriage https://www.livescience.com/56609-myths-about-miscarriage.html Accessed Date 5 February 2020

ယခုပုံစံ

22/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီးစားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ ရေများများသောက်ပေးသင့်သလား...


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement