လိပ်ခေါင်းရောဂါကို ဂရုမစိုက်ဘဲပစ်ထားရင် ဘာတွေဖြစ်လာမှာလဲ ??
ဝမ်းသွားတဲ့အခါ သွေးပါလာတယ်။ စအိုတဝိုက်က စပ်ဖျဉ်းဖျဉ်းနဲ့ နေရခက်တယ်။ စအိုတဝိုက်က နာသလိုလို ယားသလိုလိုဖြစ်နေတယ် ဆိုရင် လိပ်ခေါင်းရောဂါ ခံစားနေရတာပါ။ လိပ်ခေါင်းရောဂါက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပေမယ့် နေ့စဉ်ဘဝကို တော်တော်လေး ထိခိုက်စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ မပြင်းထန်ဘူးဆိုပေမယ့် သေသေချာချာ ကုသဖို့ လိုပါမယ်။ လိပ်ခေါင်းကို သေချာ မကုသဘဲ ထားတာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်လာစေဖို့ လက်ယပ်ခေါ်ရာ ရောက်ပါတယ်။