backup og meta

မိခင်နို့ရည်၏ ဖြစ်ပေါ်ပုံအဆင့်ဆင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့ရည်၏ ဖြစ်ပေါ်ပုံအဆင့်ဆင့်

    ဘေဘီလေးတွေ ကျန်းမာစွာ ကြီးထွားစေဖို့ အရေးပါတဲ့ မိခင်နို့ရည်၏ ဖြစ်ပေါ်ပုံအဆင့်ဆင့် အကြောင်းလေးကို ဗဟုသုတ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

    မိခင်နို့ရည်၏ ဖြစ်ပေါ်ပုံအဆင့်ဆင့်

    ကလေးငယ်အတွက် သူတို့ရဲ့ပထမဆုံး ၆ လမှာ အာဟာရ အရင်းအမြစ်ဟာ မိခင်နို့ပဲ ဖြစ်ပါတယ် ။ မိခင်နို့ကို  နို့ဦးရည် ၊ Transitional milk (နို့ဦးရည် ထွက်ပြီးနောက်၂ပတ်အတွင်း ထွက်သောနို့ရည်) နှင့် Mature milk (မီးဖွားပြီး၂ ပတ် နောက်ပိုင်း ထွက်သောနို့ရည်) ဟူ၍ အဆင့် ၃ ဆင့် ခွဲခြားထားပါတယ်။

    နို့ဦးရည်

    နို့ဦးရည်ဆိုသည်မှာ မိခင်နို့ရည်ရဲ့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်ပေါ်လာပြီး အဝါရောင် သို့ ပျစ်နှစ်သောအရောင်ရှိပါတယ် ။ နို့တိုက်စဉ်မှာထုတ်သော နို့ရည်ထက်လည်း ပိုပြီးပျစ်ပါတယ် ။ ကလေးမွေးပြီးတဲ့အခါမှာတော့ နို့ဦးရည်အဆင့်ကနေ ပြောင်းလဲဆဲနို့ရည်အဆင့်သို့ ၂ ရက်မှ၄ ရက်အတွင်းပြောင်းလဲပါတယ်။

    နို့ဦးရည်မှာ အသားဓာတ် ၊ အဆီတွင်ပျော်ဝင်သော ဗီတာမင်များ၊သတ္ထုဓာတ်များနှင့်  (immunoglobulins)ကိုယ်ခံအားအတွက်အရေးပါတယ့်ပစ္စည်းများပါဝင်ပါတယ်။Immunoglobulin ဆိုသည်မှာ မိခင်မှကလေးငယ်ဆီသို့ရောက်၍ ကလေးငယ်အတွက်ကိုယ်ခံအားကောင်းစေတဲ့ပဋိပစ္စည်းများပဲဖြစ်ပါတယ်။ သဘာဝကိုယ်ခံအားသည်ကလေးငယ်ကို ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်များကြောင့် ဖျားနာမှုများမှကာကွယ်ပေးပါတယ်။

    Transitional Milk(နို့ဦးရည်ထွက်ပြီးနောက်၂ပတ်အတွင်းထွက်သောနို့ရည်)

    ၎င်းနို့ရည်မှာ နို့ချိုတိုက်ကျွေးသည့်အချိန်မှစ၍ဖြစ်ပေါ်လာပါတယ်။ မိခင်မှာ မိမိနို့ထွက်ပြီဟု စတင်ပြောလာလျှင် အဲ့ဒါဟာ Transitional Milk ပဲဖြစ်ပါတယ်။ Transitional Milk ဟာ နို့ဦးရည်နေရာကို မွေးဖွားပြီး ၂ ရက်မှ ၄ရက်အတွင်းနေရာယူလိုက်ပါတယ်။ Transitional Milk ဟာ နို့ဦးရည်ဖြစ်ပြီးနောက် ဖြစ်ပေါ်လာပြီး ၂ ပတ်ခန့် ကြာမြင့်တတ်ပါတယ်။ တစ်နည်းဆိုသော် Transitional Milk မှာမွေးဖွားပြီး ၂ ရက်မှ၅ရက်ကနေစတင်ထုတ်ပြီး ၁၀ ရက်မှ၁၄ ရက်အထိကြာနိုင်ပါတယ် ။Transitional Milk ရဲ့ပါဝင်ပစ္စည်းများဟာ နို့ဦးရည်ထက်ပိုပြီးများပြား ပျစ်နှစ်ပါတယ် ။ သူ့မှာ အဆီများ၊ လက်တို့စ်ခေါ် သကြားဓါတ် နှင့် ရေတွင်ပျော်ဝင်သော ဗီတာမင်များပါဝင်ပါတယ် ။ Transitional Milk တွင် နို့ဦးရည်ထက် ကယ်လိုရီများစွာလည်းပါဝင်ပါတယ်။

    ထိုအချိန်တွင် သင့်ရဲ့နို့များမှာ ပိုမိုကြီးလာမည်ဖြစ်ပြီး မာလာ၍ သက်သောင့်သက်သာမရှိခြင်း သို့ နာကျင်ခြင်းများပင်ဖြစ်နိုင်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် နို့ဦးရည်ထက်ပိုမိုများပြားတဲ့ Transitional Milk များစွာကို ထုတ်နေရသောကြောင့် ဖြစ်ပါတယ် ။ ဒီလိုမာလာခြင်းဟာ သင့်ရဲ့ကလေးကို သင့်ရဲ့နို့သီးခေါင်းပေါ်မှာ အထိုက်အလျောက်စို့စေဖို့ အခက်အခဲဖြစ်စေပါလိမ့်မယ်။ စိတ်ပူစရာမလို၍ လေ့ကျင့်မှုများလာတဲ့အခါ နို့တိုက်ရတာဟာ အဆင်ပြေသွားပါလိမ့်မယ်။ တစ်ခါတစ်ရံနို့မတိုက်မီနို့ရဲ့ထိပ်ပိုင်းကို နှိပ်နယ်၍ နို့ထွက်အောင်ပြုလုပ်ခြင်းဟာလည်း သင့်ရဲ့ကလေးကို နို့စို့ရာတွင် ပိုမိုလွယ်ကူစေပါလိမ့်မယ်။ ပုံမှန်နို့တိုက်ပေးခြင်းဖြင့် တင်းမာမှုနှင့် မသက်မသာ ဖြစ်နေခြင်းကို သက်သာစေပါလိမ့်မယ် ။

    သင့်ရဲ့ကလေးနို့စစို့တဲ့အချိန်မှာ စူးရှရှခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ ဒီလိုခံစားရတာဟာ သင့်ကလေးကိုတိုက်ကျွေးရန်သင့်ရဲ့နို့ဟာ နို့ ထုတ်လွှတ်တဲ့ဆဲလ်များကနေ နို့ပြွန်များသို့ရောက်ရှိခြင်းကိုဖော်ပြတာပဲဖြစ်ပါတယ်။ ဒီလိုနို့ထွက်တဲ့ဖြစ်စဉ်ဟာ သင့်ကလေးရဲ့နို့စို့မှုကြောင့် စတင်ဖြစ်ပေါ်လာတတ်ပြီး တစ်ခါတစ်ရံတွင်သင့်ကလေးကိုနို့တိုက်ကျွေးတဲ့အချိန်တွင်ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုစဖြစ်ပြီဆိုသည်နှင့် သင့်ရဲ့နို့ဟာ အများအပြားထွက်လာပြီး သင့်ရဲ့ကလေးဟာ နို့ကို စိတ်ကျေနပ်စွာစို့ပါလိမ့်မယ်။ သင့်ကလေးရဲ့ခဏခဏမြိုချတဲ့အသံကိုလည်းကြားရပါလိမ့်မယ်။ နို့စတင်ထွက်တဲ့အခါ သင့်ရဲ့အခြားတစ်ဖက်ရှိနို့မှလည်း နို့များ အလျှံအပယ်ထွက်လာတာကိုသတိပြုမိပါလိမ့်မယ်။

    နို့ချိုတိုက်ကျွေးခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ကနေ အောက်စီတိုဆင်ဟုခေါ်တဲ့ဟော်မုန်းတစ်မျိုးကိုထွက်စေပါတယ်။ နို့တိုက်ခါစ အစောပိုင်း အပတ်များတွင်ဤဟော်မုန်းကြောင့် သင့်ရဲ့သားအိမ်ဟာ နာကျင်ပါလိမ့်မယ်။ ဖိအားများ ၊ နာကျင်မှုများ ၊ မောပန်းနွမ်းနယ်မှုများဟာ သင့်ရဲ့နို့ထွက်နှုန်းကိုလျော့နည်းစေတာကြောင့် သင်ကိုယ်တိုင်အနားယူဖို့အရေးကြီးပါတယ် ။

    ပထမအစောပိုင်းတွင်သင့်ကလေးနို့ဆာတဲ့အချိန်တိုင်းနို့တိုက်ကျွေးနေရတယ်လို့ခံစားရနိုင်ပါတယ် ။ နို့တိုက်ကျွေးရတဲ့မွေးကင်းစကလေးများဟာ တစ်နေ့ကို ၈ ကြိမ်မှ၁၂ ကြိမ်အထိ နို့စို့တတ်ကြပါတယ်။ နေ့အခါမှာနို့ချိုတိုက်ကျွေးတဲ့အခါ ၁ နာရီခွဲကနေ ၃နာရီခြားတစ်ခါဖြစ်နိုင်ပြီး တစ်ခါတိုက်ကျွေးလျှင် ၁၀ မိနစ်မှ ၁ နာရီအထိကြာနိုင်ပါတယ်။ မကြာမီမှာနို့တိုက်ခြင်းဟာ တည်ငြိမ်လာပြီး နို့တိုက်ရတဲ့အကြိမ်ရေဟာလည်း နည်းလာပါလိမ့်မယ်။ အချိန်ကြာလာတာနှင့် အမျှ နို့တိုက်ရတယ့် အကြိမ်ရေ ၊ကြာချိန်တွေဟာ သင့်ကလေးရဲ့လိုအပ်ချက်အပေါ်မှာမူတည်ပြီး ပြောင်းလဲလာပါလိမ့်မယ်။

    Mature milk (မီးဖွားပြီး၂ပတ်နောက်ပိုင်းထွက်သောနို့ရည်)။

    Mature milk ဟာ မွေးပြီးတဲ့အချိန် ဒုတိယအပတ် အဆုံးနားမှာ စတင်ဖြစ်ပေါ်လာပါတယ်။ Mature milk ဟာ Transitional milk ကဲ့သို့ပင်ပမာဏအများကြီးထုတ်ပေမယ့် ကျဲပြီး ရေများ၍ အပြာရောင်သန်းနေတတ်ပါတယ်။ စထွက်ခါစတွင်နို့ရည်တွင်အဆီများမပါဝင်သောကြောင့် ကြည်နေတတ်ပြီး နောက်ပိုင်းမှအဆီများပါလာ၍ ပျစ်နှစ်လာပါတယ် ။ နို့ရည်ရဲ့၉၀ ရာခိုင်နှုန်းဟာ ရေများဖြစ်၍ ရေဟာ ကလေးကို ရေဓာတ်ပြည့်ဝနေစေရန် ထိန်းသိမ်းပေးထားပါတယ် ။ အခြား ၁၀ ရာခိုင်နှုန်းမှာတော့ကြီးထွားမှုနှင့် စွမ်းအင်တို့အတွက် ကစီဓာတ်များ ၊ အသားဓာတ်များနှင့် အဆီများပါဝင်ပါတယ် ။

    သင့်ရဲ့နို့များဟာ Transitonal milk ထွက်သောအချိန်ကထက် ပိုမိုပျော့လာပြီး သေးလာပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ဝန်မဆောင်မီကရှိသော အရွယ်အစားထက်တော့ကြီးနေပါလိမ့်အုံးမယ်။ ဒီလိုသင့်ရဲ့နို့နဲ့ နို့ရည်ပြောင်းလဲမှုတွေဟာပုံမှန်ဖြစ်ပြီး ကလေးငယ်ရဲ့အာဟာရ၊ ကြီးထွားမှု တို့အတွက် စီမံပြုလုပ်ထားပေးခြင်းဖြစ်ပါတယ် ။

    Mature milk တွင် ၂ မျိုးထပ်ရှိပါတယ်။ အစပိုင်းထွက်သောနို့ရည် နှင့် နောက်ပိုင်းထွက်သောနို့ရည်ဟူ၍ဖြစ်ပါတယ်။ အစပိုင်းထွက်သောနို့ရည်မှာ နို့ချိုစတင်တိုက်ကျွေးချိန်တွင်ဖြစ်ပေါ်ပြီး ရေများ ၊ဗီတာမင်များနှင့် အသားဓာတ်များပါဝင်ပါတယ် ။ နောက်ပိုင်းထွက်သောနို့ရည်မှာ နို့တိုက်ချိန်အဆုံးပိုင်းတွင်ဖြစ်ပေါ်လေ့ရှိပြီး နို့များဟာကုန်လုနီးပါးရှိနေပြီး အဆီအများအပြားပါဝင်ပါတယ်။ ပြည့်ဝသော နို့ရည်အဆင့်မှာ သင့်ကလေးနို့ပြတ်တဲ့အချိန်အထိရှိနေပါတယ် ။

    သို့သော်လည်း ကလေးကြီးထွားလာပြီး အစားအစာများ ၊အရည်များ ၊အာဟာရများကို စားသုံးလာသည်နှင့်အမျှ သင့်ရဲ့နို့ထွက်တဲ့ပမာဏဟာလည်းပြောင်းလဲလာပါလိမ့်မယ်။ အချို့အမေတွေကတော့ နို့ဘူးများနှင့် ဆက်လက်တိုက်ကျွေးပြီး မူကြိုအရွယ်အထိပင်တိုက်ကျွေးတတ်ကြပါတယ် ။ ထိုအချိန်တွင် နို့ရည်တွင်ပါဝင်သော အာဟာရမှာ ကလေးစားသုံးနေသောအစားအစာများနှင့် ယှဉ်လျှင် အလွန်နည်းသွားပါပြီ။ သို့သော်လည်း လူနို့ဟာ နွားနို့ကဲ့သို့ပင်အာဟာရရှိနေစဲဖြစ်ပါတယ်။ နို့တိုက်ခြင်းကြောင့်ရရှိတဲ့စိတ်ခံစားမှုဆိုင်ရာနှင့် ကိုယ်ခံအားဆိုင်ရာ အကျိုးကျေးဇူးတွေကတော့ နို့တိုက်နေစဉ် ကာလတစ်လျှောက်လုံးရှိနေမှာပဲ ဖြစ်ပါတယ် ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement