

သားဥအိမ်ထုတ်တာကို ဆေးပညာအရ oophorectomy လို့ ခေါ်ပါတယ်။ သားအိမ် တစ်ဘက်တစ်ချက်စီမှာရှိတဲ့ သားဥအိမ် တစ်လုံးကို ဖြစ်စေ၊ နှစ်ခုလုံးကို ဖြစ်စေ မေ့ဆေး ( ဒါမှမဟုတ်) ခါးထုံဆေး ပေးပြီး ခွဲထုတ်တဲ့ အကြီးစား ခွဲစိတ်မှုတစ်ခုပါ။
သားဥအိမ် ထုတ်ရတဲ့ အကြောင်းအရင်းတွေကတော့
သားဥအိမ်ထုတ်တဲ့အခါမှာ သားဥအိမ် တစ်ခုလုံး ဒါမှမဟုတ်ရင် နှစ်ခုလုံးထုတ်လေ့ရှိပါတယ်။
ကိုယ်ဝန်ရခြင်း မရခြင်းနဲ့ ရာသီစက်ဝန်းအပေါ် သားဥအိမ်က သက်ရောက်မှု အများကြီးရှိတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သားဥအိမ်ကိုထုတ်လိုက်တဲ့အခါ
သားဥအိမ် ၂ ဘက်လုံးထုတ်တဲ့အခါ
သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင်
သားဥအိမ် ၁ ဘက်တည်းထုတ်ခြင်း
ကိုယ်ကလည်း အသက်ငယ်သေးတယ်၊ အိမ်ထောင်မကျသေးဘူး၊ ကလေးထပ်ယူချင်သေးတယ် ဆိုရင်တော့ ဖြစ်နိုင်ရင်သားဥအိမ် တစ်လုံးပဲ ထုတ်ပြီးနောက်တစ်လုံးချန်ခဲ့ပါ။
အသက်ကလည်းကြီးနေပြီ၊ ကလေးထပ်ယူဖို့လည်း ဆန္ဒမရှိတော့ဘူးဆိုရင်တော့ နောက်ပိုင်း ကင်ဆာရန်ကိုကြောက်ရတဲ့အတွက် သားဥအိမ် ၂ ခုလုံးထုတ်လိုက်တာ ပိုကောင်းပါတယ်။
သားဥအိမ်တစ်လုံး ကျန်ခဲ့ရင် ကိုယ်ဝန်ရဖို့က ဖြစ်နိုင်ပေမယ့် သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် သဘာဝအတိုင်း ကိုယ်ဝန်ရဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဖန်ပြွန်သန္ဓေသားနည်းပဲဖြစ်ပါတယ်။ သားဥအိမ် ၂ ဘက်လုံး မရှိတော့ပေမယ့် သားအိမ်ရှိနေသေးရင် ဖန်ပြွှန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ယူလို့ရပါသေးတယ်။
သားဥအိမ် ၂ ဘက်လုံးထုတ်ထားတဲ့ အမျိုးသမီးတွေခံစားရတဲ့ သွေးဆုံးကိုင် လက္ခဏာတွေကို သက်သာစေဖို့အတွက် ဟော်မုန်းအစားထိုးခြင်း ကုသမှုခံယူလို့ရပါတယ်။