backup og meta

သားအိမ်ခြစ်ပြီးတာနဲ့ ကိုယ်ဝန် ပြန်ယူဖို့ ဘယ်လောက်စောင့်ရမှာလဲ ။ ။

သားအိမ်ခြစ်ပြီးတာနဲ့ ကိုယ်ဝန် ပြန်ယူဖို့ ဘယ်လောက်စောင့်ရမှာလဲ ။ ။

သားအိမ်ခြစ်တယ်ဆိုတာ မတော်တဆ ကိုယ်ဝန်ပျက်ကျသွားတဲ့အခါ သားအိမ်ထဲ ကျန်နေခဲ့တဲ့ သန္ဓေသား အကြွင်းအကျန်ကို ဖယ်ထုတ်ပေးတဲ့ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပါတယ်။ ဒီလို သားအိမ်ခြစ်ပြီးတာနဲ့ အားလုံးသိချင်ကြတာက အချိန်ဘယ်လောက်စောင့်ပြီးမှ အတူနေလို့ရမလဲ၊ ကိုယ်ဝန်ပြန်ဆောင်လို့ ရမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သားအိမ်ခြစ်ပြီးတာနဲ့ ကိုယ်ဝန် ပြန်ယူဖို့ ဘယ်လောက်စောင့်ရမှာလဲ ဆိုတာကို ပြောပြပေးချင်တာပါ။

သားအိမ်ခြစ်တယ်ဆိုတာဘာလဲ ။ ။

သားအိမ်ခြစ်တယ် ဆိုတာ ကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပာယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာသားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဆေးခန်း၊ ဆေးရုံတွေမှာ သွားပြီး လုပ်မှရတာပါ။

သားအိမ်ခြစ်ပြီးတာနဲ့ ကိုယ်ဝန် ပြန်ယူဖို့ ဘယ်လောက်စောင့်ရမှာလဲ ။ ။

ကျွမ်းကျင်တဲ့ ဆရာဝန်တွေ အဆိုပြုထားတာကတော့ သားအိမ်ခြစ်ပြီး ရာသီသွေး ၃ ခါပေါ်အောင်စောင့် ( ဒါမှမဟုတ် ) ၃ လလောက်စောင့်ပြီးမှ ကိုယ်ဝန်ပြန်ဆောင်သင့်တယ်လို့ဆိုပါတယ်။ အချိန် ၃ လလောက်ဆို သားအိမ်ခြစ်တုန်းက ကျန်ခဲ့တဲ့ ဒဏ်တွေရော၊ ကလေးဆုံးရှုံးရလို့ ပူဆွေးနေရတဲ့ မိခင်ရဲ့ သောကတွေရော အားလုံး အနည်ထိုင်သွားပြီ ဖြစ်လို့ အစကနေ ပြန်စဖို့အတွက် အသင့်ဖြစ်နေတဲ့အနေအထားပါ။

သားအိမ်ခြစ်ပြီး ဘယ်လောက်အကြာမှ တူတူနေလို့ရမှာလဲ ။ ။

သားအိမ်ခြစ်ထားတဲ့အတွက် ပွန်းတာ ထိခိုက်တာတွေကတော့ ရှိနိုင်သေးတာမို့ သားအိမ်ခြစ်ပြီးပြီးချင်း အတူတူနေလို့တော့မရပါဘူး။ ၂ ပတ်လောက်တော့ စောင့်ပြီးမှ အတူတူနေလို့ရမှာပါ။ ဖြစ်နေတဲ့အနာတွေ ကျက်သွားဖို့၊ ကိုယ်ခန္ဓာက ပုံမှန်အတိုင်း ပြန်ပြီ နာလန်ထူနိုင်ဖို့အတွက် အချိန်ဆိုတာ လိုအပ်သေးပါတယ်။ အနာမကျက်တဲ့အခါ၊ သေချာဂရုမစိုက်လို့ ပိုးဝင်သွားတဲ့အခါမျိုးမှာ ၂ ပတ်ထက်လည်း ကြာသွားနိုင်ပါတယ်။

သားအိမ်ခြစ်ပြီးရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်လဲ ။ ။

သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။

သားအိမ်ခြစ်တယ်ဆိုတာ အခြား ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေ မရှိသလောက်ရှားတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း အခန့်မသင့်ရင်တော့ ဖြစ်တတ်တဲ့ တစ်ချို့ဆိုးကျိုးလေးတွေရှိပါတယ်။ ဒါတွေကတော့

  • သားအိမ်ပေါက်ခြင်း
  • သားအိမ်ခေါင်းကို ထိခိုက်မိခြင်း
  • Asherman’s syndrome လို့ခေါ်တဲ့ သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာ အမာရွတ်တစ်ရှူးကျန်ခဲ့ခြင်း –  Asherman’s syndrome ကြောင့် ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းသာစရာတစ်ခုကတော့ Asherman’s syndrome ဟာ မဖြစ်သလောက်ကိုရှားတဲ့ ဆိုးကျိုးတစ်ခုပါ။
  • သားအိမ်ခြစ်ပြီး သားအိမ်တွင်း ပိုးဝင်တာကလည်း ဖြစ်တတ်ပေးမယ့် ရှားတဲ့ အရာတစ်ခုပါ။

သားအိမ်ခြစ်ပြီးတာ ကြာနေတာတောင် ကလေးပြန်မရသေးရင် ဘယ်လိုလုပ်ရမလဲ ။ ။

သားအိမ်ခြစ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ Asherman’s syndromeလည်း အပါအဝင်ဖြစ်ပါတယ်။ Asherman’s syndrome ဆိုတာ သားအိမ်ခြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်လေးကြောင့် ကိုယ်ဝန်မခိုင်တာတွေ၊ ကိုယ်ဝန်မရတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Asherman’s syndromeဟာ မဖြစ်သလောက်ရှားတဲ့ အရာတစ်ခုပါ။ ဒါ့ကြောင့် သားအိမ်ခြစ်ပြီးတာနဲ့ ငါကိုယ်ဝန်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးကို ခေါင်းထဲဖယ်ထားလိုက်ပါ။

သားအိမ်ခြစ်ပြီးနောက်ပိုင်း ကြိုးစားတာတောင် ကိုယ်ဝန်မရသေးဘူးဆိုရင်

ဆရာဝန်ဆီ သေချာသွားပြီး ကိုယ့်ဆီမှာ ကိုယ်ဝန်မရနိုင်တဲ့ ဘယ်လို ချို့ယွင်းချက်တွေရှိလဲဆိုတာကို အဖြေရှာပါ။ ကိုယ်ဝန်မရနိုင်သေးတဲ့ အကြောင်းအရင်းဟာ Asherman’s syndrome ကြောင့် မဟုတ်ဘဲ အခြား အကြောင်းအရာတွေလည်း ရှိနိုင်သေးတာကြောင့်ပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://parenting.firstcry.com/articles/pregnancy-after-dc-how-long-should-you-wait/

Accessed date 14.3.2019

https://community.whattoexpect.com/forums/ttc-pregnancy-after-a-loss/topic/how-long-do-you-really-have-to-wait-after-dc-67052301.html

Accessed date 14.3.2019

ယခုပုံစံ

14/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ပျက်ကျပြီး နောက် ဘယ်လိုဖြေသိမ့်ရမလဲ

သန္ဓေသားသေဆုံးမှု,ပျက်ကျခြင်းနဲ့ သားအိမ်အတွင်းသေဆုံးခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement