backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား ......

သစ်သီးတွေ အများကြီး ရှိတဲ့အထဲကမှ အကြိုက်ဆုံး အသီးလေးက ကြက်မောက်သီး ဆိုပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေတာကြောင့် စားလို့ရပါ့မလားလို့ စိတ်ပူနေတဲ့ မေမေတွေ ရှိလား …. ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကြက်မောက်သီးမှာ ပါတဲ့ အာဟာရတွေနဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား ......

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား …… ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်ပါ။

ကြက်မောက်သီး ဆိုတာ

ကြက်မောက်သီး ဆိုတာက အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပေ ၈၀ (၂၇ မီတာ ) အမြင့်ရှိပြီး အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ကြီး တစ်ပင်ရဲ့ အသီးတွေပါ။ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။

ကြက်မောက်သီးက နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာပါ။ အပေါ်ခွံကို  နွှာပြီး အထဲက အသီးရဲ့ အသားလွှာလေးကို စားရတာပါ။ အစေ့ကို ဖယ်ပစ်ရပါမယ်။

လိုင်ချီးသီး၊ သကြားသီးတို့နဲ့ မျိုးရင်းတူပါတယ်။ အသားလွှာပုံစံချင်း တူသလို ချိုတဲ့အရသာချင်းလည်း ပါတယ်။

ကြက်မောက်သီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

စားရတာ အရသာရှိတဲ့ ကြက်မောက်သီးလေးမှာ

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား ……

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား ......

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားလို့ရလား …… ဆိုတော့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားပေးတာက ကျန်းမာရေးကို တော်တော်လေး ထောက်ကူပေးနိုင်ပါတယ်။ ဒါပေမယ့် အရမ်းမှည့်တာတော့ မစားသင့်ပါဘူး။ အကြောင်းကတော့ ကြက်မောက်သီးက အမှည့်လွန်သွားတဲ့အခါ အချဉ်ပေါက်ပြီး အယ်လ်ကိုဟော ပါဝင်မှု ရှိလာသလို သကြားဓာတ်လည်း မြင့်တာကြောင့် အရမ်းမှည့်ရင်တော့ မစားဖို့ ပြောပါရစေ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

မအီမသာဖြစ်တာကို သက်သာစေနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မအီမသာ ဖြစ်တာကို ခံစားရနိုင်ပါတယ်။ ဒီလို မအီမသာ ဖြစ်တာကို သက်သာစေဖို့ ဆိုရင် ချိုချိုလေးနဲ့ ခံတွင်းရှင်းတဲ့  ကြက်မောက်သီးကို စားပေးလို့ ရပါတယ်။

သံဓာတ် ကြွယ်ဝစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားနည်းတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ကြက်မောက်သီး စားပေးလို့ ရပါတယ်။ ကြက်မောက်သီးက သွေးအားနည်းတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်ပါတယ်။

ကျန်းမာရေး ကောင်းစေတယ်

ကြက်မောက်သီးက အအေးမိ၊ ဖျားနာတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တုပ်ကွေးဖြစ်တာမျိုး ခေါင်းကိုက်တာမျိုး အဖျားဝင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှု ကင်းစေဖို့ ကြက်မောက်သီး စားပေးလို့ ရပါတယ်။

အရေပြား ကျန်းမာစေတယ်

ကိုယ်ဝန်ဆောင်မေမေတွေ အရေပြား ပြဿနာ ကင်းစေဖို့အတွက်လည်း ကြက်မောက်သီး စားပေးလို့ ရပါတယ်။ အကြောပြတ်ရာတွေကို သက်သာစေနိုင်သလို ဗီတာမင် E ပါဝင်နေတာကြောင့် အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။

ကြက်မောက်သီးက သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ခြေလက် ဖောရောင်တာတွေ သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ပိုတက်ဆီ ယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးရောဂါ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်

ကြက်မောက်သီးကို စားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းကိုလက်စထရော များတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းအဆီ များတာကို ကာကွယ်ဖို့လည်း စားပေးလို့ ရပါတယ်။

အစာကြေစေနိုင်တယ်

ကြက်မောက်သီးက အစာကြေစေနိုင်ပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ဖော့စဖရပ် ပါဝင်နေတာကြောင့် ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ အူမကြီး ကျန်းမာစေပြီး အစာမကြေတာ လေပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားပေးတယ်

ကြက်မောက်သီးမှာ ဖော့စဖရပ် ပါဝင်နေတာကြောင့် ကျောက်ကပ်တွေကို သန့်စင်ပေးသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်ထက် ပိုနည်းပါတယ်။ ဒီကာလမှာ ဖျားနာလွယ်သလို ကူးစက်ရောဂါတွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဒီလို ကျန်းမာရေး ပြဿနာတွေကို ကာကွယ်နိုင်စေဖို့အတွက် ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ကြက်မောက်သီး စားပေးလို့ ရပါတယ်။ ကြက်မောက်သီးမှာ copper ပါဝင်နေပြီး သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်တာကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်မောက်သီး စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
  • မအီမသာဖြစ်တာကို သက်သာစေနိုင်တယ်
  • သံဓာတ် ကြွယ်ဝစေတယ်
  • ကျန်းမာရေး ကောင်းစေတယ်
  • အရေပြား ကျန်းမာစေတယ်
  • သွေးပေါင်ချိန် ထိန်းညှိပေးနိုင်တယ်
  • သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်
  • အစာကြေစေနိုင်တယ်
  • ကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားပေးတယ်
  • ကိုယ်ခံအား ကောင်းစေတယ်

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is Eating Rambutan Fruit During Pregnancy Safe? https://www.beingtheparent.com/is-eating-rambutan-fruit-during-pregnancy-safe/ Accessed Date 7 June 2022

9 Possible Pros and Cons of Rambutan During Pregnancy https://stylesatlife.com/articles/rambutan-during-pregnancy/ Accessed Date 7 June 2022

Safe to Eat Rambutan https://www.babyment.com/nutrition/safe-to-eat.php?food=Rambutan Accessed Date 7 June 2022

Eating Rambutan during Pregnancy – Risks & Benefits https://parenting.firstcry.com/articles/eating-rambutan-during-pregnancy-is-it-safe/ Accessed Date 7 June 2022

Rambutan During Pregnancy: Safety, Benefits And Side Effects https://www.momjunction.com/articles/rambutan-during-pregnancy_00378529/ Accessed Date 7 June 2022

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ....

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားလို့ ရလား။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ