ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်တာစိုးရိမ်ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 24, 2021 . 2 mins read
Share now

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သွေးဆင်းတာ၊ ဗိုက်အောင့်ဗိုက်နာ တာတွေဖြစ်ရင် ကိုယ်ဝန်ပျက်ချင်တာမသိဘူးဆိုပြီး စိုးရိမ်တတ်ကြသူချည်းပါပဲ။ ကိုယ်ဝန်ဆောင်ချိန် ဗိုက်အောင့်ဗိုက်နာ ဖြစ်တယ်ဆိုတာနဲ့ ကိုယ်ဝန်ပျက်ကျတော့မှာလား။ ဒါမှမဟုတ် ဖြစ်နေကျပဲလားဆိုတဲ့ အကြောင်းလေးကို ဒီဆောင်ပါးလေးထဲမှာ ပြောပြပေးမှာပါ။ ဘယ်လို နာတာမျိုးက ပုံမှန်ဖြစ်နေကျဆိုတာရယ်၊ ဘယ်လို အချိန်ဆို စိုးရိမ်ရလဲဆိုတာတွေကို ပြောပြပေးမှာပါ။ ကိုယ်ဝန်ဆောင်နေတဲ့ မေမေတို့ သေချာ သိထားသင့်တယ်နော်။

ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်ရင် စိုးရိမ်စရာမရှိတဲ့ ဗိုက်အောင့်တာမျိုးနဲ့ စိုးရိမ်ရတဲ့ ဗိုက်နာတာမျိုးဆိုပြီး ၂ မျိုးရှိပါတယ်။

စိုးရိမ်စရာ မရှိတဲ့ ဗိုက်အောင့်တာဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာဖွံဖြိုးပြောင်းလဲမှုတွေကြောင့် ဖြစ်ရတာပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင်။ ။

ကိုယ်ဝန်ဆောင်ချိန်ဆို ဖြစ်နေကျ စိုးရိမ်စရာမရှိသည့် ဗိုက်အောင့်ဗိုက်နာ ဖြစ်စေတတ်သော အကြောင်းအရင်းများ။

၁ – သားအိမ် ကြီးထွားလာခြင်း။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကြီးထွားလာတဲ့ သားအိမ်ကြောင့် ဗိုက်ကြီးတင်းပြည့်နေသလို ခံစားရပြီး အခန့်မသင့်ရင် ဗိုက်အောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။

၂ – Round ligament pain ( သားအိမ်အရွတ်နာခြင်း)

သားအိမ်ကြီးလာတဲ့အခါ သားအိမ်ကနေပြီး ပေါင်ရင်းထိဆင်းသွားတဲ့ Round ligament လို့ခေါ်တဲ့ အရွတ်ကို ဆွဲတင်းလိုက်သလိုဖြစ်တာကြောင့် ဗိုက်အောက်ပိုင်းအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။ အရွတ်က ပေါင်ရင်းထိရှိနေတာကြောင့် နာနေတဲ့အနာက ပေါင်ရင်းထိပါ ပြန့်သွားတတ်ပါတယ်။ ဒီလိုဗိုက်အောင့်တာမျိုးက ကိုယ်ဝန် ဒုတိယ ၃ လမှာစဖြစ်တတ်ပြီး သူ့ဘာသာ ပြန်ပျောက်သွားတတ်ပါတယ်။

၃ – ဝမ်းချုပ်ခြင်း။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တယ်ဆိုတာ ပုံမှန် အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဒါတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်နေတဲ့ progesterone ဟော်မုန်းကို အပြစ်တင်ရမှာပါ။ သူက အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုကို နှေးသွားအောင် လုပ်လိုက်တာကြောင့် ဝမ်းပုံမှန်သွားဖို့ ခက်ခဲသွားတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်သည်တွေ ရေများများသောက်ဖို့၊ အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ စားဖို့ အရေးကြီးတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်တာစိုးရိမ်ရလား

၄ – လေအောင့်ခြင်း။ 

ကိုယ်ဝန်သည်တွေမှာ လေထစေတဲ့ တရားခံကို စဉ်းစားလိုက်ရင်progesterone ဟော်မုန်းကိုသာ အပြစ်တင်ရပါလိမ့်မယ်။ progesterone ဟော်မုန်းရဲ့ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်ကြောင့် အူလမ်းကြောင်းက ကြွက်သားတွေ ပြေလျော့သွားပြီး အစာခြေအားနည်းသွားပါတယ်။ ဒီလိုနဲ့ အစာမကြေလေထိုးလေအောင့်တွေ ဖြစ်လာတော့တာပါပဲ။ ။

၅ – Braxton Hicks contractions

Braxton Hicks ဆိုတာ သားအိမ်ခေါင်းကျယ်လာလို့ ဗိုက်နာပြီးညှစ်တဲ့ ပုံစံမျိုးနဲ့ မတူပါဘူး။ သူက ကိုယ်ဝန်ဆောင်တွေ စိတ်ညစ်ရလောက်အောင် ဗိုက်နာခြင်းကို ဖြစ်စေတဲ့ ညှစ်အားတစ်မျိုး ဖြစ်ပေမယ့် မွေးခါနီး ညှစ်ချင်တဲ့ ဗိုက်နာမှုမျိုးနဲ့တော့ မတူပါဘူး။ ဗိုက်က ညှစ်နာနေတယ်ဆိုပေမယ့် ရုပ်ရှင်ကြည့်နေနိုင်တယ်၊ ထမင်းစားနိုင်တယ် ၊ စာအေးဆေးဖတ်နေနိုင်သေးတယ်ဆိုရင် မွေးချင်လို့နာတာမျိုး မဟုတ်ဘဲ Braxton Hicks contractions ကြောင့်နာတာပါ။ ရေဓာတ်ခမ်းခြောက်ရင်လည်း Braxton Hicks contractions ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်ဆို ရေများများသောက်ဖို့လိုအပ်တာပါ။ Braxton Hicks contractions ကြောင့် ဗိုက်နာတာလား၊ မွေးချင်လို့ ဗိုက်နာတာလား မသဲကွဲဘူးဆိုရင် ဆရာဝန်ဆီသွားပြပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို ဗိုက်အောင့်ဗိုက်နာ တာတွေဖြစ်ရင် စိုးရိမ်ရလဲ ။ ။

ကိုယ်ဝန်ဆောင်ချိန် ဗိုက်အောင့်ဗိုက်နာ တာအပြင် သွေးဆင်း၊ အဖျားတက်၊ သွေးပေါင်ကျတာမျိုးတွေပါ တွဲရှိရင်တော့ ဒါဟာ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိလာပါပြီ။

နေရာမှား သန္ဓေတည်ခြင်း ( ectopic pregnancy) – သန္ဓေအောင်လာတဲ့ မျိုးဥလေးဟာ သားအိမ်မှာမတည်ဘဲ သားဥပြွန်မှာ သွားပြီး သန္ဓေမှားတည်တတ်ပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်သက် ၆ပတ်ကနေ ၁၀ ပတ်လောက်မှာ ဗိုက်ပြင်းထန်စွာနာပြီး သွေးဆင်းတာတွေ စဖြစ်လာပါတယ်။ ဒီလို နေရာမှား သန္ဓေတည်ရင်ကိုယ်ဝန်သက်ရလာတာနဲ့အမျှ အချိန်မရွေး ပြွန်ကွဲသွားနိုင်ပြီး သွေးဆင်းလွန်တတ်တာကြောင့် သတိထားရမယ့် စိုးရိမ်စရာပြဿနာ တစ်ခုပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်တာစိုးရိမ်ရလား

ကိုယ်ဝန်ပျက်ကျခြင်းကိုယ်ဝန်အစောပိုင်းကာလမှာဖြစ်တဲ့ ဗိုက်အောင့်ဗိုက်နာ ခြင်းတွေထဲမှာ ကိုယ်ဝန်ပျက်ကျတာကို လုံးဝ ချန်ထားခဲ့လို့မရပါဘူး။ ဗိုက်အောင့်တာကလည်း ပြင်းထန်မယ်၊ သွေးဆင်းလည်းများမယ်ဆိုရင် ဒါ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းအရင်က သွေးတိုးမရှိဘဲ ကိုယ်ဝန်ဆောင်တော့မှ သွေးပေါင်တွေတက်လာပြီဆိုရင် ဒါ ကိုယ်ဝန်ဆိပ်တက်တာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်သက် အပတ် ၂၀ နောက်ပိုင်းဆို စဖြစ်တတ်ပြီး သွေးတိုးကြောင့် သားအိမ်သွေးကြောတွေ ကျဉ်းသွားရာကနေ ဗိုက်အောင့်လာရတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကတော့ ဗိုက်အပေါ်ပိုင်း ပြင်းထန်စွာ အောင့်တာအပြင် ပျို့အန်တာ၊ ခေါင်းကိုက်တာနဲ့ အမြင်အာရုံ ဝေဝါးတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာကို ပေါ့ပေါ့ဆဆနေလိုက်ရင် သားအိမ်ကွာကျတာမျိုးတွေ ဖြစ်တတ်တာကြောင့် ဆေးကုသမှုသေချာခံယူဖို့လိုတဲ့ ပြဿနာတစ်ခုပါ။

ဒါတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ စေတတ်တဲ့ အကြောင်းတွေဖြစ်ပါတယ်။ ဖြစ်တတ်တဲ့အကြောင်းတွေကိုသိထားတော့ ဘယ်ဟာဆို စိုးရိမ်ရလဲ ခွဲခြားလို့ရသွားပြီး ဆေးကုသမှု စောစောခံယူလို့ရတာပေါ့။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ

အစာရေမျိုပြွန် အစာရေမျိုပြွန်ကင်ဆာ အစာစားတိုင်းနင် အစာသီး ရင်ခေါင်းတောင့် အစာမကြေ ရင်ပူ GERD စားချဉ့်ပြန်ရောဂါ ကင်ဆာ ဆေးလိပ် အရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲ။

Mindful eating မနက်စ ဗိုက်ပြည် ကျေညက်အောင်ဝါး အစာမကြေ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ ပျော်ရွှင်ခြင်းဟော်မုန်း စိတ်ဖိစီးမှုသက်သာ အစာနင် အရသာခံစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေ စားသောက်ကြမလဲ။

အာဟာရပြည့်ဝစွာ စားသုံးတာက ကျန်းမာတဲ့ ဘေဘီလေးကို မွေးဖွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာဟာရတွေကို အချိုးအစား မှန်ကန်မျှတစွာ စားသုံးမိဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

ရေသောက်၊ အဆိပ်အတောက်၊ ပါးစပ်၊ အစာလမ်းကြောင်း၊ အစာအိမ်၊ တံတွေး၊ ပန်ကရိယ၊ digestive enzymes၊ အသည်း၊ bile acid သွေးကြော၊ အာခံတွင်း၊ အဖျော်ယမကာ၊ အချိုရည်၊ အရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေ

သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 2 mins read
ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2020 . 2 mins read