နဂါးမောက်သီးတွေ ပေါ်ချိန်မို့ စားချင်ပေမယ့် ကိုယ်ဝန်ဆောင်ထားရတာမို့ စားချင်ပေမယ့် စားလို့ရ၊ မရ မသေမချာ ဖြစ်နေတယ် ဆိုရင်တော့ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ကိုယ်ဝန်ဆောင်မေမေ နဂါးမောက်သီးစားလို့ရလား ဆိုတာ ပြောပြပေးပါမယ်။
ကိုယ်ဝန်ဆောင်မေမေ နဂါးမောက်သီးစားလို့ရလား ………
ကိုယ်ဝန်ဆောင်မေမေ နဂါးမောက်သီးစားလို့ရလား ဆိုတော့ စားလို့ ရပါတယ်နော်။ ကိုယ်ဝန်ဆောင် နေချိန်မှာ နဂါးမောက်သီး စားချင်တဲ့စိတ် ဖြစ်လာရင် စားသာ စားလိုက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ နဂါးမောက်သီး စားသုံးတာက မေမေရော ဘေဘီလေးအတွက်ပါ ကောင်းကျိုး များပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတာကိုတော့ မမေ့ပါနဲ့။ အလွန်အကျွံ စားသုံးတာမျိုး မလုပ်ဖို့တော့ သတိပေးပါရစေ။
ကိုယ်ဝန်ဆောင်မေမေ နဂါးမောက်သီးစားတာက ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ…………….
ကိုယ်ဝန်ဆောင် ထားရချိန်မှာ နဂါးမောက်သီး စားပေးမယ်ဆိုရင်
မွေးရာပါချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးတယ်
အရိုးတွေကြံ့ခိုင်သန်စွမ်းစေနိုင်တယ်
နဂါးမောက်သီးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ အရိုးနဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အထောက်အကူ ပြုပေးသလို မွေးမလာသေးတဲ့ ဘေဘီလေးရဲ့ အရိုးတွေ ဖွံ့ဖြိုးမှုအတွက်လည်း အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။
သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
နဂါးမောက်သီးမှာ သံဓာတ်နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်
နဂါးမောက်သီးမှာ ပါတဲ့ အမျှင်ဓာတ်က အစာကြေစေနိုင်ပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်သလို ဝမ်းမှန်စေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ဝမ်းချုပ်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစနစ် ပြဿနာတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။
ရောဂါပိုးတွေကူးစက်ခံရမှုကနေ ကာကွယ်ပေးပါတယ်
အရသာရှိတဲ့ နဂါးမောက်သီးမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေ ကူးစက်ခံရမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေမှုကြောင့် ထိခိုက်မှုတွေကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေတယ်
နဂါးမောက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဖျားနာမှု ကင်းစေပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်ဖို့ အဆင်မပြေတာကြောင့် ဖျားနာတဲ့အခါ ခံစားရခက်တာမျိုး မဖြစ်စေဖို့ နဂါးမောက်သီး စားရင်း ကိုယ်ခံအားကို အားဖြည့်နိုင်ပါတယ်။
ဒါ့အပြင် နဂါးမောက်သီးက ကင်ဆာ ကာကွယ်ပေးနိုင်သလို၊ အကျိုးပြုအဆီဓာတ်ကိုလည်း ရရှိစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးမယ် ဆိုရင်မေမေရော ဘေဘီလေးကိုပါကျန်းမာစေနိုင်တာကြောင့် စားသုံးပေးသင့်တဲ့ အသီး တစ်မျိုးပါ။
[embed-health-tool-due-date]