ပြုပြင်ထားတဲ့ အသားတွေမှာ ဆားနဲ့ နိုက်ထရိတ်တွေအများကြီးပါဝင်နေတတ်ပါတယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အမဲသားဆီသွတ်ဗူးတွေအလွန်အကျွံစားသုံးမှုက နှလုံးရောဂါ၊ အစာအိမ်နဲ့ အူမကြီးကင်ဆာအပါအဝင် နာတာရှည်ရောဂါတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတွေကိုပြုပြင်ထားတဲ့အသားတွေမကျွေးပါနဲ့။
သကြားလုံးတွေ
အချိုတွေအလွန်အကျွံစားသုံးမှုက ကလေးရဲ့ သွားကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အချိုအရမ်းများတဲ့ သကြားလုံးတွေ၊ သွားမှာ ကပ်နိုင်တဲ့တော်ဖီတွေမကျွေးပါနဲ့။ သကြားလုံးတွေက အခန့်မသင့်ရင် နင်တာနဲ့ အသက်ရှုကြပ်တာကိုဖြစ်စေနိုင်ပါသေးတယ်။
အချိုရည်တွေ
အက်ဆစ်ဓါတ်ပါဝင်နေတဲ့ အချိုရည်တွေက ကလေးရဲ့ ထွက်ခါစသွားလေးတွေကို ထိခိုက်စေနိုင်ပါတယ်။နောက်တစ်ချက်က အချိုရည်မှာပါတဲ့ပြုပြင်ထားတဲ့ အချိုဓါတ်တွေနဲ့ အခြားသောဓါတ်တွေက ကလေးရဲ့ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ အချိုရည်တွေထဲမှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေတဲ့ အာဟာရဓါတ်တစ်ခုမှာမပါဝင်ပါဘူး။ ဒါကြောင့် ကလေးတွေကို အချိုရည်တွေမတိုက်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။