backup og meta

ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား

    ထမင်းရည် သောက်ပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာကို လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ အကြောင်းကတော့ ထမင်းရည်မှာ အာဟာရ ပြည့်ဝစွာ ပါဝင်နေလို့ပါပဲ။ ထမင်းရည်က အာဟာရပြည့်တယ်ဆိုတော့ လူကြီးတွေ သောက်လို့ရတာကတော့ ဟုတ်ပါပြီ။ ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား ….. ဆိုပြီး သိချင်နေပြီလား မေမေ ……. ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ထမင်းရည် ဆိုတာ

    ထမင်းရည်ဆိုတာ ဆန်ကို ရေစင်အောင်ဆေးပြီး ရေထည့်လို့ ထမင်းချက်တဲ့အခါ ထမင်းဖြစ်ပြီဆိုရင် ငှဲ့ချလိုက်ရတဲ့ အရည်ပါ။ ထမင်းကို ပေါင်းအိုးနဲ့ တည်တာမဟုတ်ဘူးဆိုရင် ထမင်းရည်ကို ရင်းနှီးပြီး ဖြစ်မှာပါ။

    ထမင်းရည်မှာ ထမင်း [ဆန်] မှာပါတဲ့ အဆီအနှစ် တော်တော်များများ ပါဝင်နေတာကြောင့် ထမင်းနီးပါး အာဟာရကြွယ်တဲ့ သောက်စရာပါ။ သောက်ရတာ လွယ်ကူသလို အာဟာရ ပြည့်ဝတဲ့ အရာ တစ်ခုပါ။

    ထမင်းရည်ကို ဆားလေး နည်းနည်းထည့်ပြီး သောက်လို့ ရသလို သကြားလေးထည့်ပြီး သောက်တာမျိုးလည်း ရှိကြပါတယ်။ ထမင်း နည်းနည်း ချေထည့်ပြီး သောက်ကြသလို နို့မှုန့်ထည့်ပြီး သောက်တာမျိုးလည်း ရှိပါတယ်။

    ထမင်းရည်မှာ ပါတဲ့ အာဟာရတွေက ဘာတွေလဲ

    ထမင်းရည်မှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

    • ကစီဓာတ်
    • ဗီတာမင် B1
    • ဗီတာမင် B2
    • ဗီတာမင် B3
    • ဆိုဒီယမ်
    • ပိုတက်ဆီယမ်
    • ရေဓာတ်
    • ပရိုတင်း
    • အမျှင်ဓာတ်
    • သံဓာတ်
    • ကယ်လ်ဆီယမ်
    • Phosphorus
    • မဂ္ဂနီဆီယမ်
    • ဇင့်
    • သီရာမင်း
    • Riboflavin
    • နီကာဆင်
    • ဖောလိတ်တို့ ပါဝင်နေပါတယ်။

    ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား

    ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား ….. ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၆ လပြည့်ပြီဆိုရင် စတိုက်လို့ရပါတယ်။ သေချာ သန့်စင်ပြီးမှ ချက်ပြုတ်ထားတဲ့ ထမင်းရည် ဖြစ်ဖို့ လိုသလို ပူပူနွေးနွေး ဖြစ်နေဖို့တော့ လိုပါမယ်။

    မိခင်နို့နေရာမှာ အစားထိုးတိုက်ကျွေးတာ မလုပ်ဖို့ လိုပါမယ်။ နောက်တစ်ချက်က ဘေဘီလေးနဲ့ ဓာတ်မတည့်မှု ဖြစ်မယ်ဆိုရင် ဆက်မတိုက်ဖို့ လိုပါမယ်။ ထမင်းရည်ချည်းပဲ တိုက်တာမဟုတ်ဘဲ တခြားဖြည့်စွက်စာတွေကိုပါ ထည့်သွင်းကျွေးမွေးဖို့ လိုပါတယ်။

    ဘေဘီလေးကို ထမင်းရည် တိုက်ကျွေးပေးတဲ့အခါ

    ဘေဘီလေးကို ထမင်းရည် တိုက်ကျွေးပေးတဲ့အခါ

    ဘေဘီလေးကို ထမင်းရည် တိုက်ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    Solid food စစားဖို့ ဘေဘီလေး အစာအိမ်ကို အဆင်သင့် ဖြစ်စေတယ်

    ထမင်းရည်က ဘေဘီလေး မိခင်နို့ စို့နေရင်းကနေ အစာမာ စစားနိုင်စေဖို့အတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ ဘေဘီလေးကို အစာမာ စမစားခင်မှာ ထမင်းရည် တိုက်ပေးတာက အစာအိမ်ကို အစာချေဖျက်နိုင်စေဖို့အတွက် အလေ့အကျင့်ရစေနိုင်ပါတယ်။

    ဗီတာမင် ကြွယ်ဝတယ်

    ထမင်းမှာ နီကာဆင်၊ riboflavin နဲ့ သီရာမင်း၊ ဗီတာမင် B6 တို့ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ ဗီတာမင်တွေ စုံလင်စွာ ပါဝင်နေပါတယ်။ အမြင်အာရုံ ကျန်းမာစေနိုင်သလို၊ အရေပြား နဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

    ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်

    ထမင်းရည်ကို ဓာတ်ဆားရည်နဲ့ အတူတွဲတိုက်ပေးတာက ဘေဘီလေးတွေမှာ ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အူတွေကို ကျန်းမာစေပြီး ဘေဘီလေးကို ရေဓာတ်ပြည့်ဝစေမှာပါ။
    နောက်တစ်ချက်ကတော့ ထမင်းရည်မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဘေဘီလေးကို ဝမ်းချုပ်မှု ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

    အရေပြား ကျန်းမာစေတယ်

    ထမင်းရည်က ဘေဘီလေးရဲ့ အသားအရေကို ခြောက်သွေ့တာ၊ အဖက်လန်တာမျိုးတွေ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ အဖုအပိမ့် ထွက်တာ အရေပြား နီမြန်းတာတွေကို သက်သာစေနိုင်ပြီး အရေပြားမှာ သက်တောင့်သက်သာ မဖြစ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

    အင်အားပြည့်ဝစေတယ်

    ထမင်းရည်မှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို အစာကြေလွယ်ပါတယ်။ ဘေဘီလေးကို ကာဗိုဟိုက်ဒရိတ် ပြည့်ဝစေတာက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့တာလုံး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးမှာပါ။

    အဖျားကျစေနိုင်တယ်

    ထမင်းရည်က အာဟာရ ပြည့်ဝပြီး ဘေဘီလေးကို အဖျားကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နေမကောင်းတာကြောင့် အစားမစားနိုင်ရင်တောင် ထမင်းရည် တိုက်ပေးတာက ကလေးကို အင်အား ပြည့်ဝစေပြီး မြန်မြန် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။

    ဘေဘီလေးကို ထမင်းရည် တိုက်ကျွေးပေးတဲ့အခါ

    ဘေဘီလေးကို ထမင်းရည် တိုက်ပေးမယ်ဆိုရင်
    • Solid food စစားဖို့ ဘေဘီလေး အစာအိမ်ကို အဆင်သင့် ဖြစ်စေတယ်
    • ဗီတာမင် ကြွယ်ဝတယ်
    • ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်
    • အရေပြား ကျန်းမာစေတယ်
    • အင်အားပြည့်ဝစေတယ်
    • အဖျားကျစေနိုင်တယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement