backup og meta

ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ

    ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ က ဘာတွေလဲဆိုတာကို သိပြီးပြီလား! နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတိုင်းမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကောင်းစွာလည်ပတ်စေနိုင်ဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့်နေ့စဉ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။ အာဟာရပြည့်ဝစေဖို့အတွက် စားသုံးတဲ့နေရာမှာလည်း သင့်တင့်မျှတတဲ့ ပမာဏဖြစ်ဖို့တော်တော်လေးအရေးကြီးပါတယ်။ အစားအသောက်တွေက အလွန်အကျွံမစားသင့်သလို နည်းနည်းပဲစားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတွေအတွက် အစာအာဟာရမျှတပြည့်ဝဖို့ကတော်တော်လေးအရေးပါပါတယ်။

    ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ

    ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ ကတော့

    ဖျားနာလွယ်မယ်

    ရာသီဥတုကြောင့်ဖြစ်ဖြစ် အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်ဖြစ် ကလေးက ခဏခဏဖျားနေယ်ဆိုရင် ကလေးက ကိုယ်ခံအားနည်းနေတာပါ။ ဒါကခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေမပြည့်ဝဘူးဆိုတာကိုဖော်ပြနေတဲ့ပြယုဂ်တစ်ခုပေါ့။ ဒါကြောင့် ကလေးရဲ့ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့အတွက်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အာဟာရပြည့်ဝမျှတအောင်ပြင်ဆင်ကျွေးမွေးပေးပါ။

    စိတ်ဖိစီးမယ်စိတ်ဓာတ်ကျမယ်

    စိတ်ဖိစီးတာတွေ၊ စိတ်ဓာတ်ကျတာတွေက ဦးနှောက်ကနေ အရင်းခံလာတဲ့ စိတ်ဝေဒနာတွေပါ။ ခန္ဓာကိုယ်မှာ အမိုင်နိုအက်ဆစ်မလုံလောက်တဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ကလေးက အချိန်ပြည့်စိတ်ညစ်နေမယ်၊ မှိုင်နေမယ်၊ ရန်လိုမယ် စတဲ့အပြုအမူတွေလုပ်လာမယ်ဆိုရင်တော့ အာဟာရမပြည့်ဝမှုကိုခံစားနေရတယ်ဆိုတာသိဖို့လိုပါမယ်။ ဒါကြောင့်ကလေးစားသုံးမယ့်အစားအစာထဲမှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ အစားအသောက်တွေကိုသေချာထည့်သွင်းပြင်ဆင်ပေးပါ။ Omega-3 fatty acids ကိုလည်မေ့မထားပါနဲ့။

    အဝလွန်မယ်

    ဝနေတိုင်း ကလေးကကျန်းမာတယ်၊ ဖွံ့ဖြိုးတယ်လို့မထင်ပါနဲ့။ ကလေးက ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာက အာဟာရမပြည့်ဝတာကြောင့် ခံစားရတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အဝလွန်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကလေးကနေ့စဉ်ပြုပြင်ထားတဲ့ အသားတွေ၊ အချိုရည်တွေ၊ အချိုများတဲ့ အစားအစာတွေစားသုံးတာကြောင့် လိုအပ်တဲ့အာဟာရမရဘဲ မလိုအပ်တဲ့အဆီတွေတက်ပြီး အဝလွန်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးဝနေတိုင်း အာဟာရမချို့တဲ့ဘူးလို့မထင်ပါနဲ့။ ဝလွန်တာကလည်း အာဟာရချို့တဲ့နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။

    လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ

    ကလေးဆိုတာ လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမှာဆိုပေမယ့် ကလေးက ဘာကိုမှသေသေချာချာအာရုံမစိုက်နိုင်ဘဲ တစ်ချိန်လုံး လှုပ်ရှားနေမယ်ဆိုရင်တော့ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတာကြောင့်ဖြစ်တဲ့ လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားနေရတာပါ။ ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတဲ့အခါ အာဟာရဓာတ်တွေစုပ်ယူနိုင်စွမ်းနည်းသွားပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်က လုံလောက်တဲ့ အာဟာရကိုမရရှိတော့ဘဲ အာဟာရချို့တဲ့လာတာကြောင့် ကလေးက လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားရတာဖြစ်ပါတယ်။

    စကားပြောတာနောက်ကျတာ

    ကလေးစကားပြောနောက်ကျတာက ဗီတာမင် B12 ချို့တဲ့တာကြောင့်ပါ။ ကလေးလေးတွေက ဗီတာမင် B12 ချို့တဲ့မယ်ဆိုရင် ပုံမှန်ထက်စကားပြောနောက်ကျတတ်ပါတယ်။ ဒါကြောင့်ကလေးကို ဝမ်းတွင်းသားတွေ၊ အမဲသား၊ ကြက်သား၊ငါး၊ဝက်၊ ကမာ၊ နို့ထွက်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးတို့လိုမျိုး ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေကျွေးမွေးပေးပါ။

    အရေပြားနဲ့ ဆံသားတွေခြောက်သွေ့မယ်

    အရေပြားနဲ့ ဆံသားတွေခြောက်သွေ့ရတာက ကလေးအနေနဲ့ ဗီတာမင် A၊ B၊ E နဲ့ K2 တို့လိုမျိုးပျော်ဝင်လွယ်တဲ့ဗီတာမင်တွေချို့တဲ့နေတာကြောင့်ပါ။ ဒါကြောင့် ကလေးရဲ့ ဆံသားတွေ အရေပြားတွေခြောက်သွေ့နေပြီဆိုရင် ကလေးကို လိုအပ်တဲ့ အာဟာရနဲ့ဗီတာမင်တွေပြည့်ဝအောင်ကျွေးမွေးပေးပါ။

    ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်မယ်

    ကလေးက ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက အာဟာရချို့တဲ့တာကြောင့်ပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်ဘူးဆိုတဲ့သဘောပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်တဲ့အခါ အစာခြေစနစ်ကျန်းမာရေးချို့တဲ့ပြီး အကျိုးပြုဘက်တီးရီးယားအရေအတွက် လျော့နည်းလာတာကြောင့် မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျှောဖြစ်ရတာပါ။

    အာဟာရမပြည့်ဝမှုကို ဘယ်လိုကာကွယ်မလဲ

    အာဟာရမပြည့်ဝမှုကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းက ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတစွာစားသောက်ဖို့ပါ။ ကျန်းမာရေးကောင်းဖို့ဆိုရင်နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာ အခုပြောပြတဲ့အစားအစာလေးတွေပါဝင်အောင်ပြင်ဆင်ပေးပါနော်။

    • သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ
    • ပေါင်မုန့်၊ ထမင်း၊ အာလူးနဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ
    • နို့နဲ့ နို့ထွက်ပစ္စည်းတွေ
    • အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို အချိုးကျမျှတစွာပုံမှန်စားသုံးပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement