backup og meta

ကလေးအတွက် အကောင်းဆုံးနို့ ရွေးချယ်နည်း လမ်းညွှန်

ကလေးတစ်ယောက် ကောင်းမွန်စွာ အရွယ်ရောက်လာစေဖို့ ငယ်စဉ်ကတည်းက အာဟာရပြည့်ဝဖို့ လိုပါမယ်။ ကောင်းမွန်ပြည့်စုံတဲ့ အာဟာရဓာတ်မရရှိတဲ့ကလေးတွေဟာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေနောက်ကျတတ်ပါတယ်။ ကလေးတွေရဲ့ အာဟာရလမ်းကြောင်းမှာ မဖြစ်မနေအရေးပါတာကတော့ နို့တိုက်ကျွေးမှုပါ။

ဒီ တစ်ခေါက်တော့ ကလေးတစ်ယောက် ကြီးထွားစေဖို့ မဖြစ်မနေ လိုအပ်တဲ့ နို့အာဟာရတွေထဲကမှ ကလေးအတွက် အသင့်တော်ဆုံး နဲ့ အာဟာရအပြည့်ဆုံးဖြစ်မယ့် နို့ကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ နည်းလမ်းလေး ဆွေးနွေးရအောင်လား ……………

ကလေးတစ်ယောက် ဘယ်အရွယ်ထိ နို့သောက်သင့်လဲ………….

ကလေးတစ်ယောက်ဟာ အသက် ၁၀ နှစ်အထိ အာဟာရပြည်ဝတဲ့ နို့ကို သောက်သုံးဖို့လိုပါမယ်။ မွေးစကနေ ၅ နှစ်အထိက မှတ်ဉာဏ်တည်ဆောက်ဖို့၊ဦးနှောက်နဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးဖို့နဲ့ ကိုယ်ခံအား တည်ဆောက်ဖို့ ဖြစ်ပြီး ၅ နှစ် ကနေ ၁၀ နှစ်အတွင်းမှာတော့ ရှိသင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့်တို့ ရရှိပြီး အကောင်းဆုံး ဆက်လက် ကြီးထွား ဖွံ့ဖြိုးဖို့ပါ။

၁၀ နှစ်ကျော်တဲ့အထိလည်း နို့ကဆက်တိုက်လို့ရပါသေးတယ်။ နို့သောက်သုံးမှုက အရိုး၊သွား နဲ့ ကြွက်သားတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပြီး ကိုယ်ခံအားလည်း ကောင်းစေလို့ပါ။

ကလေးတစ်ယောက်အတွက် အသင့်တော်ဆုံး နို့ အမျိုးအစားတွေက

ကလေးတစ်ယောက် ရွေးချယ်သောက်သုံးနိုင်တဲ့ နို့ အမျိုးအစားက တစ်မျိုးမက ရှိနေပါတယ်။

• နွားနို့

• ဆိတ်နို့

• ပဲနို့

• အယ်လ်မွန်နို့

• အာဟာရဖြည့်နို့ ဆိုပြီး အမျိုးမျိုးရှိပါတယ်။

ကလေးတစ်ယောက်အတွက် အသင့်တော်ဆုံးဖြစ်မယ့် နို့ ရဲ့ လက္ခဏာရပ်တွေ

ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်ကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် နို့ဖြစ်ပြီးရော တိုက်လိုက်လို့ မရပါဘူး။ လူကြီးတွေလို အစားအစုံမစားနိုင်သေးဘဲ နို့အပေါ်မှာ ထိုက်သင့်သလောက် မှီခိုနေရတဲ့ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝစွာ ထောက်ပံ့ပေးနိုင်ဖို့ဆိုရင်

• နေ့စဉ်လိုအပ်တဲ့ အတိုင်းအဆ ကယ်လ်လိုရီ လုံလောက်စွာ ပါဝင်ရမယ်

ပရိုတင်း

ဗီတာမင် C

• ဗီတာမင် D

• ကယ်လ်ဆီယမ်

• Omega-3 fatty acid

• Omega 6

DHA

• အကျိုးပြုဘက်တီးရီးယား (Probiotics)

• အကျိုးပြု ဘက်တီးရီးယား အာဟာရ (Prebiotics) တို့ ပါဝင်သင့်ပါတယ်။

ကလေးအတွက် အာဟာရ အပြည့်ဝဆုံး နို့ ရွေးချယ်ရအောင် မေမေတို့ရေ…………..

ကလေးကို အကောင်းဆုံးပဲပေးချင်တဲ့ မေမေတို့အနေနဲ့ ကလေးကို အကောင်းဆုံးဖြစ်စေမယ့် နို့ရွေးချယ်တဲ့အခါ အပေါ်မှာ ပြောခဲ့တဲ့ အာဟာရဓာတ်တွေ ပါဝင်အောင် ဂရုစိုက်ဖို့လိုပါမယ်။ ဒီတော့ ဘယ်နို့မှာ ဘာအာဟာရဓာတ်တွေ ပါနေလဲ။ ကဲ … စကြည့်လိုက်ရအောင်။

(၁) နွားနို့

နို့လို့ပြောလိုက်ရင် အများစု ပြေးမြင်လေ့ရှိတာ နွားနို့။ နွားနို့မှာ

• ကယ်လ်လိုရီ

• ရေဓာတ်

• ပရိုတင်း

• အဆီဓာတ်

• ကယ်လ်ဆီယမ်

Lactose (နို့သကြားဓာတ်) စတာတွေ ပါဝင်နေပါတယ်။

ဒီလောက်ဆိုရင်တော့ လိုအပ်တဲ့ အာဟာရတွေ တော်တော်များများပါတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာရှိတဲ့ ကလေးတွေကတော့ မသောက်သင့်ပါဘူး။ မလိုအပ်တဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ ဝမ်းပျက်တာ၊ လေထိုးလေပွတာတွေ ဖြစ်လာခဲ့ရင် အာဟာရရဖို့ထက် ကလေးနေမကောင်းဖြစ်ဖို့ အလားအလာပိုများပါတယ်။ နွားနို့သောက်တိုင်း ကလေးက ဝမ်းပျက်နေပြီဆိုရင် lactose intolerance ကို စဉ်းစားသင့်ပါတယ်။

(၂) ဆိတ်နို့

ကြိုက်သူနည်းသလို တော်တော်များများက အနံ့ပြင်းလို့ မသောက်ဖြစ်ကြတဲ့ ဆိတ်နို့မှာတော့

• ကယ်လ်လိုရီ

• အဆီဓာတ်

• ပရိုတင်း

• ဆိုဒီယမ်

• ကာဗိုဟိုက်ဒရိတ်

ပိုတက်ဆီယမ်

• ကယ်လ်ဆီယမ်

• ဗီတာမင် A

• ဗီတာမင် C

• ဗီတာမင် D တို့ပါဝင်နေပါတယ်။

ဆိတ်နို့ရဲ့ အားသာချက်က အာဟာရပြည့်ဝတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ပါဝင်ပါတယ်။ ကလေးတွေမှာ lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာ ဖြစ်နိုင်ခြေလည်း နည်းပါတယ်။ ဒါပေမယ့် ကလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့ လိုအပ်မယ့် DHA လိုမျိုး အာဟာရဓာတ် ပါဝင်မှုမရှိသေးပါဘူး။

(၃) ပဲနို့

ကလေး အများစုကြိုက်ကြတဲ့ ပဲနို့ကတော့ ကလေးကို lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာ လုံးဝမဖြစ်စေတဲ့ နို့တစ်မျိုးပါ။ အပင်ကနေရတဲ့ ပရိုတင်းကို အခြေခံပြီး ထုတ်ထားတဲ့ ပဲနို့မှာ

• ကယ်လ်လိုရီ

• ပရိုတင်း

• အဆီဓာတ်

• ဆိုဒီယမ်

• ကယ်လ်ဆီယမ်

သံဓာတ်

• Maganese တို့ပါဝင်နေပါတယ်။

ဒါဆိုရင် ကလေးနဲ့ သင့်တော်ပြီလား……. အာဟာရပြည့်ပေမယ့် အပြည့်အဝ သင့်တော်တာမျိုး မဟုတ်သေးပါဘူး။ ပဲနို့က အပေါ်မှာ ပြောခဲ့တဲ့ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Omega-3 fatty acid၊ Omega 6၊ DHA နဲ့ အကျိုးပြု ဘက်တီးရီးယား၊ အကျိုးပြု ဘက်တီးရီးယား အာဟာရတွေ ပါဝင်မှုက Zero ပါ။

(၄) အယ်လ်မွန် နို့

အယ်လ်မွန် နို့က

• ကယ်လ်လိုရီ

• အဆီဓာတ်

• ပရိုတင်း

• ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်

• ကယ်လ်ဆီယမ်

• ပိုတက်ဆီယမ်

• ဗီတာမင် D

ဗီတာမင် E တို့ ပါဝင်နေပါတယ်။

လူကြီးတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာတစ်ခုဆိုပေမယ့် ကလေးတွေအတွက်ကြတော့ ကြီးထွားဖွံ့ဖြိုး မှုကို ထောက်ပံ့ပေးမယ့် ကယ်လ်လိုရီ ပါဝင်မှုက တော်တော်လေး နည်းပါတယ်။ ကယ်လ်လိုရီပါဝင်မှု နည်းနေတဲ့ အမျိုးအစားကို ရွေးချယ်မိမယ်ဆိုရင်တော့ ကလေးက ထွားသင့်သလောက် မထွားတော့ဘူးပေါ့။

(၅) အာဟာရဖြည့် နို့

ဒီအမျိုးအစားကတော့ ခုနက ပြောခဲ့တဲ့ နို့အမျိုးအစား တစ်ခုခုအပေါ် အခြေခံပြီး နောက်ဆက်တွဲ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်စွက်တာမျိုးပါ။ ဥပမာ နွားနို့ကိုအခြေခံပြီး နဂိုမပါဝင်တဲ့ ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ထပ်မံဖြည့်စွက်ထားတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ အာဟာရဖြည့်နို့ဆိုတဲ့အတိုင်း နို့ထဲမှာ ကလေးရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့၊ ဉာဏ်ရည် ထက်မြက်ပြီး ဦးနှောက်နဲ့ အမြင်အာရုံ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့

• ကယ်လ်လိုရီတွေ

• ပရိုတင်း

• ဗီတာမင် C

ဗီတာမင် D

• ကယ်လ်ဆီယမ်

• Omega-3 fatty acid

• Omega 6

• DHA

• အကျိုးပြုဘက်တီးရီးယား (Probiotics)

• အကျိုးပြု ဘက်တီးရီးယား အာဟာရ (Prebiotics) တို့ လုံလောက်ပြည့်ဝစွာ ပါဝင်တာက သူ့ရဲ့ အားသာချက်ဖြစ်ပါတယ်။

အခုလောက်ဆို ကလေးကို အကောင်းဆုံး ဆိုတာမှ ပေးချင်တဲ့ မေမေတို့ ဘယ်နို့က ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အားဖြည့်ပေးနိုင်မလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ အကောင်းဆုံးသောအာဟာရကို ရွေးချယ်စီမံနိုင် ကြပါစေ မေမေတို့ရေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Drinking Milk Is Recommended for Kids and What Milk Is Best https://www.verywellfamily.com/milk-nutrition-and-recommendations-for-kids-2633871 Accessed Date 15 May 2020

What Type of Milk is Best for Toddlers? https://bcdairy.ca/milk/articles/what-milk-or-milk-alternative-is-suitable-for-children-1-to-2-years-old Accessed Date 15 May 2020

MILK NUTRITION: WHICH ONE IS BEST FOR MY CHILD? https://jillcastle.com/childhood-nutrition/milk-nutrition-showdown/ Accessed Date 15 May 2020

ယခုပုံစံ

15/07/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား.................


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement