တစ်ခုခုစားတိုင်း သားသားကလိုက်ကြည့်နေတယ်။ မျက်နှာငယ်လေးနဲ့သနားပါတယ်။ သူ့ခမျာစားချင်နေရှာမှာပဲ။ ကလေးကို ထမင်းလေးကျွေးမှပဲလို့တွေးနေလား။ မသနားပါနဲ့နော်။ ကလေးတစ်ယောက်က အရွယ်ရောက်လာရင် ထမင်းကမဖြစ်မနေစားရမှာပါ။ အရွယ်မတိုင်ခင်ကျွေးမိတာက ကလေးကို အားဖြစ်စေဖို့ထက် ထိခိုက်စေဖို့များနေလို့ပါ။ ကလေးတစ်ယောက်ကို အနည်းဆုံး အသက် ၄ လခွဲမတိုင်ခင်အထိ မိခင်နို့ ဒါမှမဟုတ် အာဟာရပြည့်နို့မှုန့်ေတွကိုတိုက်တာအကောင်းဆုံးဖြစ်မှာပါ။
ကလေးကိုအရွယ်မတိုင်ခင် Solid food ပါနဲ့လို့ပြောရတဲ့အကြောင်းအရင်း
ကလေးအာဟာရဗေဒပညာရှင်တွေကတော့ မိဘတွေအနေနဲ့ ကလေးက ၄ လမပြည့်သေးဘူးဆိုရင် Solid foodတွေမကျွေးဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ကလေးမိဘ ၄၀ ရာခိုင်နှုန်းကတော့ ဒီအကြံပြုချက်ကို သိပ်မလိုက်နာကြပါဘူး။ ကလေးတွေကို ၄ လမပြည့်ခင်ကတည်းက နို့မှုန့်တိုက်တဲ့နေရာမှာ အာဟာရမှုန့်တွေကျိုကျွေးတာ၊ ထမင်းတိုက်ကျွေးတာတွေကို အစားထိုးလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမလုပ်သင့်ပါဘူး။ ကလေးရဲ့ အစာခြေစနစ်က Solid foodတွေကိုချေဖျက်နိုင်ဖို့ အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။လေ့လာမှုတွေအရတော့ နို့မှုန့်တိုက်တဲ့ကလေးတွေက Solid food ကိုပုံမှန်ထက်စောစောစားလ့ရှိပြီး မိခင်နို့ေသာက်တဲ့ ကလေးတွေကတော့ Solid food စားတာနောက်ကျတတ်ကြပါတယ်။
အသက်၄ လမတိုင်ခင်အထိ ကလေးရဲ့ အသစ်စက်စက် အစာအိမ်လေးနဲ့ အူနုနုလေးတွေက Solid foodတွေကို မစီမံနိုင်သေးပါဘူး။ ကလေးကို အစားစားတတ်အောင်လုပ်ပေးလိုက်ခြင်းကမိခင်နို့စို့တာကို နည်းသွားစေမှာပါ။ ဒီလိုနည်းသွားတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ပါထိခိုက်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူးနော်။ ကလေးက အစာကိုမျိုချဖို့အဆင်သင့်မဖြစ်သေးတဲ့အခါ အစာနင်တာ၊ သီးတာတွေအပြင် ဒီပြဿနာတွေကို အချိန်မီမဖြေရှင်းနိုင်ဘူးဆိုရင် အသက်ဆုံးရှုံးတာအထိဖြစ်နိုင်ပါတယ်နော်။ အကောင်းဆုံးကတော့ ကလေးကို အသက် ၄ လမတိုင်ခင်အထိ မိခင်နို့ဖြည့်စွက်ပေးချင်တယ်ဆိုရင် အာဟာရဖြည့်နို့တွေနဲ့ပဲဖြည့်စွက်ပေးပါ။ Solid foodတွေအကူအညီမယူပါနဲ့ဦး။
ကလေးကိုအရွယ်မတိုင်ခင် Solid foodကျွေးမိရင်ဘာတွေဖြစ်လာမလဲ
ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ် – အာဟာရြဖစ်အောင်ကျွေးတာပဲ။ ထိခိုက်စရာမရှိလောက်ပါဘူး၊လို့ ထင်စရာအကြောင်းရှိပါတယ်။ ဒီလိုမဟုတ်ပါဘူးနော်။ အစာခြေစနစ် မဖွံ့ဖြိုးသေးတဲ့ကလေးတစ်ယောက်ကို အစာတွေကျွေးတာက အစာခြေစနစ်ကိုထိခိုက်စေနိုင်သလို ဓါတ်မတည့်တာ၊ အရေပြားြပဿနာခံစားရတာ၊ အဝလွန်တာ၊ဆီးချိုလိုမျိုးနာတာရှည်ဝေဒနာတွေကိုခံစားရစေနိုင်ပါတယ်။ ဂလူတန်နဲ့ဓါတ်မတည့်မှုကြောင့် အူရောင်တာမျိုးလည်းခံစားရနိုင်ပါတယ်။
ဒါတွေအပြင်ကလေးကို ၄ လမတိုင်ခင်မှာ အစာကျွေးတာကြောင့် ကလေးကညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေတာမျိုးလည်းမရှိပါဘူး။ အခုလောက်ဆိုရင်တော့ ကလေးတွေကို ဘာလို့ အရွယ်မရောက်ခင် အစားမကျွေးပါနဲ့၊လို့ပြောရလဲဆိုတာကို သိလောက်မယ်ထင်ပါတယ်နော်။ ကလေးက အရွယ်ရောက်လာရင်လည်း စားရမှာဖြစ်လို့ ကလေးကို အစောကြီးစားစရာတွေကျွေးတာမျိုးမလုပ်ပါနဲ့။ ချစ်လို့လုပ်မိတဲ့စေတနာအမှားတွေကြာင့် ကလေးမထိခိုက်စေဖို့ ဂရုစိုက်ပေးစေချင်ပါတယ်နော်။ ကလေးက အစားစကျွေးလို့ရပြီဆိုတဲ့အရွယ်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးကျွေးဖို့ အကြံပြုပါရစေ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]