backup og meta

ကလေးမှာဖြစ်နေတဲ့ အရေပြားပြဿနာတွေပိုဆိုးမသွားအောင် ဘာအစားအစာတွေရှောင်ရမလဲ ။ ။

ကလေးမှာဖြစ်နေတဲ့ အရေပြားပြဿနာတွေပိုဆိုးမသွားအောင် ဘာအစားအစာတွေရှောင်ရမလဲ ။  ။

ကိုယ်ခန္ဓါမှာ ဓါတ်မတည့်တာတစ်ခုခုဖြစ်တာနဲ့ အထင်ရှားဆုံးနဲ့ အရင်ဆုံး သိနိုင်တာက အရေပြားပဲဖြစ်ပါတယ်။ အရင်တည်းက အရေပြားပြဿနာရှိတဲ့ ကလေးတွေ အစားအသောက်တစ်ခုခုမှားလိုက်တာနဲ့တင် ဖြစ်နေတဲ့ အရေပြားပြဿနာတွေ ပိုဆိုးသွားတတ်တာကြောင့် အစားအသောက်တွေကို သေချာပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ကလေးတွေမှာ ဓါတ်မတည့်တာကိုဖြစ်စေတဲ့ အစားအသောက်တွေကဘာတွေလဲဆိုတာ မေမေတို့သိဖို့ အရေးကြီးပါတယ်။

ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲ ။ ။

  • ညှင်းခူ ( eczema)
  • အသားနဲ့ ထိတွေ့တဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့ပြဿနာ ( Allergic contact dermatitis )
  • အင်ပြင်ထွက်ခြင်း ( Hives)
  • ဖုန်၊ဝတ်မှုန်၊ တိရိစ္ဆာန်အမွှေးတွေနဲ့ တစ်ချို့ အစားအစာတွေကြောင့် ဓါတ်မတည့်မှုတွေဖြစ်ပြီး အရေပြားမှာ အနီကွက်ထတာမျိုး တွေဖြစ်တတ်ပါတယ်။

ကလေးတွေမှာ ဓါတ်မတည့်တာဖြစ်ရင် ဘာလက္ခဏာတွေဖြစ်တတ်လဲ ။ ။

  • အရေပြားမှာ အနီဖုလေးတွေပေါက်နေမယ်
  • အင်ပြင်အကွက်တွေထနေမယ်
  • အသားခြောက်နေမယ်
  • ဝမ်းလျှောမယ်။
  • အသက်ရှူကြပ်နေမယ်
  • ချောင်းဆိုးမယ်ဆိုရင်
  • မျက်လုံးယားပြီး နီနေမယ်၊ မျက်လုံးအစ်နေမယ်
  • နှုတ်ခမ်းတွေထူလာတာတွေက ဓါတ်မတည့်တာတွေရဲ့ လက္ခဏာတွေပါ။

ကလေးတွေက နုနယ်လွန်းတဲ့အတွက် ဓါတ်မတည့်မှုတွေဖြစ်နေတဲ့အချိန် အစားအသောက်တွေ သေချာမရွေးဘဲ ကလေးမတည့်တာတွေကို ကျွေးမိရင်ပိုဆိုးသွားနိုင်တာကြောင့် ဘယ်လိုအစားအသောက်တွေက ကလေးနဲ့ ဓါတ်မတည့်တာ အများဆုံးဖြစ်လဲဆိုတာ မေမေတို့ သိထားသင့်ပါတယ်။

ကလေးကို ဓါတ်မတည့်တာဖြစ်စေနိုင်တဲ့ အစားအသောက်များ ။ ။

  • နို့နဲ့ နို့ထွက်ပစ္စည်းများ ( lactose Intolerance)
  • ဥအမျိုးမျိုး
  • မြေပဲ
  • သစ်ကြားသီး၊ ဗန်ဒါစေ့၊
  • ပဲပိစပ်
  • Gluten ပါသော ပန်းဂျုံ
  • ပင်လယ်စာ တွေက ကလေးအများဆုံးဓါတ်မတည့်နိုင်တဲ့အစားအစာတွေပါ။

နုနယ်လွန်းတဲ့ ကလေးတွေမှာ ဓါတ်မတည့်မှုတွေဖြစ်ရင် အသက်သေဆုံးတဲ့အထိ ပြင်းထန်တတ်ပါတယ်။ အဲဒီလိုပြင်းထန်နေပြီဆိုရင် ဆေးဘက်ဆိုင်ရာ အကူအညီယူ ချက်ချင်းယူဖို့လိုအပ်ပါတယ်။ ပန်းနာရင်ကြပ်ဖြစ်နေတဲ့ ကလေးတွေမှာ အစာဓါတ်မတည့်တာမျိုးဖြစ်ရင်လည်း ပိုပြီးပြင်းထန်တတ်ပါတယ်။

ဒါဆို အစာနဲ့ ဓါတ်မတည့်မှုကို ဖြေရှင်းဖို့နည်းလမ်းတွေ မရှိတော့ဘူးလား။ ။

အကောင်းဆုံးကတော့ ကလေးနဲ့ ဓါတ်မတည့်တဲ့ အစားအသောက်တွေကို စာရင်းပြုစုထားပြီး ရှောင်ပါ။ သရေစာတွေဝယ်တော့မယ်ဆိုရင် နောက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို သေချာကြည့်ပါ။ ဒါတွေက တကယ်တမ်းလက်တွေ့လုပ်ရမယ်ဆို မလွယ်တဲ့ကိစ္စကြီးပါ။ ဥတို့ နို့တို့ဆိုတာ မုန့်တော်တော်များများမှာ ပါဝင်တဲ့ ပစ္စည်းတွေဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း ဓါတ်မတည့်တဲ့သူတစ်ယောက်ဟာ သူမတည့်တဲ့ အစားအသောက် နည်းနည်းလေးစားမိရင်တောင် မှ ပြင်းထန်းတဲ့ တုန့်ပြန့်မှုတွေဖြစ်နိုင်တဲ့အတွက်ကြောင့် သေချာ သတိထားစေချင်ပါတယ်။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.kidshealth.org.nz/skin-problems-children Accessed date 17.12.2018

https://www.webmd.com/allergies/food-triggers#2Accessed date 17.12.2018

https://www.healthline.com/health/pictures-skin-allergies-children#outlookAccessed date 17.12.2018

ယခုပုံစံ

23/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြက်ဥ/ဘဲဥစားသင့်တဲ့ အချက်ငါးချက်

အင်ပြင်ထခြင်း နဲ့ သင့်အသားအရေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement