backup og meta

မျှဝေပါ။

ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ်

သားသားမီးမီးတွေ ကျန်းကျန်းမာမာနဲ့ ဉာဏ်ကောင်းပျော်ရွှင်ပြီး ကြီးပြင်းလာစေဖို့ဆိုတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီလိုကြီးထွားလာဖို့ဆိုတာလည်း ကိုယ်ချစ်တဲ့ သားသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ငယ်စဉ်ကတည်းက သေချာကျွေးမွေးမှ ဖြစ်မှာနော်။ ဒီတစ်ခေါက်တော့ ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ် အကြောင်းလေး ပြောပြပေးချင်ပါတယ်။

ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ်

ငါးကြီးဆီလို့လည်း ခေါ်တဲ့ အိုမီဂါ ၃ အဆီအနှစ် (Omega-3 fatty acid) ဟာ ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ် ပါပဲ။ အိုမီဂါ ၃ အဆီအနှစ်ဟာ ဦးနှောက်ကို ကြီးထွားဖွံ့ဖြိုးစေတယ်။ နှလုံးကျန်းမာစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေလို့ အလွယ်တကူ ဖျားနာခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ အိုမီဂါ ၃ အဆီအနှစ်ကို ကိုယ်ခန္ဓာက သဘာဝအတိုင်း မထုတ်ပေးနိုင်တဲ့အတွက် အစားအစာတွေ၊ ဖြည့်စွက်စာတွေ၊ ကြီးထွားဖွံ့ဖြိုးစေဖို့ အာဟာရပြည့်နို့မှုန့်ကနေ တစ်ဆင့်ပဲ ရရှိနိုင်ပါတယ်။

အိုမီဂါ ၃ အဆီအနှစ်ထဲမှာ

  • ALA (Alpha-linolenic acid)
  • EPA (Eicosapentaenoic acid)
  • DHA (Docosahexaenoic acid) ဆိုပြီး အမျိုးအစား ၃မျိုးခွဲခြားလို့ရပါတယ်။

ALA အာဟာရဓာတ်ကို ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အခွံမာသီးတွေနဲ့ အသီးအနှံတွေကနေ တစ်ဆင့် ရရှိပါတယ်။ စားသုံးလိုက်တဲ့အခါ ကိုယ်ခန္ဓာက ALA ဓာတ်ကို EPA နဲ့ DHA ဓာတ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ EPA နဲ့ DHA ဓာတ်တွေကိုတော့ အဆီများတဲ့ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ငါးကွမ်းရှပ်၊ တူနာငါးတွေအပြင် ဖြည့်စွက်စာတွေကနေ အများဆုံးရရှိပါတယ်။

လေ့လာချက်တွေအရ မိဘတွေအနေနဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက အိုမီဂါ ၃ အဆီအနှစ်ပါဝင်တဲ့ အစားအစာတွေကို များများကျွေးပေးခြင်းဖြင့်

  • ပန်းနာရင်ကျပ်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်
  • ကလေးတွေကို ကောင်းစွာအိပ်ပျော်နိုင်စေတယ်
  • ဦးနှောက်ကို ကြံ့ခိုင်ဖွံ့ဖြိုးစေတယ်
  • ဉာဏ်ကောင်းထက်မြက်စေတယ်
  • မှတ်ဉာဏ်ကောင်းစေတယ်
  • စိတ်ပျော်ရွှင်စေတယ်
  • နိုးကြားတက်ကြွစေနိုင်ပါတယ်။

ပုံမှန်အားဖြင့် ကလေးအတွက် တစ်နေ့တာလိုအပ်တဲ့ အိုမီဂါ ၃ အဆီအနှစ် ပမာဏကို အစားအစာကနေ လုံလောက်စွာ ရရှိနိုင်ပါတယ်။ အသက် ၂ နှစ်အထက် ကလေးတွေဆိုရင် အိုမီဂါ ၃ အဆီအနှစ် ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်၊ ထောပတ်သီးတွေ ကျွေးတာ၊ ငါးတွေကို ပျော့နေအောင် ချက်ပြီး သေချာ အရိုးနွှင် ကျွေးတာမျိုး လုပ်ပေးလို့ရပါတယ်။

ကလေး ကြီးလာပြီဆိုရင်တော့ ငယ်ငယ်က စားခဲ့တဲ့ ပမာဏထက် ပိုပြီးကျွေးဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ ဟိုဟာမစား ဒီဟာမစား အစား နဲ့ပတ်သက်ပြီး အရမ်းကြေးများလွန်းတာ၊ ငါးနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေ ဆိုရင်တော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ငါးကြီးဆီ ဖြည့်စွက်အားဆေး ဝယ်တိုက်ပေးလို့ရပါတယ်။

ဒါဆို မေမေတွေလည်း ကိုယ် သိပ်ချစ်ရတဲ့ ကလေးကို ဉာဏ်ကောင်း ထက်မြက်စေချင်တယ် ဆိုရင် ဘယ်လို အစားအစာနဲ့ အာဟာရဓာတ်တွေကို များများ ကျွေးသင့်လဲ ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/omega-3-for-kids (November 27, 2019)

ယခုပုံစံ

09/08/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement