backup og meta

ဘေဘီလေးအတွက် အရေးပါတဲ့ ဇင့်

ဘေဘီလေးအတွက် အရေးပါတဲ့ ဇင့်

၉ လ လွယ်ပြီး ၁၀ လဖွားထားရတဲ့ ဘေဘီလေးကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးပါ။ ဒီစိတ်ကူးလေးပြည့်ဝဖို့က ဘေဘီလေးကို လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍနေပါဝင်နေတဲ့ သတ္တုဓာတ်လေးတစ်ခုအကြောင်းပြောပြပေးပါရစေ။ ဒါကတော့ ဇင့်ဓာတ် ပါ။

ဘေဘီလေး အတွက် အရေးပါတဲ့  ဇင့်

ဇင့်ဓာတ်က မွေးကင်းစအရွယ်ကနေစပြီး ဘေဘီလေးတော်တော်အရွယ်ရောက်တဲ့အထိ အရေးပါတဲ့ ဓာတ်တစ်ခုပါ။ ဒီသတ္တုဓာတ်က ဘေဘီလေးကို ကျန်းမာတဲ့ အရပ်နဲ့ကိုယ်အလေးချိန်ရရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တကယ်လို့ ဘေဘီလေးက ငယ်စဉ်မှာ ဇင့်ဓာတ်ကို လုံလောက်စွာမရရှိခဲ့ဘူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုနှေးတာအပြင် အခြားသောကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ဇင့်ဓာတ်က ဘေဘီလေးရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးသလို မျိုးပွားအင်္ဂါ၊ ဦးနှောက်နဲ့ ကိုယ်ခံအားတို့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ အတွက်လည်း အပြည့်အဝထောက်ပံ့ပေးပါသေးတယ်။ ဘေဘီလေးက အာရုံစိုက်မှုကောင်းပြီး ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့ အတွက်လည်း ဇင့် က အကောင်းဆုံး ထောက်ပံ့ပေးထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျောင်းနေအရွယ်လေးငယ်တွေမှာ အများဆုံးကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်

ဖွံ့ဖြိုးဆဲ နိုင်ငံ တော်တော်များများက ကျောင်းနေအရွယ် ကလေးငယ် ၇၀ ရာခိုင်နှုန်းလောက်မှာ ဇင့်ဓာတ် ချို့တဲ့နေတာကို တွေ့ရပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းကတော့ အစားအသောက်တွေထဲမှာ ဇင့်ဓာတ် ပါဝင်မှု နည်းနေတာကြောင့် ဖြစ်နိုင်သလို ဇင့်ဓာတ်ကို လုံလောက်ပြည့်မီအောင် မစားသုံးမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘေဘီလေးတွေ အနေနဲ့ကတော့ မေမေ့နို့ကနေ ဇင့်ဓာတ်ကို ရရှိနိုင်တယ် ဆိုပေမယ့် လုံလောက်ပြည့်မီမှုတော့ မရှိသေးပါဘူး။ ဒါကြောင့် ဘေဘီလေးကို နို့တိုက်နေရချိန်မှာ မေမေက ဇင့်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသုံးပေးတာ၊ ဇင့် အားဖြည့်ဆေး ဘေဘီလေးကို တိုက်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

ကလေးက အရွယ်ရောက် လာတဲ့အခါမှာတော့ ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို မေမေက ပြင်ဆင်ကျွေးမွေးပေးဖို့ လိုပါမယ်။ ဒါဆို ဘာတွေ ကျွေးရမလဲလို့ တွေးနေပြီလား။ ဒီ အစားအသောက်လေးတွေက ဇင့်ဓာတ် ကြွယ်ဝတာကြောင့် ကလေးရဲ့ နေ့စဉ် စားသုံးမှုတွေထဲမှာ ပါဝင်အောင် ပြင်ဆင် ပေးသင့်ပါတယ်။ ဘေဘီလေးအတွက် အရေးပါတဲ့ ဇင့် ပြည့်ဝစေဖို့ ဆိုရင်

ဘေဘီလေး ဘဝကနေ အရွယ်ရောက် တဲ့အထိ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပြည့်မီတဲ့ အရပ်အမောင်း အပြင် ကိုယ်ခံအား ကောင်းပြီး ဉာဏ်ရည် ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေဖို့ ဘေဘီလေးကို ဇင့်သတ္တုဓာတ် ပြည့်ဝအောင် ဖြည့်ပေးပါ မေမေတို့ရေ…………..

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Zinc Helps Kids Grow https://www.webmd.com/children/news/20020524/zinc-helps-kids-grow#2 Accessed Date 6 November 2019

Zinc in your child’s diet https://www.babycenter.com/0_zinc-in-your-childs-diet_10324698.bc Accessed Date 6 November 2019

ယခုပုံစံ

12/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မေမေ့ဗိုက်ထဲက ဘေဘီလေး အကောင်းဆုံးဖွံ့ဖြိုးစေဖို့

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement