backup og meta

အသားဖြူစေမယ့် နည်းလမ်းတစ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဖြူစေမယ့် နည်းလမ်းတစ်ခု

    ဖြူစင်ဝင်းပတဲ့အသားအရေက သင့်ကိုယုံကြည်မှုတိုးစေမယ့် အချက်တွေထဲကတစ်ခုပေါ့။ ဘာလေးဝတ်ဝတ်လှနေဖို့၊ ဘယ်လိုနေနေချစ်ဖို့ကောင်းနေဖို့ဆိုတာ အသားအရေလေး ကြည်လင်ဝင်းပနေဖို့လည်း လိုပါတယ်။ တိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှုတွေပိုများလာသလို အသားအရေကို ထိခိုက်ညိုမည်းစေနိုင်ခြေကလည်း တော်တော်လေးများလာတာပါ။ ဒီပြဿနာတွေကို အကောင်ဆုံးဖြေရှင်းပြီး ကြည်လင်ဝင်းပတဲ့ အသားအရေပိုင်ဆိုင်ဖို့ဆိုရင် နည်းလမ်းကောင်းတစ်ရပ်ရှိပါတယ်။ဒါကတော့……

    အရေပြားအရောင်ကို ဘာတွေက အဆုံးအဖြတ်ပေးလဲ…..

    အရေပြားအရောင်ကို မယ်လာလ်နင်(melanin) လို့ခေါ်တဲ့ ရောင်ခြယ်ဓာတ်တစ်မျိုးက အရေပြားပေါ်မှာ ဘယ်လောက်ရှိလဲဆိုတာက အဆုံးအဖြတ်ပေးပါတယ်။ မယ်လ်နင်ပိုများတဲ့သူက အသားပိုမည်းပါတယ်။ အရေပြားမှာ မယ်လ်လာနင်ဘယ်လောက်ရှိလဲဆိုတာက

    • မျိုးရိုး၊
    • နေရောင်နဲ့ထိတွေ့မှု၊
    • ဟော်မုန်းအပြောင်းအလဲ၊
    • ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုတွေအပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။

    အသားဖြူစေမယ့်နည်းလမ်းတစ်ရပ်

    အသားဖြူစေဖို့အတွက် အသုံးပြုလို့ရတဲ့ နည်းလမ်းတွေကတော့ တစ်ခုမကရှိနေပါတယ်။ ဘာတွေများဖြစ်မလဲဆိုတော့

    ဒီထဲမှာမှ ကြိုက်တာကိုရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် ဆေးသောက်ဖို့ကျတော့လည်း မေ့တတ်လို့၊ ကျန်တဲ့နည်းတွေကိုလည်း ကြောက်လို့ ငွေကုန်ကြေးကျများမှာစိုးလို့ဆိုပြီး စိတ်ပူနေတယ်ဆိုရင်တော့ နာကျင်မှုသိပ်မရှိဘဲ အသားကိုလည်း အထိရောက်ဆုံးဖြူဝင်းစေမယ့် နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အသားဖြူဆေးထိုးတာပါ။ အခုလက်ရှိမှာတော့ ဒီနည်းလမ်းက လွယ်ကူပြီး ဘေးကင်းစိတ်ချရတဲ့ အသားဖြူနည်းအဖြစ် အများကလက်ခံထားကြပါတယ်။

    အသားဖြူထိုးဆေး (Glutathione) ဆိုတာ

    Glutathione ကအသည်းမှာတွေ့ရှိရတဲ့ သဘာဝဒြပ်ပေါင်းတစ်မျိုးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ထောပတ်သီးတို့လိုမျိုးစားစရာတွေမှာလည်း တွေ့ရနိုင်ပါတယ်။ အသားဖြူစေဖို့အတွက် ဘေးကင်းစိတ်ချရတဲ့ ဒြပ်ပေါင်းတစ်ခုဆိုလည်း မမှားပါဘူး။

    Glutathione ကဓာတ်တိုးဆန့်ကျင်အာနိသင်ရှိပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးများပါတယ်။ ဓာတ်တိုးပစ္စည်းဆိုတာက ခန္ဓာကိုယ်မှာ အာရုံကြောရောဂါများ၊ ကင်ဆာ၊ ပင်ပန်းနွမ်းနယ်တာ၊ နှလုံးနဲ့ ရောင်ရမ်းခြင်းဝေဒနာတွေဖြစ်စေပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဓာတ်တစ်မျိုးပါ။ Glutathione က ဒီလိုအန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ဖြေလျှော့ပေးရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ ကင်ဆာနဲ့ အသည်းရောဂါ၊ အာရုံကြောရောဂါတွေကို ကုသဖို့အတွက် Glutathione ကိုအသုံးပြုကြပါတယ်။ သူ့ရဲ့ နောက်ထပ်အားသာချက်တစ်ခုက အသားဖြူစေတာပါပဲ။ Glutathione ကို ဗီတာမင် C နဲ့ ရောစပ်ပြီး အသားဖြူစေဖို့အတွက် အလှအပကုသမှုတစ်ရပ်အနေနဲ့ အသုံးပြုကြပါသေးတယ်။ Glutathione က အသားဖြူစေနိုင်တဲ့အပြင် အသားအရောင်ကိုညစ်ညမ်းစေတဲ့ ဓာတ်ပစ္စည်းတွေထုတ်လုပ်မှုကို လျှော့ချပေးတာကြောင့်လည်း အသက်ကြီးလို့ဖြစ်လာတဲ့ အရေပြားပြဿနာတွေဖြစ်ကြတဲ့ အရေပြားမှာ အစက်အပျောက်တွေ၊ အရေးအကြောင်းတွေဖြစ်တာကိုပါ သက်သာစေနိုင်ပါတယ်။

    အသားဖြူထိုးဆေး (Glutathione) ရဲ့ ကျန်းမာရေးအာနိသင်က

    Glutathione ကအသားဖြူစေရုံတင်မဟုတ်ပါဘူး။ ရောဂါတွေကို သက်သာစေနိုင်သလို

    ဘယ်လောက်တစ်ကြိမ် ဆေးထိုးရမလဲ….

    အသားဖြူထိုးဆေးက တစ်​ကြိမ်တည်း ထိုးရုံနဲ့တော့ မလုံလောက်ပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ထိုးရမှာပါ။ ဆေးစစထိုးချင်းမှာ ဆေးရည် ၃၀၀ မီလီဂရမ် ကနေ ၆၀၀ မီလီဂရမ်လောက်အထိကို တစ်ပတ် ၃ ကြိမ်လောက်ဆေးထိုးပေးရပါမယ်။ ပြီးရင်တော့ ၄ ပတ်ခြားပြီး တစ်ပတ်တစ်ကြိမ်ပဲဆေးထိုးရပါမယ်။ ၆ ပတ်က နေ ၈ ပတ်အတွင်းမှာ အသားအရေပြောင်းလဲမှုကိုတွေ့ရမှာပါ။ တစ်ကြိမ်ထက်တစ်ကြိမ် အသားအရေပိုကောင်းလာတာကိုလည်း တွေ့ရမှာပါ။

    အသားဖြူဆေးထိုးမယ်ဆိုရင် တတ်သိနားလည်သူတွေနဲ့ သေချာတိုင်ပင်ပြီး လုပ်စေချင်ပါတယ်။ ဒါမှ ထိခိုက်မှုကင်းပြီး အန္တရာယ်ကင်းတဲ့ ဖြူစင်ဝင်းပမှုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement