ကိုယ်ခံအားဆဲလ်တွေကို ဖွံ့ဖြိုးစေမယ့် အာဟာရတွေ
ကလေးတစ်ယောက် ကိုယ်ခံအား အားကောင်းနေစေဖို့ဆိုရင် ကိုယ်ခံအားဆဲလ်စ်တွေ (Immune Cells) ပုံမှန်ဖွံ့ဖြိုးတိုးပွားနေဖို့ လိုအပ်ပါတယ်။
Immune Cells တွေ အားကောင်းနေစေဖို့အတွက်ဆိုရင်တော့ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် D ၊ ဗီတာမင် B6 ၊ ဗီတာမင် B12 ၊ ဗီတာမင် E ၊ ဇင့် (Zinc) ၊ ဆီလီနီယမ် (Selenium) ၊ ကြေးနီ (Copper) ၊ ဖောလစ်အက်ဆစ် (Folic Acid ) တို့လို အာဟာရဓာတ်တွေက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
Antibodies ကို ထုတ်လုပ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ
နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ Antibodies တွေပါပဲ။ Antibodies ကို ထုတ်လုပ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေဟာ ကလေးတွေ ကျန်းမာစေဖို့နဲ့ ဖျားနာမှုကင်းဝေးစေဖို့ အရေးပါလှပါတယ်။
ဗီတာမင် A ၊ ဗီတာမင် D ၊ ဗီတာမင် B6 ၊ ဗီတာမင် B12 ၊ ဗီတာမင် E ၊ ဆီလီနီယမ် (Selenium) ၊ ကြေးနီ (Copper) ၊ ဖောလစ်အက်ဆစ် (Folic Acid ) တို့လို အာဟာရဓာတ်တွေက Antibodies တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းအောင် ဘယ်လိုအစားအစာတွေ ကျွေးမွေးကြမလဲ
ဘယ်လို အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးရမလဲဆိုတာကို သိပြီဆိုရင် ဒီအာဟာရဓာတ်တွေ ဘယ်လိုအစားအစာတွေမှာ ပါဝင်နေတယ်ဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။
ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းဘူးထည့်ပေးတာကနေစလို့ တစ်နေကုန် စားသောက်တာတွေအထိ အားလုံးကို ကျွေးမွေးစီမံရာမှာ ကိုယ်ခံအားစနစ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို ချက်ပြုတ်စီမံပေးနိုင်ရင် အကောင်းဆုံးပါပဲ။
ဒီတော ဘယ်လိုအာဟာရဓာတ်တွေကို ဘယ်လိုအစားအစာတွေကနေ ရရှိနိုင်သလဲဆိုတာကိုလည်း သိထားရအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
- ဗီတာမင် A ပါဝင်သော အစားအစာများ – ပင်လယ်ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ စီရီယယ်၊ နို့၊ လိမ္မော်အပါအဝင် အဝါရောင်ရှိသော အသီးများ၊ ဘရိုကိုလီ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ။
- ဗီတာမင် C ပါဝင်သော အစားအစာများ – ဘရိုကိုလီ၊ ကညွတ်၊ ဟင်းနုနယ်၊ ဂေါ်ဖီ၊ ငရုတ်သီး၊ အစိမ်းရောင်အရွက်များ၊ အာလူး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊ လိမ္မော်၊ မာလကာ၊ သံပရာ၊ ကျွဲကော။
- ဗီတာမင် D ပါဝင်သော အစားအစာများ – ပင်လယ်ငါးအမျိုးမျိုး၊ မှို၊ လိမ္မော်၊ ပဲနို့၊ စီရီယယ်၊ ဒိန်ခဲ၊ အမဲအသည်း၊ နို့။
- ဗီတာမင် B6 ပါဝင်သော အစားအစာများ – ဝက်သား၊ ကြက်သား၊ ကြက်ဆင်သား၊ ငါး၊ ပေါင်မုန့်၊ အစေ့အဆန်နဲ့ အနှံများ၊ ဥအမျိုးမျိုး၊ ပဲပိစပ်။
- ဗီတာမင် B12 ပါဝင်သော အစားအစာများ – ငါး၊ တိရစ္ဆာန်ထုတ်ကုန်များ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ။
- ဗီတာမင် E ပါဝင်သော အစားအစာများ – ဟင်းရွက်ဆီများ၊ အစေ့အဆန်များ၊ အစိမ်းရောင်ရှိသော ဟင်းရွက်များ၊ စီရီယယ်၊ ထောပတ်၊ ဒိန်ခဲ၊ သစ်သီးဖျော်ရည်များ။
- ဇင့် (Zinc) ပါဝင်သော အစားအစာများ – အစေ့အဆန်များ၊ စီရီယယ်၊ ကမာ၊ အနီရောင်ရှိသော အသားများ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ။
- ဆီလီနီယမ် (Selenium) ပါဝင်သော အစားအစာများ – ဘရာဇီးလ်သစ်စေ့၊ ငါး၊ ဝက်ပေါင်ခြောက်၊ ဝက်သား၊ အမဲသား၊ ကြက်ဆင်၊ ကြက်သား၊ ပါစတာ၊ စီရီယယ်၊ ဒိန်ခဲ၊ ဆန်လုံးညို၊ ဥအမျိုးမျိုး၊ နေကြာစေ့၊ မှို၊ အုတ်ခ်ဂျုံ၊ ငှက်ပျောသီး။
- ကြေးနီ (Copper) ပါဝင်သော အစားအစာများ – အသည်းများ၊ ကလီစာများ၊ ကမာ၊ စပီရူလိုင်းနား၊ မှို၊ အစေ့အဆံများ၊ ပုဇွန်ထုပ်၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အနက်ရောင် ချောကလက်။
- ဖောလစ်အက်ဆစ် (Folic Acid) ပါဝင်သော အစားအစာများ – ဘရိုကိုလီ၊ ကညွတ်၊ အသည်းအမျိုးမျိုး၊ အစိမ်းရောင်ရှိသော ဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ စီရီယယ်။
ဒီလိုအစားအစာတွေကနေတဆင့် အာဟာရဓာတ်တွေ ဖြည့်တင်းပေးပြီး သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ကာ ရောဂါပိုးမွှားတွေအန္တရာယ်ကနေကာကွယ်ပေးကြပါစို့နော်…။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။