backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သံပုရာစေ့ စားပေးတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သံပုရာစေ့ စားပေးတဲ့အခါ

သံပုရာရည် သောက်တိုင်း သံပုရာစေ့ တွေ ထွေးပစ်နေတုန်းလား …….. အသုပ် တစ်ခုခု မှာ သံပုရာရည် ညှစ်ထည့်တိုင်း အစေ့တွေကို ဖယ်ပြီး လွှင့်ပစ်နေတုန်းလား….. သံပုရာစေ့ဆိုတာက အပင် ပြန်စိုက်ဖို့ကလွဲရင် စားလို့ မရဘူး။ ခါးတယ်။ အရသာပျက်တယ်လို့ တွေးနေတုန်းဆိုရင်တော့ ဒီအယူအဆကို အခုပဲ ပြင်ဆင်လိုက်ပါ။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာ မို့လို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား။

သံပုရာစေ့ ဆိုတာ

သံပုရာစေ့ ဆိုတာ သံပုရာသီးရဲ့ အစေ့ပါ။ အသီးရဲ့ အလယ်အူတိုင်မှာ ရှိတဲ့ အစေ့ဖြူဖြူလေးတွေပါ။ ၆ စေ့ကနေ ၁၀ စေ့လောက်အထိ ပါတတ်ပါတယ်။ အပေါ်ခွံမာမာလေးနဲ့ အထဲကတော့ ကြွပ်ကြွပ်လေးပါ။ အရသာကတော့ ခါးသက်သက်ရှိပါတယ်။

သံပုရာစေ့မှာပါတဲ့ အာဟာရ

သံပုရာသီးရဲ့ အစေ့မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

သံပုရာစေ့ စားပေးတဲ့အခါ

သံပုရာစေ့ စားပေးတဲ့အခါ

သံပုရာစေ့ စားပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်

သံပုရာစေ့ စားပေးသင့်တဲ့ အကြောင်းအရင်း တစ်ခုက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့်ပါ။ သံပုရာရည် သောက်တဲ့အခါ သံပုရာသီးစေ့ကိုပါ ဝါးစားလိုက်ပါ။

ဒီလို စားလိုက်တာက ကိုယ်တွင်းက အဆိပ်အတောက်တွေ၊ ကပ်ပါးပိုးတွေ နဲ့ အခြားသော မလိုအပ်တဲ့ အရာတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။

အကိုက်အခဲ ပျောက်စေတယ်

သံပုရာစေ့မှာ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တဲ့ ဓာတ်တစ်မျိုး ဖြစ်တဲ့ salicylic acid ပါဝင်နေပါတယ်။ ဒါကြောင့် ကိုက်ခဲနေတာတွေကို သဘာဝအတိုင်း သက်သာချင်တယ်ဆိုရင် သံပုရာစေ့ စားပေးလို့ ရပါတယ်။

သန်ကျစေတယ်

အစာခြေစနစ်ထဲက သန်တွေ ကျစေချင်တယ်ဆိုရင် သံပုရာစေ့ကို ကြိတ်ပြီး ရေထဲမှာ စိမ်လို့ ရလာတဲ့ အရည်ကို သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာက အစာခြေစနစ်ထဲက သန်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးမှာပါ။

အစာခြေစနစ် ကျန်းမာစေတယ်

သံပုရာစေ့ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်က အစာခြေစနစ်ထဲက ပိုးမွှားတွေ မှိုပိုးတွေကို ဖယ်ရှားပေးပြီး အစာခြေစနစ် ပိုးဝင်ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး ပိုးဝင်ကူးစက်ခဲ့ရင်လည်း မြန်မြန် သက်သာစေတာပါ။

အရေပြား အာဟာရဖြည့်ပေးတယ်

သံပုရာစေ့ကလည်း သံပုရာသီး လိုပါပဲ ဗီတာမင် C ကြွယ်ဝတာကြောင့် အသားအရေကို ကြည်လင် နုပျိုစေပါတယ်။ အရေပြားကို အာဟာရ ဖြည့်ပေးပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဝက်ခြံ သက်သာစေတယ်

သံပုရာစေ့က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံတွေကို သက်သာစေပါတယ်။ ဝက်ခြံ အမာရွတ်တွေ မဖြစ်စေဖို့ နဲ့ ဝက်ခြံ ပိုးဝင်ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေတယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ သံပုရာစေ့ကို ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

ခြေသည်းလက်သည်း မှိုစွဲတာ သက်သာစေတယ်

သံပုရာရည်က ခြေသည်းလက်သည်း မှိုစွဲတာကို သက်သာစေသလို သံပုရာစေ့ကလည်း သက်သာစေပါတယ်။ ​ခြေသည်းလက်သည်းတွေကို ကျန်းမာစေမှာပါ။

သတိထားရမယ့် အချက်များ

သံပုရာစေ့က ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်

  • ရောဂါ အခံရှိသူတွေ
  • အစာခြေစနစ် ပြဿနာရှိသူတွေ
  • ဆေးသောက်နေရသူတွေ
  • ကိုယ်ဝန်ဆောင်တွေ
  • နို့တိုက်မိခင်တွေ
  • ကလေးငယ်တွေ အနေနဲ့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဖို့ လိုပါမယ်။

အလွန်အကျွံစားလွန်းရင်လည်း ဝမ်းချုုပ်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်၊၊ အစေ့လိုက် မျိုချတာထက် ကြေညက်အောင် ဝါးစားတာ၊ အမှုန့်ကြိတ်စားတာက အစာအိမ်ကို ထိခိုက်မှု နည်းစေပါတယ်၊၊

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement