backup og meta

ကလေးကိုအရွယ်မတိုင်ခင် အစားကျွေးမိရင်ဘာတွေဖြစ်လာနိုင်လဲ

ကလေးကိုအရွယ်မတိုင်ခင် အစားကျွေးမိရင်ဘာတွေဖြစ်လာနိုင်လဲ

တစ်ခုခုစားတိုင်း သားသားကလိုက်ကြည့်နေတယ်။ မျက်နှာငယ်လေးနဲ့သနားပါတယ်။ သူ့ခမျာစားချင်နေရှာမှာပဲ။ ကလေးကို ထမင်းလေးကျွေးမှပဲလို့တွေးနေလား။ မသနားပါနဲ့နော်။ ကလေးတစ်ယောက်က အရွယ်ရောက်လာရင် ထမင်းကမဖြစ်မနေစားရမှာပါ။ အရွယ်မတိုင်ခင်ကျွေးမိတာက ကလေးကို အားဖြစ်စေဖို့ထက် ထိခိုက်စေဖို့များနေလို့ပါ။ ကလေးတစ်ယောက်ကို အနည်းဆုံး အသက် ၄ လခွဲမတိုင်ခင်အထိ မိခင်နို့ ဒါမှမဟုတ် အာဟာရပြည့်နို့မှုန့်ေတွကိုတိုက်တာအကောင်းဆုံးဖြစ်မှာပါ။

ကလေးကိုအရွယ်မတိုင်ခင် Solid food ပါနဲ့လို့ပြောရတဲ့အကြောင်းအရင်း

ကလေးအာဟာရဗေဒပညာရှင်တွေကတော့ မိဘတွေအနေနဲ့ ကလေးက ၄ လမပြည့်သေးဘူးဆိုရင် Solid foodတွေမကျွေးဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ကလေးမိဘ ၄၀ ရာခိုင်နှုန်းကတော့ ဒီအကြံပြုချက်ကို သိပ်မလိုက်နာကြပါဘူး။ ကလေးတွေကို ၄ လမပြည့်ခင်ကတည်းက နို့မှုန့်တိုက်တဲ့နေရာမှာ အာဟာရမှုန့်တွေကျိုကျွေးတာ၊ ထမင်းတိုက်ကျွေးတာတွေကို အစားထိုးလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမလုပ်သင့်ပါဘူး။ ကလေးရဲ့ အစာခြေစနစ်က Solid foodတွေကိုချေဖျက်နိုင်ဖို့ အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။လေ့လာမှုတွေအရတော့ နို့မှုန့်တိုက်တဲ့ကလေးတွေက Solid food ကိုပုံမှန်ထက်စောစောစားလ့ရှိပြီး မိခင်နို့ေသာက်တဲ့ ကလေးတွေကတော့ Solid food စားတာနောက်ကျတတ်ကြပါတယ်။

အသက်၄ လမတိုင်ခင်အထိ ကလေးရဲ့ အသစ်စက်စက် အစာအိမ်လေးနဲ့ အူနုနုလေးတွေက Solid foodတွေကို မစီမံနိုင်သေးပါဘူး။ ကလေးကို အစားစားတတ်အောင်လုပ်ပေးလိုက်ခြင်းကမိခင်နို့စို့တာကို နည်းသွားစေမှာပါ။ ဒီလိုနည်းသွားတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ပါထိခိုက်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူးနော်။ ကလေးက အစာကိုမျိုချဖို့အဆင်သင့်မဖြစ်သေးတဲ့အခါ အစာနင်တာ၊ သီးတာတွေအပြင် ဒီပြဿနာတွေကို အချိန်မီမဖြေရှင်းနိုင်ဘူးဆိုရင် အသက်ဆုံးရှုံးတာအထိဖြစ်နိုင်ပါတယ်နော်။ အကောင်းဆုံးကတော့ ကလေးကို အသက် ၄ လမတိုင်ခင်အထိ မိခင်နို့ဖြည့်စွက်ပေးချင်တယ်ဆိုရင် အာဟာရဖြည့်နို့တွေနဲ့ပဲဖြည့်စွက်ပေးပါ။ Solid foodတွေအကူအညီမယူပါနဲ့ဦး။

ကလေးကိုအရွယ်မတိုင်ခင် Solid foodကျွေးမိရင်ဘာတွေဖြစ်လာမလဲ

ကလေးကို ၆ လ၊ အနည်းဆုံး ၄ လခွဲမတိုင် အစားမကျွေးဖို့ပြောရတာက မကျွေးစေချင်လို့မဟုတ်ပါဘူး။ ဒီအကြောင်းအရာတွေကြောင့်ပါနော်။ ကလေးတွေကို အရွယ်မတိုင်ခင်မှာ Solid foodကျွေးမိမယ်ဆိုရင်
Solid foodတွေက မိခင်နို့နဲ့ ကလေးတွေအတွက် ထုတ်ထားတဲ့ အာဟာရဖြည့်နို့မှုန့်တွေလောက် အာဟာရမပြည့်ပါဘူး – အစားအစာတွေက အာဟာရပါဝင်မှုနည်းပြီး ကယ်လ်လိုရီပါဝင်မှုများနေနိုင်ပါတယ်။ ကလေးတွေအတွက် အထူးစီမံထုတ်ထားတဲ့ နို့မှုန့်ေတွ၊ မိခင်နို့တွေလောက် အာဟာရမပြည့်ဝပါဘူး။ရှေည်အကျိုးဆက်အနေနဲ့က ကလေးကို အာဟာရမပြည့်ဝမှုဖြစ်စေနိုင်တာပါ။
မျိုချရအခက်အခဲဖြစ်စေနိုင်ပါတယ် – အသက် ၆ လမတိုင်ခင်မှာ ကလေးရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် အစားအစာတွေကို မျိုချဖို့ အခက်အခဲကြုံရမှာ အသေအချာပါပဲ။
အစာသီးမယ်၊ နင်မယ် – အစာကိုမျိုချတတ်တဲ့လူကြီးတွေမှာတောင် အခန့်မသင့်ရင် အစာနင်တာမျိုးဖြစ်စေနိုင်တယ်ဆိုရင် အစာခြေစနစ်မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေမှာ အစာနင်တာ၊သီးတာဖြစ်မယ်ဆိုတာကပြောနေစရာတောင်လိုမယ်မထင်ပါဘူးနော်။ အခန့်မသင့်ရင် အစာနင်တာကြောင့် အသက်သေဆုံးတာမျိုးအထိဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်အာဟာရြဖစ်အောင်ကျွေးတာပဲ။ ထိခိုက်စရာမရှိလောက်ပါဘူး၊လို့ ထင်စရာအကြောင်းရှိပါတယ်။ ဒီလိုမဟုတ်ပါဘူးနော်။ အစာခြေစနစ် မဖွံ့ဖြိုးသေးတဲ့ကလေးတစ်ယောက်ကို အစာတွေကျွေးတာက အစာခြေစနစ်ကိုထိခိုက်စေနိုင်သလို ဓါတ်မတည့်တာ၊ အရေပြားြပဿနာခံစားရတာ၊ အဝလွန်တာဆီးချိုလိုမျိုးနာတာရှည်ဝေဒနာတွေကိုခံစားရစေနိုင်ပါတယ်။ ဂလူတန်နဲ့ဓါတ်မတည့်မှုကြောင့် အူရောင်တာမျိုးလည်းခံစားရနိုင်ပါတယ်။

ဒါတွေအပြင်ကလေးကို ၄ လမတိုင်ခင်မှာ အစာကျွေးတာကြောင့် ကလေးကညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေတာမျိုးလည်းမရှိပါဘူး။ အခုလောက်ဆိုရင်တော့ ကလေးတွေကို ဘာလို့ အရွယ်မရောက်ခင် အစားမကျွေးပါနဲ့၊လို့ပြောရလဲဆိုတာကို သိလောက်မယ်ထင်ပါတယ်နော်။ ကလေးက အရွယ်ရောက်လာရင်လည်း စားရမှာဖြစ်လို့ ကလေးကို အစောကြီးစားစရာတွေကျွေးတာမျိုးမလုပ်ပါနဲ့။ ချစ်လို့လုပ်မိတဲ့စေတနာအမှားတွေကြာင့် ကလေးမထိခိုက်စေဖို့ ဂရုစိုက်ပေးစေချင်ပါတယ်နော်။ ကလေးက အစားစကျွေးလို့ရပြီဆိုတဲ့အရွယ်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးကျွေးဖို့ အကြံပြုပါရစေ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

4 in 10 Babies Given Solid Foods Too Early: Studyhttps://www.webmd.com/parenting/baby/news/20130325/four-in-10-babies-given-solid-foods-too-early-study-finds#1 Accessed Date 28 February 2019

Early Introduction of Solid Foods – Introducing solid foods early to your baby, what is an early age for introducing solid food to baby?

https://wholesomebabyfood.momtastic.com/early-solid-food-feeding.htm#rbKi7mdG86XemYqi.99 Accessed Date 28 february 2019

Don’t Feed Your Baby Solid Food Before 6 Monthshttps://health.clevelandclinic.org/dont-feed-your-baby-solid-food-before-6-months/ Accessed Date 28 february 2019

When’s the right time to start feeding a baby solid foods?https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/expert-answers/starting-solids/faq-20057889 Accessed Date 28 February 2019

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးသံဓါတ်မချို့တဲ့စေဖို့ မေမေတွေဒီလိုကာကွယ်ပေးကြမယ်

ကလေးက ပိန်ပြီး ညှက်နေလို့ မေမေတွေ စိတ်ညစ်နေရပြီလား



Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement