brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးတွေကို ဆံပင် အရောင်မဆိုးပေးပါနဲ့။

ဆံပင် အရောင်လှလှလေး ဆိုးတာက ဘေဘီလေးတွေကို ချစ်စရာကောင်းစေတယ်လို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ ဘေဘီလေးတွေကို ထိခိုက်မှုရှိစေနိုင်လားဆိုတာကိုတော့ သေချာလေး တွေးမိသူ နည်းမယ် ထင်ပါတယ်။

ဘေဘီလေးတွေကို ဆံပင် အရောင်မဆိုးပေးပါနဲ့။

ဒီတစ်ခေါက်တော့ ဘေဘီလေးတွေကို ဆံပင်ဆိုးပေးတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။

ဘေဘီလေးတွေ ဆံပင် ဆေးဆိုးလို့ ရလား …..

ဘေဘီလေးတွေက အရမ်းငယ်သေးတယ်ဆိုရင် ဘေဘီလေးကို ဆံပင် ဆေးဆိုးတာက မကောင်းပါဘူး။ ဘေဘီလေးကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဆံပင် ဆိုးဆေးကတော့ ကလေးတွေကိုမှာမှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အတော်လေး ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးကို ဆံပင် ဆေးမဆိုးပေးတာက အကောင်းဆုံး ဖြစ်မှာပါ။

ဘေဘီလေးက ဘယ်အရွယ်ဆို ဆံပင် ဆေးဆိုးလို့ ရပြီလဲ ……

ဘေဘီလေးက အသက် ၁၆ နှစ်ပြည့်ပြီးပြီဆိုရင် ဆံပင်ကို ဆေးဆိုးလို့ ရပါပြီ။ ဆံပင် ဆိုးဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီ အများစုကလည်း အသက် ၁၆ နှစ်အောက် ကလေးလေးတွေကို ဆံပင်ဆိုးဆေး ဆိုးတာမျိုး မလုပ်ဖို့ သူတို့ရဲ့ ထုတ်ကုန်တွေပေါ်မှာ သတိပေး တားမြစ်ထားပါတယ်။

ဘေဘီလေးတွေကို ဆံပင် အရောင်မဆိုးပေးပါနဲ့။

ဘေဘီလေးတွေကို ဆံပင် အရောင်မဆိုးပေးပါနဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ဘေဘီလေးတွေရဲ့ ဆံသားတွေက ဖွံ့ဖြိုးဆဲ ဆံသားတွေပါ။ အရေပြားလေးတွေ ဖွံ့ဖြိုးပြောင်းလဲသလို ဆံသားလေးတွေကလည်း ဖွံ့ဖြိုး ပြောင်းလဲလာတာပါ။

ဘေဘီလေးတွေ အသက်အရွယ်အလိုက် ခန္ဓာကိုယ်က ဖွံ့ဖြိုးပြောင်းလဲလာသလို ဆံသားတွေကလည်း ပြောင်းလဲလာပါတယ်။ ဒီလို ပြောင်းလဲလာချိန်မှာ ဆံပင်ကို ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ ဆိုးဆေးတွေ ဆိုးပေးလိုက်တာက ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။

အကြောင်းကတော့ ဆံပင်ဆိုးဆေးတွေမှာပါတဲ့ အမိုးနီးယား၊ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်၊ paraphenylenediamine လို့ သိကြတဲ့ ဓာတုပစ္စည်းတွေက ဦးရေပြားကို ထိခိုက်စေနိုင်သလို ဆံပင်ကို လုံးဝ ပျက်စီးသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးကို ၁၆ နှစ် မပြည့်မချင်း ဆံပင် အရောင်ချွတ်တာ၊ ဆေးဆိုးတာတွေ မလုပ်ဖို့ လိုပါမယ်။ ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေက ဘေဘီလေးတွေရဲ့ ဆံပင်အရောင်ကိုတင် ပြောင်းလဲစေတာ မဟုတ်ပါဘူး။ ဆံသားကိုပါ ပြောင်းလဲစေတာပါ။

ဆံပင်ဆိုးဆေးကြောင့် ဘေဘီလေးမှာ ဘယ်လို ထိခိုက်စေနိုင်လဲ …….

ဆံပင် ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့်

ဘေဘီလေးက ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်တဲ့အခါ

ဘေဘီလေးက ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်တဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အရေပြားတွေ ယားမယ်
  • အနီကွက်တွေ ထွက်မယ်
  • မျက်လုံးတွေ ရောင်မယ်
  • နှုတ်ခမ်းတွေ ရောင်မယ်
  • ခြေလက်တွေ ရောင်မယ်
  • ခေါင်းမူးမယ်
  • ပါးစပ်၊ လည်ချောင်း၊ လျှာ စတာတွေ ရောင်ရမ်းမယ်
  • အသက်ရှူရခက်မယ်
  • မျိုချရခက်မယ်
  • အသက်ရှူရင် တရွှီရွှီ မြည်မယ်
  • ဗိုက်အောင့်မယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • မေ့လဲမယ်
  • သတိလစ်မယ်။ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီ လက္ခဏာတွေ ခံစားရပြီဆိုရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/12/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။