သနပ်ခါးက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် ကလေးငယ်တွေအရေပြားကို မှိုပိုးကနေထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာပါ။ ဒါတွေတင်မဟုတ်သေးပါဘူး။ သူ့ရဲ့ အအေးဓာတ်ကြောင့် ကလေးငယ်လေးတွေအရေပြားမှာဖြစ်တတ်တဲ့ မိတ်၊ အင်ပြင်၊ အဖုအပိမ့်ထွက်တာနဲ့ အခြားသောအရေပြားပြဿနာတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။
သနပ်ခါးက အရေပြားကိုနေလောင်ဒဏ်ကနေကာကွယ်ပေးနိုင်သလို ပတ်ဝန်းကျင်မှာရှိနေတဲ့ ညစ်ညမ်းတဲ့လေထုကြောင့် အသားအရေထိခိုက်မှု၊ free radicalsတွေကြောင့် အသားအရေပျက်စီးတာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပြီး အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါသေးတယ်။ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်စွမ်းရှိနေသေးတော့ ဘေဘီလေးတွအရေပြားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။ နွေရာသီလိုမျိုး အချိန်မှာ ကလေးရဲ့ အသားအရေကို သနပ်ခါးက ထိထိရောက်ရောက် ကာကွယ်ပေးမှာပါ။
သတိပြုရန်
ဆောင်းရာသီလိုမျိုးအချိန်မှာတော့ သနပ်ခါးက သိပ်မသင့်တော်ပါဘူး။ အသားခြောက်နိုင်တာဖြစ်တာကြောင့် ဆောင်းရာသီမှာဆိုရင်တော့ မုန်ညင်းဆီ၊ သံလွင်ဆီ၊ အုန်းဆီလိုမျိုး သဘာဝအဆီတစ်မျိုးမျိုး ဒါမှမဟုတ် ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Baby Oilလေးတွေကို အသုံးပြုပေးပြီးဘေဘီလေးတွေရဲ့ အသားအရေကို ကျန်းမာနေအောင်လုပ်ဆောင်ပေးလို့ရပါတယ်။
သနပ်ခါးကို ခပ်ထူထူလေးတာက ကလေး အသားအရေနဲ့ မွေးညင်းပေါက်ကို ပိတ်စေတတ်လို့ အတန်အသင့်ပဲ လိမ်းပါ။
ကလေးတိုင်း သနပ်ခါးနဲ့ မတည့်ပါဘူး။ လိမ်းပြီးမှ အင်ပျဉ်လို အကွက်တွေ ထွက်လာရင် ဆက်မလိမ်းပါနဲ့။
သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် သန့်ရှင်းနေပါစေ။ မှိုတက်နေရင် ကလေးအရေပြားထိခိုက်တတ်ပါတယ်။
ကလေးကို သနပ်ခါးလိမ်းပေးလို့ ရပေမယ့် လသားကလေးတွေမှာ သနပ်ခါး မခွံ့ဖို့ အကြံပေးလိုပါတယ်။
အသင့်လိမ်းသနပ်ခါးတွေထက်စာရင် သနပ်ခါးတုံးကိုပဲ သွေးလိမ်းပေးဖို့ အကြံပြုပါရစေ။
သဘာဝပစ္စည်း စစ်စစ်လေးတွေ သုံးပြီး ချစ်ဖို့ကောင်းတဲ့ ဘေဘီလေးတွေရဲ့ အသားအရေကိုထိန်းသိမ်းပေးလိုက်နော် မေမေဖေဖေတို့……
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။