တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာဘာလဲ…..
စီးကရက်ကို မီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီး တဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်းအမျိုးပေါင်း ၇၀၀၀ ကျော်ပါဝင်နေပြီး ဒီဓါတုပစ္စည်းတွေထဲက ရာပေါင်းများစွာက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အမျိုးပေါင်း ၇၀ လောက်က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာ လေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီး စက္ကန့်တိုင်း မိနစ်တိုင်းမှာ ကျန်းမာရေးကို ဒုက္ခပေးနေပါတယ်။
ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားရတယ်ဆိုတာ သိရဲ့လား………
ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက်တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားကြရပါတယ်။ အကြောင်းကတော့ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက်
အသက်ရှုနှုန်း ပိုမြန်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့ကို ရှုသွင်းမိနှုန်းက အရွယ်ရောက်ပြီးသူတွေထက် ပိုများနေတာပါ။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်မှာ ၁၄ ကြိမ်ကနေ ၁၈ ကြိမ်လောက်အထိပဲ အသက်ရှုကြတယ်ဆိုပေမယ့် မွေးကင်းစကလေးငယ်တွေ နဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေက တစ်မိနစ်မှာ အကြိမ် ၆၀ လောက်အထိ အသက်ရှုကြပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ
အဆုတ်ကလေးထဲကို တဆင့်ခံဆေးလိပ်ငွေ့တွေရောက်ရှိသွားနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။
ဖွံ့ဖြိုးဆဲ ဘေဘီလေး နဲ့ တဆင့်ခံဆေးလိပ်ငွေ့
တဆင့်ခံဆေးလိပ်ငွေ့ ဘေဘီလေးကိုထိတွေ့မိမှမဟုတ်ပါဘူး။ မေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက
မေမေကထိတွေ့မိထားမယ်ဆိုရင် အခုလိုမျိုးတွေဖြစ်လာနိုင်ပါတယ်။
မေမေ့ဗိုက်ထဲမှာ နေစဉ်က တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ ဘေဘီလေးမှာလည်း အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ထိတွေ့မိနိုင်ပါတယ်။ ဒီလိုထိတွေ့မိတာကြောင့်
- ကိုယ်ဝန်ပျက်ကျတာ
- လမစေ့ဘဲ ကလေးမွေးဖွားတာ
- ပေါင်မပြည့်တာ
- မွေးကင်းစကလေး ရုတ်တရက်သေဆုံးတာ
- သင်ယူမှုပိုင်းမှာ အားနည်းတာ
- အာရုံစူးစိုက်နိုင်စွမ်းနည်းတာ
- တက်ကြွလွန်ရောဂါ (ADHD) ကိုခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့က ကိုယ်တိုင်ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ဖို့လိုသလို တဆင့်ခံဆေးလိပ်ငွေ့ကို တတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။
ဘေဘီလေးက တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ