backup og meta

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဘေဘီလေး ဆိုတဲ့ စကားလုံးကို ချစ်ခင်ရတဲ့အခါ သုံးကြပေမယ့် ဘေဘီလေးဆိုတဲ့ စကားလုံးထဲမှာ အကျုံးဝင်တာက မွေးစကနေ အသက် ၁ နှစ်သားလေးတွေပါ။ အသက် တစ်နှစ်ကျော်လာပြီဆိုရင် ဘေဘီလေးဆိုတာထက် လမ်းလျှောက်တတ်စဆိုတဲ့စကားနဲ့ ပိုကိုက်ညီပါမယ်။

ဒီတစ်ခေါက်တော့ မေမေတို့ချစ်မဝတဲ့ ဘေဘီလေး တွေ ဘယ်လိုကြီးပြင်းအရွယ်ရောက်လာသလဲဆိုတဲ့ အကြောင်းကို ပြောပြပေးသွားပါမယ်။

အလျင်မြန်ဆုံး ကြီးထွားတဲ့အရွယ်

ဘေဘီလေးလို့ ခေါ်ကြတဲ့ မွေးစကနေ အသက် တစ်နှစ်အတွင်းမှာ ဘေဘီလေးတွေက အလျင်မြန်ဆုံး ဖွံ့ဖြိုးတာပါ။ မေမေတို့ချစ်မဝတဲ့ ဘေဘီလေး ​တွေဟာ ပက်လက်အနေအထားလေးကနေ သူတို့ရဲ့ ခြေလက်လေးတွေကို လှုပ်ရှားလာနိုင်ကြသလို လိုချင်တဲ့ ပစ္စည်းလေးတွေဆီရောက်အောင် လှမ်းတတ်လာကြပါတယ်။ အသံလေးတွေကို လုပ်တတ်လာသလို အသံတွေကိုလည်း တုံ့ပြန်လာတတ်ကြပါတယ်။

ဘေဘီလေးတွေဟာ အသက် တစ်နှစ်သားအရွယ်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါတယ်။  ဘေဘီလေးတွေက သူတို့ရဲ့ ပထမနှစ်မှာ တွေးခေါ်မှု အသစ်တွေ၊ လူမှုဆက်ဆံရေး နည်းလမ်းအသစ်တွေ၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ ဖွံ့ဖြိုးလာသလို လူတွေနဲ့ အပြန်အလှန် ဆက်သွယ်နိုင်မှုတွေလည်း တိုးလာပါတယ်။

ဘေဘီလေး တစ်ယောက် ဘယ်လို ဖွံ့ဖြိုးလာတာလဲ

ဘေဘီ​လေးတစ်ယောက်ဟာ

မွေးကင်းစ

မေမေ့ဗိုက်ထဲကနေ စတင်မွေးဖွားလာချိန်မှာ

ရုပ်ပိုင်းဆိုင်ရာ အနေနဲ့

  • မိခင်နို့ကို စို့တတ်တယ်
  • ထိတ်လန့်တတ်တယ်
  • ခြေလက်တွေကို  သေချာမထိန်းချုပ်နိုင်သေးပေမယ့် လှုပ်ရှားတတ်ပြီ။

စိတ်ပိုင်းဆိုင်ရာအနေနဲ့

  • အသံ၊ အလင်း၊ အနံ့တွေကို သိရှိခံစားတတ်ပြီ
  • ဦးနှောက်နဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးစေဖို့အတွက် လှုပ်ရှားမှုတွေကို အကြိမ်ကြိမ် လုပ်ဆောင်တတ်ပြီ။

အသက် ၃ လ

အသက် ၃ လအရွယ် ဘေဘီလေးမှာ
ရုပ်ပိုင်းဆိုင်ရာ အနေနဲ့
  • မှောက်တတ်ပြီ
  • ခေါင်းထောင်နိုင်ပြီ
  • ပစ္စည်းလေးတွေကို လိုက်ကြည့်တတ်ပြီ။
  • တစ်ခုခုကို အာရုံစိုက် ကြည့်တတ်ပြီ
  • မျက်နှာတွေကို မှတ်တတ်ပြီ
  • ပျင်းတယ်ဆိုတာကို အမူအရာပြတတ်ပြီ
  • မျက်လုံးနဲ့ လက်လှုပ်ရှားမှုကို ဟန်ချက်ညီညီ လုပ်တတ်ပြီ
  • အဝေးက အရုပ်တွေကို လှမ်းကြည့်တတ်ပြီ။
လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှု အနေနဲ့
  • ပြုံးပြတတ်ပြီ
  • လူကြီးတွေနဲ့ ကစားတတ်ပြီ
  • ဘူးမှုတ်တတ်ပြီ
  • ဆာတာ၊ သေးစိုတာနဲ့ ပင်ပန်းတာတွေအတွက် မတူတဲ့ အသံတွေနဲ့ ငိုတတ်ပြီ
  • ချစ်တာကို သိရှိတုံ့ပြန်တတ်ပြီ။ ခံစားတတ်ပြီ
  • ပျော်ရွှင်တယ်၊ ဝမ်းနည်းတယ်ဆိုတကို ဖော်ပြတတ်ပြီ။
  • မျက်နှာအမူအရာနဲ့ ဖော်ပြတတ်ပြီ။

အသက် ၅ လ

အသက် ၅ လအရွယ် ဘေဘီလေးမှာ
ရုပ်ပိုင်းဆိုင်ရာ အနေနဲ့
  • ပစ္စည်းလေးတွေဆီ ရောက်အောင်သွားတတ်ပြီ။ ပစ္စည်းလေးတွေကို ဆွဲယူတတ်ပြီ
  • လေးဖက်သွားတတတ်ပြီ
  • ခြေထောက်စထောက်ပြီ
  • လက်တစ်ဖက်နဲ့တစ်ဖက် ပစ္စည်းတွေကို ပြောင်းကိုင်တတ်လာပြီ။
စိတ်ပိုင်းဆိုင်ရာ နဲ့ ဘာသာစကား ဖွံ့ဖြိုးမှုအနေနဲ့
  • ပစ္စည်းလေးတွေအကြောင်း စူးစမ်းတတ်ပြီ။ အသစ်အဆန်းလေးတွေကို စူးစမ်းကြည့်တတ်ပြီ
  • ပစ္စည်းတွေကို ပါးစပ်ထဲ ထည့်ပြီး စမ်းသပ်တတ်ပြီ
  • ပြောတဲ့စကားတွေကို မတူတဲ့အသံတွေနဲ့ တုံ့ပြန်တတ်ပြီ
  • သူ့နာမည်လေးခေါ်ရင် တုံ့ပြန်တတ်ပြီ။

လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှု အနေနဲ့

  • မိသားစုဝင် မဟုတ်တဲ့သူတွေကို စတင် ခွဲခြားသိလာပြီ
  • သူ့ကို ထိန်းတဲ့သူနဲ့ စဆော့တတ်ပြီ။

အသက် ၇ လ

အသက် ၇ လအရွယ် ဘေဘီလေးမှာ

ရုပ်ပိုင်းဆိုင်ရာ အနေနဲ့

  • လှိမ့်တတ်ပြီ
  • သူ့ဘာသာ ထိုင်တတ်ပြီ
  • လမ်းလျှောက်ဖို့ စစမ်းပြီ
စိတ်ပိုင်းဆိုင်ရာ နဲ့ ဘာသာစကား ဖွံ့ဖြိုးမှုအနေနဲ့
  • စကားအပြန်အလှန်ပြောတတ်ပြီ
  • အာ၊ အား၊ အို စတဲ့ အသံလေးတွေကို လုပ်တတ်ပြီ
  • အရုပ်လေးတွေကို လှုပ်ခါရင်း ဘယ်လို ဖြစ်တယ်ဆိုတာကို စူးစမ်းတတ်ပြီ။
လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှု အနေနဲ့
  • မှန်ကြည့်တတ်ပြီ
  • ခံစားချက်အလိုက် အသံလေးတွေကို ကွဲကွဲပြားပြား လုပ်တတ်ပြီ

အသက် ၉ လ

အသက် ၉ လအရွယ် ဘေဘီလေးမှာ

ရုပ်ပိုင်းဆိုင်ရာ အနေနဲ့

  • သေသေချာချာ ထိုင်တတ်ပြီ
  • လှုပ်ရှားမှုတွေ မြန်လာပြီ။ လေးဖက်ကောင်းကောင်းသွားတတ်ပြီ
  • အကူအညီနဲ့ မတ်တတ်စမ်းပြီ
  • လက်မ၊ လက်ညှိုးလေးတွေကို သုံးပြီး ပစ္စည်းသေးသေးလေးတွေကို ယူတတ်ပြီ
  • လိမ့်သွားတဲ့ပစ္စည်းလေးတွေကို လိုက်ကြည့်တတ်ပြီ
  • ဖွက်ထားတဲ့ ပစ္စည်းလေးတွေကို ရှာတတ်ပြီ
  • တူဝါးဆော့တတ်ပြီ
  • မရဘူးဆိုတာကို နားလည်စပြုလာပြီ
  • မေမေ၊ ဖေဖေ စခေါ်ပြီ
  • အမူအရာလေးတွေကို လိုက်လုပ်တတ်ပြီ။

လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှု အနေနဲ့

  • လူစိမ်းတွေကို သဘောမကျတာမျိုး စပြတတ်ပြီ
  • မိဘတွေကို မမြင်တဲ့အခါ ငိုတာမျိုး၊ စိတ်ပူတာမျိုး အမူအရာ စပြတတ်ပြီ
  • အရုပ်လေးတွေကို သဘောကျတတ်လာပြီ။ သူကြိုက်တယ်ဆိုတဲ့အရုပ်လေးတွေ ရှိလာပြီ။

အသက် ၁၂ လ

အသက် ၁၂ လအရွယ် ဘေဘီလေးမှာ

ရုပ်ပိုင်းဆိုင်ရာ အနေနဲ့

  • ထိုင်ခုံတွေကို အမှီယူရင်း လမ်းစလျှောက်ပြီ
  • ကိုယ့်ဘာသာ မတ်တတ်ရပ်နိုင်ပြီ
  • သူ့ဘာသာ လမ်းစမ်းလျှောက်ပြီ
  • ပစ္စည်းလေးတွေကို သူ့ဘာသာ ယူတတ်ပြီ
  • ညွှန်ပြတတ်ပြီ
စိတ်ပိုင်းဆိုင်ရာ နဲ့ ဘာသာစကား ဖွံ့ဖြိုးမှုအနေနဲ့
  • ဖွက်ထားတဲ့ပစ္စည်းလေးတွေကို ရှာတတ်ပြီ
  • ကိုယ်ပြောတဲ့ နာမည်လေးတွေနဲ့ ကိုက်တဲ့ ရုပ်ပုံလေးတွေကို ထောက်ပြတတ်ပြီ
  • ပစ္စည်းလေးတွေကို လှုပ်ရမ်းတတ်၊ ပစ်တတ်ပြီ
  • ခွင်လေးတွေကို ရေသောက်ဖို့ သုံးရမယ်၊ ပန်းကန်ကို ဘာအတွက်သုံးရမယ်ဆိုတာကို မှန်မှန် ကန်ကန်သုံးတတ်ပြီ။ စိတ်မထင်ရင် အရုပ်ကို ခွက်ထဲ ကောက်ထည့်တတ်ပြီ
  • တစ်ဆင့်ချင်းစီ ပြောတဲ့အတိုင်း လိုက်လုပ်တတ်ပြီ
  • မလုပ်ချင်တာကို အမူအရာနဲ့ ပြတတ်ပြီ
  • လူကြီးတွေပြောတဲ့ စကားလုံးလေးတွေကို လိုက်ပြောတတ်ပြီ။
လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှု အနေနဲ့
  • အသံလေးတွေကို လိုက်လုပ်တတ်ပြီ
  • ရိုးစင်းတဲ့ သကားလုံးလေးတွေကို လိုက်ပြောတတ်ပြီ
  • နာမည်ကို တုံ့ပြန်တတ်ပြီ
  • သူချစ်တဲ့သူရယ်သီးသန့်ရှိပြီ
  • အသစ်အဆန်းတွေကို ကြောက်တတ်တဲ့ စိတ်လေးရှိလာပြီ
  • အမူအရာလေးတွေ လုပ်တတ်ပြီ။

Takeaways

ဘေဘီလေးတွေက အသက် ၁ နှစ်တာ ဘေဘီလေးအရွယ်မှာ အခုလိုတွေ ဖွံ့ဖြိုးတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် အတိအကျမတူနိုင်ပါဘူး။ တကယ်လို့ ကလေးက အချို့အရာတွေကို မလုပ်တတ်ဘူး။ မလုပ်တတ်တာက သိပ်မများဘူးဆိုရင်တော့ စိတ်မပူပါနဲ့။ ကလေးက တအားဖွံ့ဖြိုးမှု နောက်ကျနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ အကောင်းဆုံး နည်းလမ်းပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Developmental milestones from birth to age 1 https://www.understood.org/en/learning-thinking-differences/signs-symptoms/developmental-milestones/developmental-milestones-from-birth-to-age-1 Accessed Date 6 January 2021

Milestones at 1 Year https://childmind.org/guide/developmental-milestones/milestones-at-1-year/ Accessed Date 6 January 2021

ယခုပုံစံ

17/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement