backup og meta

ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးဖို့ရာ မေမေတို့ ကျော်လွှားရတဲ့ အခက်အခဲများစွာ


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးဖို့ရာ မေမေတို့ ကျော်လွှားရတဲ့ အခက်အခဲများစွာ

    ဘေဘီလေးက မေမေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပါ။ ဒီအဖိုးမဖြတ်နိုင်တဲ့ ရတနာကို အရိပ်တကြည့်​ကြည့် စောင့်ကြည့်ရင်း  လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးရင်းကို ပျော်နေတတ်တာလည်း မေမေတစ်ယောက်ရဲ့ ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိပါ။

    ဘေဘီလေးကို အကောင်းဆုံးသော အရာတွေပဲ ပေးချင်နေတဲ့ မေမေတစ်ယောက်အနေနဲ့ ဘေဘီလေးကို ကျန်းမာစေဖို့ အခက်အခဲတွေကို ကျော်လွှားပြီး လုပ်ဆောင်ပေးရတဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို ကာကွယ်ဆေးထိုးတာပါ။

    ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ ထောက်ကူပေးမယ့်အရာ (သို့မဟုတ်) ကာကွယ်ဆေး

    ရင်သွေးလေးတွေက နုနယ်လွန်းပြီး ရောဂါဘယတွေဒဏ်ကို ခံနိုင်ရည် နည်းပါးလွန်းပါတယ်။ မွေးစမှာ ကိုယ်ခံအားက အပြည့်အဝ မဖွံ့ဖြိုးသေးတာ​ကြောင့်ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ရစေဖို့ မေမေတွေက အာဟာရ ပြည့်ဝအောင်စားပြီး ဘေဘီလေးကို မိခင်နို့ရည် ပြည့်ပြည့်ဝဝ တိုက်ရပါတယ်။

    ဒီလို အာဟာရ ဖြည့်ဆည်းမှုနဲ့အတူ ဘေဘီလေးကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကင်းစေဖို့ ကာကွယ်ဆေးတွေကို မွေးစကနေစပြီး အသက်အရွယ်အလိုက် ပြည့်မီအောင် ထိုးပေးရပါမယ်။ ဒါမှ ကုသဖို့ နည်းလမ်း မရှိသေးဘဲ ကာကွယ်ဆေးနဲ့သာ ကာကွယ်နိုင်မှာဖြစ်တဲ့ ရောဂါတွေရန်ကနေ ကာကွယ်နိုင်မှာပါ။

    ဒါကြောင့် ဘေဘီလေးကို ချစ်တဲ့ မေမေတိုင်းက ကာကွယ်ဆေးကို စုံအောင် ထိုးပေးချင်ကြပါတယ်။ ဒီလို ကာကွယ်ဆေးတွေ ထိုးပေးတဲ့အခါ ဘယ်လို အခက်အခဲတွေကြုံရနိုင်လဲဆိုတာကို ဝေမျှပေးပါမယ်။

    ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးဖို့ရာ မေမေတို့ ကျော်လွှားရတဲ့ အခက်အခဲများစွာ

    ဘေဘီလေးကို ကျန်းမာစေဖို့ ကာကွယ်ဆေးထိုးပေးတဲ့အခါ မေမေတို့အနေနဲ့

    ကာကွယ်ဆေးထိုးပေးတဲ့အခါ ကလေးက ငိုတာ – ဒီလို ငိုရင် မေမေ့ရင်ထဲမှာ ကူကယ်ရာမဲ့သလိုကို ခံစားရတာနော်။ ကလေးဆိုတာကလည်း တစ်ယောက် ငိုရင် လိုက်ငို တတ်ကြတယ်လေ။

    ကာကွယ်ဆေးထိုးတဲ့နေရာက နီတာ၊ ရောင်တာ – ကာကွယ်ဆေး ထိုးတဲ့အခါ ဘေဘီလေးမှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း ကာကွယ်ဆေး ထိုးတဲ့နေရာက နီမြန်တာ၊ ရောင်ရမ်းတာတွေ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် မေမေတို့အတွက်တော့ စိတ်ပူရတဲ့ ကိစ္စပါ။

    ကာကွယ်ဆေးထိုးတဲ့နေရာက ပြည်ဖုလေးတွေလို ဖြစ်တာ – ဘေဘီလေးတွေ အချို့မှာ ကာကွယ်ဆေးထိုးတဲ့အခါ ဆေးထိုးထားတဲ့နေရာက နီတာ၊ ရောင်တာအပြင် ပြည်ဖုလေးလို ဖြစ်နေတာမျိုးတောင် ရှိနိုင်ပါတယ်။

    ဖျားတာ – ကာကွယ်ဆေးထိုးပြီးရင် ကလေးက ကိုယ်လေးတွေ နွေးလာတာ၊ တအီအီနဲ့ ဂျီကျတာမျိုးပေါ့။

    အငိုမတိတ်တာ – အချို့ဘေဘီလေးတွေဆိုရင် ကာကွယ်ဆေး ထိုးပြီး အတော်ကြာတဲ့အထိ အငိုမတိတ်တာမျိုး ဖြစ်နိုင်ပါတယ်။

    ကာကွယ်ဆေးက ကလေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး ပြောဆိုတာ – ကာကွယ်ဆေးက ကလေးကို ဓာတ်မတည့်တာ ခံစားရစေတယ်။ အော်တစ်စင် ဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေပါ။

    လူကြီးမိဘတွေဆီက အကူအညီ မရတာ – ကလေးကို ကာကွယ်ဆေးထိုးပေးချင်တယ်။ လူခွဲ မရှိလို့ အကူအညီတောင်းပေမယ့် လူကြီးတွေက ကာကွယ်ဆေးထိုးတာ ကလေး နာတာပဲ ရှိတယ်။ ထိုးမနေနဲ့ ဆိုပြီး ပြောဆိုတာတွေ ခံရတာမျိုးပါ။

    ဒီလိုအခက်အခဲတွေကို အကောင်းဆုံး ကျော်လွှားပြီး ဘေဘီလေးကို ကာကွယ်ဆေး စုံလင်အောင် ထိုးပေးနိုင်မှ ဘေဘီလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်လာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement