backup og meta

ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ

ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ

ဘေဘီလေး တစ်ယောက်ကို ကောင်းမွန်ကြီးပြင်းလာစေဖို့ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ထားရသူမေမေ တစ်ယောက်ရဲ့အကြီးမားဆုံးဆန္ဒက ဘာများဖြစ်မလဲ…….. ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတာကိုကျွေးဖို့ပေါ့။ ဒီလိုကွေးဖို့ဆိုရင်  ဘေဘီလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရတစ်ခုဖြစ်ဖို့ လိုအပ်မယ့် လိုအပ်ချက်တွေကို သိဖို့လိုပါမယ်။ ဒီတော့ မေမေ့ရဲ့ ဆန္ဒပြည့်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ဖြည့်ပေးပါရစေလား….

ဘေဘီလေးအတွက် လိုအပ်မယ့်အာဟာရတွေက ဘာတွေများလဲ……….

အကောင်းဆုံးကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးကို ပြင်ဆင်ပေးမယ့်အစားအစာတွေထဲမှာ

ပရိုတင်း– အရိုးနဲ့ကြွက်သားတွေသန်မာစေဖို့၊ ကိုယ်ခံအားကောင်းဖို့ နဲ့ ကောင်းမွန်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

သံဓာတ် – သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ဖို့ အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်စေဖို့ နဲ့ ကိုယ်ခံအားကောင်းစေဖို့လိုအပ်ပါမယ်။

ကယ်လ်ဆီယမ် -အရိုးနဲ့သွားတွေအကောင်းဆုံးဖွံ့ဖြိုးစေဖို့ လိုအပ်ပါတယ်။

ဗီတာမင် C – ကိုယ်ခံအားကောင်းစေဖို့ နဲ့ အရေပြားပြဿနာတွေကင်းစေဖို့ အရေးပါပါတယ်။

ဗီတာမင် D – ကယ်လ်ဆီယမ်စုပ်ယူမှုအားကောင်းစေဖို့ စိတ်ခံစားမှုကောင်းစေဖို့ အရေးပါတဲ့ ဗီတာမင်တစ်ရပ်ပါ။

Omega-3 fatty Acid – ဦးနှောက်နဲ့အမြင်အာရုံအကောင်းဆုံးဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။

ဖောလစ်အက်ဆစ် – ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့နဲ့ အမြင်အာရုံအပါအဝင် ခန္ဓာကိုယ်ကျန်းမာစေဖို့ အရေးပါပါတယ်။

Prebiotics (အကျိုးပြုဘက်တီးရီးယားအာဟာရ) – ဘေဘီလေး တစ်ယောက် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရတွေပြည့်ဝစေဖို့ အစာခြေစနစ်က အာဟာရတွေကိုအကောင်းဆုံးစုပ်ယူနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။

ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ

ဘေဘီလေးက အသက် ၆လကျော်ရင် ဖြည့်စွက်စာ စစားလို့ရပါပြီ။ ဒီအခါ ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ ….. ဆိုတော့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

  • အော်ဂင်းနစ်ဟုတ်ရဲ့လား – ကလေးတွေက သူတို့ရဲ့ ပထမ ၅ နှစ်မှာ လိုအပ်တဲ့ အာဟာရတွေပြည့်ဝမှာ အကောင်းမွန်ဆုံးကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။ ဒီတော့ ကလေးကို တစ်ခုခုဝယ်ကျွေးမယ်ဆိုတိုင်း သဘာဝအတိုင်းလုပ်ထားတာလား၊ အော်ဂင်းနစ်ဖြစ်ရဲ့လား  ပြုပြင်စီမံထားတာမျိုးလားဆိုတာကို သေချာလေး စစ်ပါ။ တာရှည်ခံဓာတုပစ္စည်းတွေပါဝင်နေတာကို ဝယ်ကျွေးတာက ကိုယ့်ကလေးကို ကိုယ်တိုင်ဒုက္ခပေးရာရောက်ပါမယ်။ ဒါကြောင့် သဘာဝအတိုင်းထုတ်ထားတာလားဆိုတာကို သေချာကြည့်ပေးပါ။
  • သကြားပါဝင်မှု – သ​ကြားက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုရော ဉာဏ်ရည်ဉာဏ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်  ဘေဘီလေးကို ငယ်စဉ်ကတည်းက သကြားလျှော့ကျွေးတာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ကလေးအတွက် မုန့်ဝယ်တဲ့အခါ သကြားပါဝင်မှုနည်းတာကို ရွေးဝယ်ပါ။
  • အသားမှုန့်၊ အချိုမှုန့်ပါဝင်မှု– ဒါကတော့ လုံးဝမကျွေးသင့်ပါဘူး။ အကြောင်းကတော့ ကလေးတွေက ကျောက်ကပ်က ဆိုဒီယမ်တွေကို ကောင်းကောင်းမစွန့်ထုတ်နိုင်သေးလို့ပါ။ ဒါကြောင့် ဘေဘီလေးအတွက်အစားအစာရွေးတဲ့အခါ MSG ပါနေတာမျိုးလုံးဝမရွေးပါနဲ့။
  • အဆီ ဂရုပြုပါ – အဆီဆိုတာနဲ့ ကလေးကို လုံးဝမကျွေးရတာမဟုတ်ပါဘူး။ ကလေးရဲ့ အမြင်အာရုံ နဲ့ သိမြင်မှုစွမ်းရည်ကို အကောင်းဆုံးဖွံ့ဖြိုးစေဖို့ နဲ့ ကိုယ်ခံအားကောင်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ ပါဝင်အောင် ကျွေးမွေးပြင်ဆင်ပေးဖို့ လိုပါမယ်။
  • ဆားပါဝင်မှု – ဆားပါဝင်မှုများတဲ့အစားအစာတွေက ဘေဘီလေးတို့အတွက် မကောင်းပါဘူး။ ဆားများတဲ့အစားအစာတွေက ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ကျောက်ကပ်လေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆားပါဝင်မှုများတာတွေကို ဘေဘီလေးကို မကျွေးမိဖို့ သတိပြုပါ။ အသက်တစ်နှစ်အောက် ကလေးတွေကို ဖြည့်စွက်စာပြင်ဆင်တဲ့အခါ ဆားမထည့်တာ အကောင်းဆုံးပါ။
  • တာရှည်ခံပစ္စည်းတွေနဲ့ ဆိုးဆေးတွေ – တာရှည်ခံပစ္စည်းတွေနဲ့ ဆိုးဆေးတွေက အသည်းနဲ့ အစာခြေစနစ်ကို ထိခိုက်စေနိုင်သလို ကျောက်ကပ်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေပါဝင်မှုမရှိစေဖို့ကိုလည်း ဂရုစိုက်ရပါမယ်။
  • ထောက်ခံချက်ရထားလား – ဘေဘီလေးတွေ စားမယ့် အစားအသောက်တွေက ဘေးကင်းဖို့ အရေးအကြီးဆုံးပါ။ ဒါကြောင့် ဘေဘီလေးအတွက် အစားအသောက်ရွေးချယ်တဲ့အခါ စားသုံးဖို့စိတ်ချရကြောင်း ထောက်ခံချက် ရထားလားဆိုတာကိုလည်း သေချာလေး သတိထားကြည့်ဖို့လိုပါမယ်။
  • ကုန်ဆုံးရက်ကို စစ်ပါ – ကုန်ဆုံးရက်ကို စစ်ကြည့်ပြီး ကုန်ဆုံးရက်ဝေးတာကို ရွေးချယ်ပေးပါ။

ကဲ.. ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ ….. ဆိုတာ သိသွားပြီဆိုတော့ ဘေဘီလေးတွေအတွက် စားဖို့တစ်ခုခုရွေးပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေး ဖြစ်အောင် ပျိုးထောင်ပေးနိုင်ကြပါစေကြောင်း……….

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Tips for Buying Healthy Baby Food https://www.strong4life.com/en/pages/healthy-eating/articles/6-tips-for-buying-healthy-baby-food Accessed Date 13 December 2019How to Choose the Best Baby Food https://www.parents.com/recipes/baby-food/how-to-choose-the-best-baby-food/ Accessed Date 13 December 2019

Do’s and Don’ts for Baby’s First Foods https://www.eatright.org/food/nutrition/eating-as-a-family/dos-and-donts-for-babys-first-foods Accessed Date 13 December 2019

ယခုပုံစံ

21/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

မေမေ့ဗိုက်ထဲက ဘေဘီလေး လအလိုက်ဘယ်လိုများ ဖွံ့ဖြိုးတာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement