backup og meta

ဘေဘီလေး သွေးအားမနည်းစေဖို့ ဘာတွေ ပြင်ဆင်ကျွေးမွေးမလဲ။

သွေးအားနည်းတာက လူကြီးတွေမှာမှ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သွေးအားနည်းရတဲ့ အဓိက အကြောင်းအရင်းကတော့ စားသုံးတဲ့ အစားအစာတွေမှာ သံဓာတ် ပါဝင်မှု နည်းနေလို့ပါ။

သံဓတ် အားနည်းတာက သွေးအားနည်းရောဂါကို ဖြစ်စေပြီး ဘေဘီလေးကို အာရုံစူးစိုက်နိုင်စွမ်း ကျစေနိုင်သလို သင်ယူနိုင်မှုကိုလည်း အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးမှာ သံဓာတ် အားနည်းပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။

ဘေဘီလေး သွေးအားနည်းရောဂါ ကင်းစေဖို့

ဘေဘီလေးမှာ သွေးအားနည်းရောဂါ ကင်းစေဖို့ ဒါတွေ ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။

Oatmeal

Oatmealက ကလေးတိုင်း နှစ်သက်သလို ဘေဘီလေးတို့အတွက် လိုအပ်တဲ့ အာဟာရလည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် အစာခြေစနစ်ရော အစာအိမ်ကိုပါ ကျန်းမာစေမှာပါ။ ဘေဘီလေး သွေးအားနည်းရောဂါ ကင်းစေဖို့လည်း သံဓာတ် ဖြည့်ပေးမှာပါ။

အနီရောင် အသား

အနီရောင် အသားတွေက သံဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် ဘေဘီလေးက ၁ နှစ်ကျော်ပြီဆိုရင် သံဓာတ် ပြည့်ဝစေဖို့ အဆီမပါတဲ့ အနီရောင် အသားကို နူးနူးအိအိလေး ပြင်ဆင်ပေးပါ။

မြေပဲထောပတ်

မြေပဲထောပတ်က ဘေဘီ တော်တော်များများ သဘောကျတဲ့ သံဓာတ် ပြည့်ဝတဲ့ စားစရာ တစ်ခုပါ။ ဒါကြောင့် ဘေဘီလေးကို သံဓာတ် ပြည့်ဝ နေစေဖို့ ဆိုရင် မြေပဲထောပတ်လေး ကျွေးပေးတာ၊ ပေါင်မုန့်နဲ့ တွက်ဖက်ပြင်ဆင်ပေးတာမျိုး လုပ်ပေးပါ။

ဥအမျိုးမျိုး

ဘေဘီလေးကို ကြက်ဥ ကျွေးတာကလည်း သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒီတော့ ဘေ​ဘီလေးကို ကြက်ဥပြုတ်ကျွေးတာ၊ ကြော်ကျွေးတာမျိုး လုပ်ပေးပါ။

ပဲအမျိုးမျိုး

ပဲက ပရိုတင်း ပြည့်ဝသလို သံဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ဘေဘီလေးကို ပဲနီလေး ကြိတ်ပြီးကျိုကျွေးတာ၊ ဟင်းချို ချက်တိုက်တာမျိုး လုပ်ပေးပါ။

အခွံမာသီး

သီဟိုဠ်စေ့၊ သစ်ကြားသီးတို့မှာ ပရိုတင်းနဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်သလို သွေးအားနည်းတာ မဖြစ်စေဖို့ ကာကွယ်ပေးတဲ့ သံဓာတ်လည်း ပါဝင်ပါတယ်။

ငါး

ငါးမှာ ပရိုတင်း နဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ omega-3 fatty acids ပါဝင်သလို သံဓာတ် အားဖြည့်ပေးမယ့် သံဓာတ်လည်း ပါဝင်နေပါတယ်။ တစ်ပတက်ု ငါးကု ၃ ကြိမ်ကနေ ၅ ကြိမ်လောက် ပုံမှန် ကျွေးပေးတာာက ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေပြီး မှတ်ဉာဏ် ကောင်းစေသလို သွေးအားနည်း ရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဒါတွေအပြင် ဘေဘီလေးကို နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အစေ့အဆန် နဲ့ သစ်သီးခြောက်တွေ ပါဝင်အောင် ပြင်ဆင်ပေးစေလိုပါတယ်။

ဒါမှ ဘေဘီလေးက သံဓာတ် ပြည့်ဝပြီး သွေးအားနည်းရောဂါ ကင်းလို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာမှာပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Eleven iron-rich foods for toddlers https://www.medicalnewstoday.com/articles/322574 Accessed Date 7  September 2020

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေ စားသောက်ကြမလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement