backup og meta

ကလေးကို ဒါတွေမကျွေးပါနဲ့

ကလေးကို ဒါတွေမကျွေးပါနဲ့

ကလေးကို အာဟာရြပည့်ဝပြီး ကျန်းမာတဲ့အစားအသောက်တွေကျွေးချင်တဲ့ဆန္ဒ မိဘတိုင်းလိုလိုမှာရှိကြပါတယ်။ တစ်ခါတလေစားကောင်းလို့ ကိုယ်က သူတို့ကိုကျွေးချင်ပေမယ့် ကလေးတွေရဲ့ အစာခြေစနစ်က လူကြီးတွေလိုမျိုး အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ ဒါပေမယ့် အရာရာတိုင်းက ကိုယ့်အတွက် သင့်တော်တယ်ဆိုရင်တောင် ရင်သွေးလေးနဲ့ သင့်တော်ဖို့က သိပ်မဖြစ်နိုင်ပါဘူး။ ဒီတော့ ကလေးကို ဘာတွေမကျွေးသင့်ဘူးလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။

ဒီအစားအစာတွေက ကလေးကို မကျွေးသင့်ပါဘူး

အသင့်စား အစားအစာတွေ

ဈေးဝယ်စင်တာမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ အသင့်စား အစားအစာတွေက အဆီနဲ့အငန်ဓါတ်ကဲပါတယ်။ လူကြီးတွေအတွက်တောင် ကျန်းမာရေးထိုက်စေနိုင်တဲ့ ဒီအစားအစာတွေက ကလေးတွေကို မကျွေးသင့်ဘူးဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒါကြောင့် ကလေးတွေကိုဈေးဝယ်ခေါ်သွားတဲ့အခါ ကလေး လက်ညှိုးထိုးတိုင်း မဝယ်ပေးပါနဲ့။

ပြုပြင်ထားတဲ့အသားတွေ

ပြုပြင်ထားတဲ့ အသားတွေမှာ ဆားနဲ့ နိုက်ထရိတ်တွေအများကြီးပါဝင်နေတတ်ပါတယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အမဲသားဆီသွတ်ဗူးတွေအလွန်အကျွံစားသုံးမှုက နှလုံးရောဂါအစာအိမ်နဲ့ အူမကြီးကင်ဆာအပါအဝင် နာတာရှည်ရောဂါတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတွေကိုပြုပြင်ထားတဲ့အသားတွေမကျွေးပါနဲ့။

သကြားလုံးတွေ

အချိုတွေအလွန်အကျွံစားသုံးမှုက ကလေးရဲ့ သွားကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အချိုအရမ်းများတဲ့ သကြားလုံးတွေ၊ သွားမှာ ကပ်နိုင်တဲ့တော်ဖီတွေမကျွေးပါနဲ့။ သကြားလုံးတွေက အခန့်မသင့်ရင် နင်တာနဲ့ အသက်ရှုကြပ်တာကိုဖြစ်စေနိုင်ပါသေးတယ်။

အချိုရည်တွေ

အက်ဆစ်ဓါတ်ပါဝင်နေတဲ့ အချိုရည်တွေက ကလေးရဲ့ ထွက်ခါစသွားလေးတွေကို ထိခိုက်စေနိုင်ပါတယ်။နောက်တစ်ချက်က အချိုရည်မှာပါတဲ့ပြုပြင်ထားတဲ့ အချိုဓါတ်တွေနဲ့ အခြားသောဓါတ်တွေက ကလေးရဲ့ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ အချိုရည်တွေထဲမှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေတဲ့ အာဟာရဓါတ်တစ်ခုမှာမပါဝင်ပါဘူး။ ဒါကြောင့် ကလေးတွေကို အချိုရည်တွေမတိုက်ပါနဲ့။

အာလူးကြော်

ကလေးရော လူကြီးပါကြိုက်တဲ့ စားစရာလေးပါ။ ဒါပေမယ့် ကလေးတွေအတွက် အာလူးကြော်က မစားသုံးသင့်တဲ့ အစားအစာတစ်မျိုးပေါ့။ အာလူးကြော်မှာပြည့်ဝဆီတွေအများကြီးပါဝင်နေပါတယ်။ ဒါကြောင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေဖို့ဆိုတာထက် ကျန်းမာရေးအတွက်မကောင်းဖို့ကပိုများနေလို့ ကလေးတွေကို အာလူးကြော်မကျွေးပါနဲ့။

ကိတ်မုန့်နဲ့ဒိုးနတ်စ်တွေ

ကလေးတိုင်းကြိုက်တဲ့ အစားအသောက်ပေါ့။ ဒါပေမယ့် ဒီမုန့်တွေထဲမှာ အချိုဓါတ်နဲ့ပြည့်ဝဆီတွေများစွာပါဝင်နေတာကြောင့် ကလေးကို အဝလွန်စေနိုင်ပါတယ်။နောက်တစ်ချက်က ကလေးရဲ့သွားတွေကိုထိခိုက်စေနိုင်တာပါ။ ဒါကြောင့် ကလေးကကြိုက်တယ်ဆိုတိုင်း ကိတ်မုန့်တွေ၊ ဒိုးနတ်စ်တွေကျွေးတာမျိုး မလုပ်ပါနဲ့။

ကော်ဖီလက်ဖက်ရည်

ကဖင်းဓါတ်ပါတဲ့သောက်စရာတွေက ကလေးငယ်တွေအတွက် လုံးဝမသင့်တော်ပါဘူး။ ကလေးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့်သောက်စရာက မိခင်နို့၊ နို့မှုန့်ကိုဖော်ထားတဲ့နို့ နဲ့ နွားနို့တို့ပါ။ လက်ဖက်ရည်ထဲမှာပါတဲ့tannin ဓါတ်က ကလေးရဲ့ ခန္ဓါကိုယ်က စားလိုက်တဲ့အစားအစာထဲမှာပါတဲ့ သံဓါတ်စုပ်ယူမှုကို ထိခိုက်စေနိုင်ပါသေးတယ်။ ဒါကြောင့် သားသားမီးမီးတွေကို ကဖင်းပါတဲ့သောက်စရာတွေ မတိုက်ပါနဲ့။

မိဘတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာလေးတွေကို အာဟာရပြည့်ဝအောင်ကျွေးမွေးရင်း ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးလေးတွေဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေကြောင်း…….

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The worst foods for babieshttps://www.babycenter.com/0_the-worst-foods-for-babies_10320507.bc Accessed Date 15 October 2018

THE FIVE WORST FOODS FOR BABIES – NEVER FEED YOUR BABY THESE FOOD ITEMS!https://blog.applecrumbyandfish.com/post/the-five-worst-foods-for-babies—never-feed-your-baby-these-food-items Accessed date 15 October 2018

13 worst foods for baby: photoshttps://www.babycentre.co.uk/l25006659/13-worst-foods-for-baby-photos Accessed Date 15 October 2018

 

ယခုပုံစံ

26/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေး ဟင်းသီးဟင်းရွက်တွေ စားချင်စိတ်ရှိလာအောင် ဘယ်လိုလုပ်ပေးရမလဲ။

ကလေးတွေအတွက် အကောင်းဆုံးအာဟာရများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement