သွားတွေပါက်မှ ခံတွင်းသန့်ရှင်းရေးလုပ်ပေးရမှာလား။ ကလေးဆိုတာ နို့ပဲသောက်တာ ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ မလိုဘူးလို့များတွေးနေလား။ မဟုတ်သေးဘူလေး။ဘေဘီပေါက်စလေးတွေကိုမွေးလာကတည်းကစပြီး ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ သွားပေါက်လာတဲ့အခါမှ သွားပိုးစားတာေတွဖြစ်တာပဲဆိုပြီး သွားနဲ့ခံတွင်းကိုစောင်ေ့ရှာက်ပေးဖို့လိုတာမဟုတ်ပါဘူး။ဘေဘီလေးတွေကိုနေ့စဉ် သွားဖုံး၊လျှာနဲ့ ခံတွင်းတွေကို သန့်စင်ပေးမှပေါက်လာမယ့် သွားတွေခိုင်ခန့်ပြီး ခံတွင်းကျန်းမာရေးကောင်းမှာပါ။
ဘေဘီလေးတွေကို ခံတွင်းသန့်ရှင်းရေးလုပ်ဆောင်ပေးမယ်ဆိုရင်
မွေးစကနေ ၆ လအထိ
ဘေဘီလေးတွေက သွားမပေါက်သေးလို့ သွားပွတ်တံတွေ၊ သွားတိုက်ဆေးတွေသုံးဖို့တော့ မလိုအပ်သေးပါဘူး။ ဒီတော့ ဘယ်လိုသန့်ရှင်းပေးရမှာလဲလို့တွေးနေလား။
- အရင်ဆုံး ကလေးကို လက်ထဲမှာပွေ့ချီလိုက်ပါ
- ပြီးရင်နောက်လက်တစ်ဖက်ရဲ့ လက်ညှိုးမှာ အဝတ်စသန့်သန့်လေး ဒါမှမဟုတ် ကလေးအနှီးစသန့်သန့်လေးကို ပတ်လိုက်ပါ
- ပြီးရင်ရေနွေးခပ်နွေးနွေးလေးထဲကို စိမ်ပေးပါ။ရေကအရမ်းမပူဖို့ သတိထားပါ
- ပြီးရင်တော့ ကလေးရဲ့လျှာ၊ သွားဖုံးတွေနဲ့ ပါးစောင်တွေကို သုတ်ပေးပါ
ဒီလိုလုပ်ပေးတာက ကလေးရဲ့လျှာကို သန့်စင်စေပြီး နို့သောက်ရတာအဆင်ပြေစေမှာပါ။ ကလေးမွေးစကနေ ၆ လအရွယ်ရောက်တဲ့အထိ ဒီနည်းကအဆင်အပြေဆုံးပါ။
၆လကနေ ၁ နှစ်အထိ
ဒီအရွယ်မှာတော့ဘေဘီလေးကမေမေ့နို့အပြင်ဖြည့်စွက်စာတွေစစားနေပါပြီ။ သွားငုတ်တုတ် လူငုတ်တုတ်အရွယ်ပေါ့။ သူတို့ရဲ့ ပထမဆုံးထွက်တဲ့ သွားလေးတွေထွက်လာပါပြီ။ ဒီအချိန်မှာတော့အစားတစ်ခုခုကျွေးပြီးတိုင်း ခံတွင်းသန့်ရှင်းမှုလုပ်ရပါတော့မယ်။
- ကလေးကသွားစပေါက်ပြီဆိုတော့ သွားကြားမှာ စားကြွင်းစာကျန်တွေ မကပ်နေစေဖို့ ကလေးတိုက်တဲ့ သွားပွတ်တံကိုအသုံးပြုပေးပါ
- သွားတိုက်ဆေးမလိုသေးပါဘူး
- ရေသန့်သန့်နဲ့ သွားပွတ်တံခပ်ပျော့ပျော့လေးသုံးပြီး သွားနဲ့ ခံတွင်းကိုသန့်စင်ပေးပါ
- ဒီအရွယ်မှာ ကလေးသွားနဲ့ခံတွင်းကို ဂရုစိုက်ဖို့လိုတာကြောင့် ကလေးသောက်နေကျရေဗူးကိုသီးသန့်ထားပေးပါ။ ကလေးရဲ့နို့ဗူး၊ ချိုလိမ်၊ ဇွန်း၊ခွက်တို့ကို သီးသန့်ထားပေးပါ။
- ကလေးကို အချိုများတဲ့ အစားအစာတွေမကျွေးပါနဲ့
- အိပ်ခါနီးတိုင်း ပလုတ်ကျင်းခိုင်းတာမျိုးလုပ်ပေးပါ
၁ နှစ် ကနေ ၁ နှစ်ခွဲ
ဒီအချိန်မှာလည်း သွားတိုက်ဆေးမသုံးဘဲ အပေါ်မှာပြောခဲ့သလိုပဲရေသန့်သန့်နဲ့ သွားပွတ်တံခပ်ပျော့ပျော့လေးသုံးပြီး သန့်စင်ပေးရင်းဘေဘီလေးရဲ့ သွားနဲ့ခံတွင်းကိုစောင့်ရှောက်ပေးပါ။
၂ နှစ်ကနေ ၅ နှစ်အထိ
ဒီအချိန်မှာတော့အရွယ်လေးလည်းရောက်လာပြီဖြစ်တာကြောင့် အစားလည်းတော်တော်စုံစုံစားတတ်နေပါပြီ။ သွားတွေကို ပိုဂရုစိုက်ရပါတော့မယ်။ ဒါမှဘေဘီလေးက သွားကျိုးဆိုပြီး သူငယ်ချင်းတွေ စနောက်မခံရမှာပါ။ ဒီအရွယ်ကမေမေဖေဖေတို့အနေနဲ့ ဘေဘီလေးကို သူကိုယ်တိုင် သွားနဲ့ခံတွင်းကိုစောင့်ရှောက်တတ်အောင်အလေ့အကျင့်တွေမွေးမြူပေးရတော့မှာပါ။
- ကလေးကို သွားတိုက်ချင်လာအောင် သွားပွတ်တံလှလှလေးဝယ်ပေးပါ
- အသက် ၂ နှစ်လောက်ရောက်လာပြီဆိုရင် ကလေးကို ပဲစေ့ အရွယ်လောက် သွားတိုက်ဆေးထည့်ပေးပြီး သွားတိုက်တတ်အောင်သင်ပေးပါ။ သွားတိုက်ဆေးကိုမျိုမချဖို့လည်းပြောပါ
- သွားတိုက်နည်းမှန်အောင်လည်းသင်ပေးပါ
- ကလေးကိုတစေ်န့နှစ်ကြိမ်သွားတိုက်တဲ့အလေ့အကျင့်မွေးမြူပေးပါ
- ကလေးကိုပုံမှန်သွားဆရာဝန်နဲ့ သွားရောက်ပြသပေးပါ။
နောက်ပိုင်းမှာတော့ ကလေးက တဖြည်းဖြည်းချင်းအရွယ်ရောက်လာပြီဖြစ်သလို သွားတိုက်တာက စလို့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ကိုယ်တိုင်လုပ်နိုင်ပါပြီ။ ဒါကြောင့်မေမေဖေဖေတို့အနေနဲ့ ကလေးကို နည်းစနစ်မှန်မှန်နဲ့ ကိုယ်တိုင်ကိုယ်ကျသန့်ရှင်းရေးလုပ်နိုင်စေဖို့ဘေးကနေ သင်ကြားပေးရုံပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]