backup og meta

ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · ခုလေးတင် တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

    ၁ နှစ်သား ၂ နှစ်သား ကလေးတွေမှာ ဝမ်းပျက် နေတယ်ဆိုရင်တော့ သိသာပါတယ်။ သူတို့က တစ်နေ့ကိုမှ တစ်ခေါက်လောက်ပဲ ဝမ်းသွားကြတာမလား။ ဒါပေမယ့် မွေးကင်းစကလေးတွေ ဝမ်းပျက်ချင်ပြီဆိုရင်တော့ ပြောရခက်ပါတယ်။ သူတို့က တစ်နေ့ကို အကြိမ်ရေ တော်တော်များများ ဝမ်းသွားကြတာမလား။ ဘယ်လိုခံစားနေရလဲဆိုတာ မပြောနိုင်သေးတာက တစ်ကြောင်း၊ ဝမ်းပျက်နေတာလား ပုံမှန်ပဲ သွားတာလား မသေချာကတစ်ကြောင်းနဲ့ မွေးကင်းစကလေးတွေ ဝမ်းလျှောနေတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတတ်ကြသလို ပုံမှန် သွားနေကျဝမ်းကို ဝမ်းလျှောတယ်ဆိုပြီး အစိုးရိမ်လွန်သွားတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

    ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

    ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ဆိုတော့

    ပုံမှန် မွေးကင်းစကလေးတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားသလဲ။

    မွေးကင်းစ ကလေးတစ်ယောက် ပုံမှန်သွားတဲ့ ဝမ်းက တစ်နေ့ကို ၅ ကြိမ်ကနေ ၈ ကြိမ်လောက်တော့ရှိပါတယ်။ ဒီလိုသွားတဲ့ဝမ်းကပျော့ပျော့လေးဖြစ်ပြီး အရည်တွေ ဖြစ်မနေသင့်ပါဘူး။ နောက်ပိုင်းကျရင် တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်ပဲ ဝမ်းသွားပါတော့မယ်။ ဒါပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက်က မတူတဲ့အတွက် ကလေးတစ်ယောက်က တစ်နေ့ကို ပုံမှန် ဝမ်းဘယ်နှစ်ကြိမ်သွားရမလဲဆိုတာ အတိအကျပြောဖို့တော့ခက်ပါတယ်။

    ကိုယ့်ကလေး ဝမ်းလျှောနေပြီဆိုတာ ဘယ်လို သိနိုင်မလဲ ။ ။

    ပြင်းထန်ဝမ်းလျှောခြင်း – ၂၄ နာရီအတွင်း ကလေးဝမ်းသွားတာ ၁၀ကြိမ် အထက်မှာရှိနေပြီး အရည်တွေချည်းဖြစ်နေမယ်

    အတော်အသင့်ဝမ်းလျှောခြင်း – ကလေးဝမ်းသွားတဲ့အကြိမ်အရေအတွက်များနေမယ် ဒါပေမယ့် ၁၀ကြိမ်ထက်တော့ မကျော်ဘူး

    အနည်းငယ်ဝမ်းလျှောခြင်း – ကလေးက ဝမ်းအရည်တွေပဲ သွားနေတတ်ပြီး ၅ ကြိမ်လောက်ပဲသွားတာမျိုးဆိုပြီး ဝမ်းလျှောခြင်းကို အဆင့်တွေ ခွဲလို့ရပါတယ်။ အပေါ်မှာပြောခဲ့တဲ့ အဆင့်၃ ဆင့်ထဲက တစ်ဆင့် ကလေးမှာဖြစ်နေပြီဆိုရင်တော့ ဒါဝမ်းလျှောနေပြီလို့ သတ်မှတ်လို့ရပါတယ်။

    မွေးကင်းစကလေးတွေမှာ ဘာ့ကြောင့်ဝမ်းလျှောတာ ဖြစ်ရတာလဲ။

    မွေးကင်းစကလေးတွေက မိခင်နို့ပဲသောက်တာလေ။ အခြားအပြင်စာတွေမှာ မစားရသေးတာ ဘာကြောင့်ဝမ်းလျှောရတာလဲဆိုပြီး အတွေးများစရာရှိပါတယ်။

  • Rotavirus diarrhea – ရိုတာဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်းကတော့ ကလေးတွေမှာ အဖြစ်အများဆုံးပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဆိုတော့ နို့များများပြန်တိုက်လိုက်မယ်ဆိုရင် သူ့သာသာနောက်ပိုင်း ပြန်ပျောက်သွားမှာပါ။
  • မွေးကင်းစကလေးတွေမှာ ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့

    • မိခင်ရဲ့ စားသောက်မှု မသန့်ရှင်းတာတွေ နို့တိုက်ရင်းနဲ့ ကလေးဆီကူးသွားပြီး ကလေးဝမ်းလျှောတာ
    • နို့တိုက်တဲ့အချိန် မိခင်က ပဋိဇီဝပိုးသတ်ဆေးတွေသောက်နေတာ၊ ကလေးကိုယ်တိုင်ကလည်း ပဋိဇီဝပိုးသတ်ဆေးတွေသောက်နေရတာ
    • မသန့်ရှင်းတဲ့အရာတွေ ကလေးကထိမိပြီး ဘက်တီးရီးယားတွေ ကလေးပါးစပ်ထဲဝင်သွားတာ
    • ကပ်ပါးကောင်တွေကြောင့် ကလေးဝမ်းလျှောတာဆိုပြီး အကြောင်းအရင်းတွေ အမျိုးမျိုးရှိပါတယ်။

    ဘယ်လိုအချိန်တွေမှာ စိုးရိမ်ရတတ်လဲ။

    လူကြီးတွေ ဝမ်းလျှောရင်တောင် ရေဓာတ်ခမ်းခြောက်တဲ့ ဝမ်းလျှောခြင်းနောက်ဆက်တွဲ ပြဿနာကို စိုးရိမ်ရတာ ကိုယ်ခန္ဓာအရွယ်အစားသေးတဲ့ ကလေးတွေအတွက်ဆို ဒီဝမ်းလျှောဝမ်းပျက်တာကြောင့် ဖြစ်လာမယ့် ရေဓာတ်ခမ်းခြောက်ခြင်း ပြဿနာက ပိုလို့တောင် စိုးရိမ်ရပါသေးတယ်။ ဝမ်းလျှောပြီး ၄၈ နာရီအတွင်းမှာတင် ရေဓာတ်ခမ်းခြောက်တာ ကလေးတွေမှာ ဖြစ်သွားနိုင်လို့ပါ။

    ကိုယ့်ကလေးမှာ ခုပြောပြမယ့် ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေရှိရင် ဆရာဝန်ဆီသာ မြန်မြန်ပြေးလိုက်ပါတော့။

  • ကလေးဆီးသိပ်မထွက်တော့တာ
  • တစ်ချိန်လုံး ဂျီကျနေတာ
  • ကလေးနှုတ်ခမ်းတွေလည်း ခြောက်နေတာ
  • ငိုနေပေမယ့် မျက်ရည်မထွက်တော့တာ
  • ကလေးက နုံးခွေနေတာ
  • မျက်တွင်းတွေ ချိုင့်နေတာ
  • အသားအရေကလည်း ပျော့တွဲတွဲဖြစ်နေတာ
  • အရေပြားကိုဆွဲကြည့်လိုက်တဲ့အချိန် ချက်ချင်းပြန်တင်းမသွားတာမျိုးတွေ ကလေးမှာရှိနေပြီဆိုရင် ဒါ သင့်ကလေးမှာ ရေဓာတ်ခမ်းခြောက်နေတဲ့ ပြဿနာရှိနေပြီဆိုတာပါပဲ။
  • အသက် ၆ လအောက်ကလေးတွေမှာ ခုပြောပြမယ့် လက္ခဏာတွေရှိပြီဆိုရင်လည်း ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုအပ်ပါတယ်။

    • အဖျားက ၁၀၂ ဒီဂရီ ( ဒါမှမဟုတ် ) သူ့ထက်များနေမယ်
    • ကလေးက ဗိုက်ကိုလုံးဝ အထိမခံဘူး
    • ကလေးဝမ်းအရောင်ကမည်းနေ၊ ဖြူနေ တာမျိုးတွေ၊ ဝမ်းထဲသွေးပါတာမျိုးတွေနဲ့
    • နို့တွေ ပြန်အန်နေတာမျိုးဆိုရင်လည်း စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။

    ဝမ်းလျှောနေတဲ့ မွေးကင်းစကလေးကို ဘယ်လိုပြုစုရမလဲ။

    အပေါ်မှာပြောထားတဲ့ ပြင်းထန် ရေဓာတ်ခမ်းခြောက်တဲ့ အခြေအနေတွေ ရှိနေပြီဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးပြေးပါ။ ပုလင်းချိတ်တာ၊ အကြောထဲ ဆေးလွှတ်တာစတဲ့ လိုအပ်တဲ့ ကုသမှုတွေကို ဆရာဝန်တွေက သေချာ ဂရုစိုက်ပေးမှာဖြစ်ပြီး မေမေတို့ဘက်က ဂရုစိုက်ရမှာတွေကတော့

    • ကလေးကို နို့များများတိုက်ပါ။
    • ဓာတ်ဆားရည်ဝင်အောင်လည်းတိုက်ပါ။ ဒါမှ ဝမ်းလျှောတဲ့အချိန် ထွက်သွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်ဖြည့်နိုင်မှာဖြစ်လို့ ဓာတ်ဆားဓာတ်ဆုံးရှုံးတဲ့ ဒဏ်တွေ ကလေးမခံရတော့မှာ ဖြစ်ပါတယ်။
    • ကလေးက ဖြည့်စွက်စာစားတဲ့အရွယ်ရောက်နေပြီဆိုရင် အစာကို သန့်သန့်ရှင်းရှင်းပြင်ဆင်ပေးပြီး အစာကြေလွယ်တဲ့အစားအသောက်တွေကိုသာ ကျွေးပါ။
    • အမျှင်ဓာတ်များတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာတွေ၊ အချိုကဲတဲ့အစားအသောက်တွေနဲ့ နို့ထွက်ပစ္စည်းတွေကို မကျွေးပါနဲ့ဦး။
    • နို့တိုက်ပြီးရင်လည်း သားမြတ်ကို သေချာ ရေနဲ့သန့်စင်ပေးသင့်သလို ကလေးကို အစာပြင်ဆင်ပေးမယ့် မိခင်ရဲ့ လက်ကိုလည်း အမြဲဆေးဖို့ မမေ့သင့်ပါဘူး ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · ခုလေးတင် တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement